မာတိကာဆီ ကျော်သွား

မယားတစ်ယောက်ထက်မက ထားတာကို လက်ခံနိုင်မလား။

မယားတစ်ယောက်ထက်မက ထားတာကို လက်ခံနိုင်မလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ဘုရားသခင်ဟာ တစ်ချိန်တုန်းက အမျိုးသားတစ်ယောက်ကို မယားတစ်ယောက်ထက်မက ယူခွင့်ပြုခဲ့တယ်။ (ကမ္ဘာဦး ၄:၁၉၊ ၁၆:၁-၄၊ ၂၉:၁၈-၂၉) ဒါပေမဲ့ မယားတစ်ယောက်ထက်မကယူတဲ့ထုံးစံကို ဘုရားသခင် စတင်ခဲ့တာမဟုတ်ဘူး။ အာဒံအတွက် ဇနီးတစ်ယောက်ကိုပဲ ပေးခဲ့တယ်။

 မယားတစ်ယောက်တည်းရှိရမယ်ဆိုတဲ့ မူလစံနှုန်းကို ပြန်လည်အစဖော်ဖို့ ယေရှုခရစ်ကို ဘုရားသခင် အခွင့်အာဏာ ပေးခဲ့တယ်။ (ယောဟန် ၈:၂၈) အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမေးခံရတဲ့အခါ ယေရှု ဒီလိုပြန်ဖြေခဲ့တယ်– “အစအဦး၌ ဖန်ဆင်းတော်မူသောအရှင်သည် ယောက်ျား နှင့် မိန်းမကို ဖန်ဆင်းတော်မူကြောင်း သင်တို့ မဖတ်ဖူးသလော။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။’”—မဿဲ ၁၉:၄၊ ၅

 နောက်ပိုင်းမှာလည်း ယေရှုရဲ့တပည့်တစ်ယောက် ဒီလိုရေးဖို့ လှုံ့ဆော်ခံခဲ့ရတယ်– “မတရားမေထုန်အမှု ပျံ့နေခြင်းကြောင့် ယောက်ျားတိုင်း ဇနီးရှိစေ။ မိန်းမတိုင်းလည်း ခင်ပွန်းရှိစေ။” (၁ ကောရိန္သု ၇:၂) ခရစ်ယာန်အသင်းတော်မှာ အထူးတာဝန်တွေရထားတဲ့ အိမ်ထောင်သည် အမျိုးသားဟာ “ဇနီးတစ်ဦးတည်းရှိသူ” ဖြစ်ရမယ်လို့လည်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—၁ တိမောသေ ၃:၂၊ ၁၂