မာတိကာဆီ ကျော်သွား

ဇွန် ၂၀၊ ၂၀၁၉
မက္ကဆီကို

မက္ကဆီကိုနိုင်ငံ၊ မွန်တရေးမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

မက္ကဆီကိုနိုင်ငံ၊ မွန်တရေးမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဇွန် ၇-၉၊ ၂၀၁၉

  • နေရာ– မက္ကဆီကိုနိုင်ငံ၊ မွန်တရေးမြို့၊ ဘီဘီဗွီအေ ဘန်ကိုမာ အားကစားကွင်း

  • ဘာသာစကား– အင်္ဂလိပ်၊ မက္ကဆီကို လက်သင်္ကေတပြစကား၊ စပိန်

  • အစီအစဉ်နဲ့ ချိတ်ဆက်ထားတဲ့နေရာများ– ၆ နိုင်ငံမှာရှိတဲ့ နေရာ ၃၈ ခု (ကော့စတာရီကာ၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပနားမား)

  • အများဆုံး တက်ရောက်သူ– ၃၉,၀၉၉

  • နှစ်ခြင်းခံသူ အရေအတွက်– ၃၉၃

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၄,၆၈၂

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ ပါရာဂွေး၊ ပီရူး၊ စပိန်၊ အမေရိကန်

  • တွေ့ကြုံမှု– စနေနေ့မှာ ဂွါတာလူဖေမြို့တော်ဝန်ရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရိုဘာတို ဗာလယ်ရိုဟာ အစည်းအဝေး ကျင်းပနေရာကို လည်ပတ်ခဲ့တယ်။ သူ ဒီလိုပြောတယ်– “အစိုးရရဲ့ အဓိကရည်မှန်းချက်က လူတွေ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိဖို့ ဖြစ်တယ်။ ခင်ဗျားတို့ ယေဟောဝါသက်သေတွေဟာ နိုင်ငံသားကောင်းတွေ ဖြစ်ခြင်းအားဖြင့် ဒီကဏ္ဍမှာ အများကြီး ပါဝင်ကူညီပေးကြတယ်။ ဒါကို တစ်မြို့လုံးက သတိထားမိတယ်။”

 

မွန်တရေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကိုယ်စားလှယ်တွေကို ညီအစ်ကို/မတွေ ကြိုဆိုနေကြစဉ်

စီယာတောင် နောက်ခံထားတဲ့ အစည်းအဝေးကျင်းပတဲ့နေရာကို ကိုယ်စားလှယ်တွေ ရောက်ရှိလာကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန် သောကြာနေ့ နိဂုံးချုပ် ဟောပြောချက် ပေးနေစဉ်

အစည်းအဝေးရဲ့ စနေနေ့မှာ နှစ်ခြင်းကန် လေးခုထဲက တစ်ခုမှာ နှစ်ခြင်းခံနေသူတစ်ဦး

အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေ အစီအစဉ်ကို အာရုံစိုက် နားထောင်နေကြစဉ်

အစည်းအဝေး နောက်ဆုံးနေ့မှာ ဧည့်သည် အထူးအချိန်ပြည့် အမှုဆောင်တွေ လူအုပ်ကို လက်ဝှေ့ယမ်းပြနေစဉ်

မက္ကဆီကို၊ အပိုဒါကာက မိသားစုတစ်စု “ညီအစ်ကို/မတွေကို ချစ်တယ်” စာတန်း ကိုင်ထားစဉ်

ဧည့်သည်ကိုယ်စားလှယ်တစ်ယောက်နဲ့ ဒေသခံ ညီအစ်မတစ်ယောက် မွန်တရေးမြို့မှာ ဟောပြောနေစဉ်

မက္ကဆီကိုမြောက်ပိုင်းက ပိုကာနောတန်ညာလို့ ခေါ်တဲ့ အကကို ကိုယ်စားလှယ်တွေ ကြည့်နေကြစဉ်

မက္ကဆီကို၊ ဟာလီစကိုပြည်နယ်ရဲ့ ကျေးလက်ရိုးရာအကကို ညီအစ်မတွေ ကပြနေစဉ်