မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ကိုလံဘီယာမှာ အိုင်အိုတာ ဟာရီကိန်းတိုက်ခတ်မှုကြောင့် အပျက်အစီး များပြား။ ဗဟိုအမေရိကနဲ့ မက္ကဆီကိုမှာပါ ထပ်မံ ဖျက်ဆီး

ကိုလံဘီယာမှာ အိုင်အိုတာ ဟာရီကိန်းတိုက်ခတ်မှုကြောင့် အပျက်အစီး များပြား။ ဗဟိုအမေရိကနဲ့ မက္ကဆီကိုမှာပါ ထပ်မံ ဖျက်ဆီး

တည်နေရာ

ဗဟိုအမေရိက၊ ကိုလံဘီယာ၊ မက္ကဆီကို

သဘာဝဘေး

  • ၂၀၂၀၊ နိုဝင်ဘာ ၁၅၊ ၁၆ ရက်မှာ ပြင်းအားအဆင့် ၅ ရှိတဲ့ အိုင်အိုတာ ဟာရီကိန်းဟာ ကိုလံဘီယာမြောက်ပိုင်း၊ ကရစ်ဘီယံပင်လယ်ရှိ စန်အန်ဒရေနဲ့ ပရိုဗီဒန်စီယာကျွန်းတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်

  • မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပွား

  • အိုင်အိုတာ ဟာရီကိန်းဟာ ၂၀၂၀၊ နိုဝင်ဘာ ၁၆ ရက်နေ့မှာ နီကာရာဂွါကို ဝင်ရောက်ခဲ့တယ်။ အဲဒီနောက် ဗဟိုအမေရိကရဲ့ တခြားဒေသတွေဆီ ဆက်လက် တိုက်ခတ်တဲ့အတွက် လဆန်းပိုင်းက ဟာရီကိန်း အီတာ ဘေးသင့်ဒေသတွေမှာ ထပ်မံ ထိခိုက်ပျက်စီးရ

