ဘုရားသခင်က တန်ခိုးကြီးစွမ်းအားတစ်ခုလား။
သမ္မာကျမ်းစာဖြေဆိုရာ
ဘုရားသခင်က တုနှိုင်းမရတဲ့စွမ်းအားကို စကြဝဠာတစ်ခွင်မှာ အသုံးပြုတယ်။ မရေမတွက်နိုင်အောင် များပြားလှတဲ့ ကြယ်တွေကိုဖန်ဆင်းထားပုံနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ခုလိုဆိုတယ်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၅၊ ၂၆။
ဘုရားသခင်က တန်ခိုးကြီးတဲ့စွမ်းအားတစ်ခုပဲလား။ မဟုတ်ပါဘူး၊ ကိုယ်တော့်မှာ ချစ်တာ၊ မုန်းတာ စတဲ့ ခံစားချက်တွေရှိတယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ (ဆာလံ ၁၁:၅၊ ယောဟန် ၃:၁၆) လူတွေရဲ့ လုပ်ရပ်ကြောင့် ဘုရားသခင်စိတ်ထိခိုက်နိုင်တယ်လို့လည်း ဖော်ပြထားတယ်။—ဆာလံ ၇၈:၄၀၊ ၄၁။