လူမျိုးမတူတဲ့သူနဲ့ အိမ်ထောင်ပြုတာကို သမ္မာကျမ်းစာက ဘာပြောသလဲ
သမ္မာကျမ်းစာဖြေဆိုရာ
လူမျိုးမတူတဲ့သူတွေ အိမ်ထောင်ပြုတာကို ဘုရားသခင် မကန့်ကွက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင့်အမြင်မှာ လူမျိုးအားလုံးဟာ အတူတူပဲဖြစ်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့ . . . ကိုနှစ်သက်လက်ခံတော်မူ၏။”—တမန်တော် ၁၀:၃၄၊ ၃၅။
လူမျိုး၊ အိမ်ထောင်နဲ့ ဆက်နွှယ်နေတဲ့ တခြားကျမ်းစာမူတွေကို သုံးသပ်ကြည့်ရအောင်။
လူမျိုးအားလုံးဟာ ရင်းမြစ်တစ်ခုတည်းကလာ
လူသားအားလုံးဟာ ပထမဆုံးလူသား အာဒံနဲ့ “အသက်ရှင်သူအပေါင်းတို့၏ အမိ” လို့ကျမ်းစာက ခေါ်ဆိုထားတဲ့ အာဒံရဲ့မိန်းမ ဧဝ ဆီကနေ ဆင်းသက်လာကြပါတယ်။ (ကမ္ဘာဦး ၃:၂၀) ဒါကြောင့် သမ္မာကျမ်းစာမှာ ဘုရားသခင်ဟာ “လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်း” တယ်လို့ ဖော်ပြထားတယ်။ (တမန်တော် ၁၇:၂၆) လူသားမျိုးနွယ်အားလုံးဟာ မိသားစုတစ်စုအဝင်ပဲ ဖြစ်ကြပါတယ်။ လူမျိုးရေးတစ်ဖက်သတ်အစွဲ ဒါမှမဟုတ် အဆင့်အတန်းခွဲခြားတာက သင်နေထိုင်တဲ့ ဒေသမှာ အရမ်းကို ပြင်းထန်နေတယ် ဆိုရင်ကော။
ပညာရှိတဲ့သူတွေဟာ အတူတူတိုင်ပင်ကြ
လူမျိုးမတူတဲ့သူနဲ့ လက်ထပ်တာက ဘုရားသခင်အနေနဲ့ ဘာမှကန့်ကွက်စရာမရှိပေမဲ့ လူတိုင်းမှာတော့ အဲဒီလို ရှုမြင်ချက်မျိုး မရှိပါဘူး။ (ဟေရှာယ ၅၅:၈၊ ၉) သင်ဟာ လူမျိုးမတူတဲ့သူနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတယ်ဆိုရင် သင့်ရဲ့အိမ်ထောင်ဖက်လောင်းနဲ့ အောက်ပါအချက်တွေကို ဆွေးနွေးသင့်ပါတယ်-
သင်တို့ရဲ့ အသိုင်းအဝိုင်း ဒါမှမဟုတ် မိသားစုတွေဆီကနေ လာကောင်းလာနိုင်မယ့် ဖိအားတွေကို ဘယ်လိုရင်ဆိုင်မလဲ။
တစ်ဖက်သတ်အစွဲတွေကို ရင်ဆိုင်နိုင်အောင် သင်တို့ရဲ့ သားသမီးတွေကို ဘယ်လိုကူညီပေးမလဲ။
ဒီလို တစ်ယောက်နဲ့တစ်ယောက် “အကြံဉာဏ်တောင်းခံ” ခြင်းအားဖြင့် အောင်မြင်တဲ့ အိမ်ထောင်ကို တည်ဆောက်နိုင်ပါလိမ့်မယ်။—သုတ္တံ ၁၃:၁၀၊ ခမ; ၂၁:၅။