ညီအစ်ကို/မတွေရဲ့ အခြေအနေ

ဗဟိုအမေရိက

  • ကော့စတာရီကာ

    • ကြေညာသူ ၂၂ ယောက် ဘေးလွတ်ရာဆီ ပြောင်းရွှေ့ရ

  • ဂွါတီမာလာ

    • ကြေညာသူ ၉၃ ယောက် ဘေးလွတ်ရာဆီ ပြောင်းရွှေ့ရ

  • ဟွန်ဒူးရပ်စ်

    • ကြေညာသူ ၁,၅၃၁ ယောက် ဘေးလွတ်ရာဆီ ပြောင်းရွှေ့ရ

    • ကြေညာသူ ၂ ယောက် အနည်းငယ် ဒဏ်ရာရ

  • နီကာရာဂွါ

    • ကြေညာသူ ၇၅ ယောက် ဘေးလွတ်ရာဆီ ပြောင်းရွှေ့ရ

  • ပနားမား

    • ကြေညာသူ ၁၆ ယောက် ဘေးလွတ်ရာဆီ ပြောင်းရွှေ့ရ

ကိုလံဘီယာ

    • ပရိုဗီဒန်စီယာမှာ ကြေညာသူ ၁ ယောက် လက်ကျိုးသွား

    • စန်အန်ဒရေမှာ ကြေညာသူ ၁ ယောက် အနည်းငယ် ဒဏ်ရာရ

မက္ကဆီကို

    • ကြေညာသူ ၁,၂၄၈ ယောက် တဘက်စ်ကိုနဲ့ ဗီရာခရုဇ်ပြည်နယ်ဆီ ပြောင်းရွှေ့ရ

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

ဗဟိုအမေရိက

  • ကော့စတာရီကာ

    • အိမ် ၉ လုံး အကြီးအကျယ် ပျက်စီး

  • ဂွါတီမာလာ

    • အိမ် ၁၈ လုံး အကြီးအကျယ် ပျက်စီး

    • ဝတ်ပြုရာခန်းမ ၇ လုံး အနည်းငယ် ပျက်စီး

    • ဝတ်ပြုရာခန်းမ ၂ လုံး ရစရာမရှိအောင် ပျက်စီး

  • ဟွန်ဒူးရပ်စ်

    • ဝတ်ပြုရာခန်းမ ၇ လုံး အနည်းငယ် ပျက်စီး

    • အိမ် ၂၂၇ လုံး အကြီးအကျယ် ပျက်စီး

  • နီကာရာဂွါ

    • အိမ် ၁၀၆ လုံး အကြီးအကျယ် ပျက်စီး

    • ဝတ်ပြုရာခန်းမ ၃ လုံး အနည်းငယ် ပျက်စီး

  • ပနားမား

    • အိမ် ၅ လုံး အကြီးအကျယ် ပျက်စီး

    • ဝတ်ပြုရာခန်းမ ၂ လုံး ရစရာမရှိအောင် ပျက်စီး

ကိုလံဘီယာ

    • ကနဦးရရှိတဲ့ သတင်းအရ ပရိုဗီဒန်စီယာကျွန်းရှိ ညီအစ်ကိုတွေရဲ့နေအိမ် ဆိုးဆိုးရွားရွား ပျက်စီးပြီး ဝတ်ပြုရာခန်းမတစ်လုံး ပျက်စီးသွားတယ်။ မုန်တိုင်းကြောင့် ဖုန်းလိုင်း၊ လျှပ်စစ်လိုင်းတွေ ပြတ်တောက်ခဲ့လို့ အဲဒီကျွန်းမှာရှိတဲ့ ညီအစ်ကို/မတွေနဲ့ ဆက်သွယ်ဖို့ ခက်နေ

    • စန်အန်ဒရေမှာ အိမ် ၂၀၊ ဝတ်ပြုရာခန်းမ ၁ လုံး အနည်းငယ် ပျက်စီး

မက္ကဆီကို

    • အိမ် ၁၈၄ လုံး အကြီးအကျယ် ပျက်စီး

ဟာရီကိန်း အိုင်အိုတာ မဝင်ရောက်ခင်နဲ့ ပြီးနောက် ကိုလံဘီယာ၊ ပရိုဗီဒန်စီယာရှိ ဝတ်ပြုရာခန်းမ

ကယ်ဆယ်ရေးလုပ်ငန်း

  • ကိုလံဘီယာ ဌာနခွဲကော်မတီက ညီအစ်ကို/မတွေကို ကူညီဖို့ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့တယ်။ ကယ်ဆယ်ရေးကော်မတီနဲ့ ဒေသတွင်း တိုက်နယ်ကြီးကြပ်မှူးတို့က ကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးဖို့၊ ကျမ်းစာကနေ အားပေးနှစ်သိမ့်ဖို့ ပူးပေါင်းလုပ်ဆောင်ကြတယ်

  • ဗဟိုအမေရိကဌာနခွဲက ဗဟိုအမေရိကနဲ့ မက္ကဆီကိုရှိ အီတာနဲ့ အိုင်အိုတာ ဟာရီကိန်း ဘေးသင့်သူတွေကို ကူညီဖို့ ကယ်ဆယ်ရေးကော်မတီ လေးခု ဖွဲ့တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေက ဘေးသင့်မိသားစုတွေကို ကျမ်းစာကနေ အားပေးနှစ်သိမ့်ပြီး လက်တွေ့ကျ အကူအညီတွေ ပေးကြတယ်။ ဒေသခံ အသင်းတော်တွေကလည်း ဟွန်ဒူးရပ်စ်နဲ့ နီကာရာဂွါရှိ ညီအစ်ကို/မတွေအတွက် အစားအသောက် အထုပ် ၄၀၀ ကျော် ပြင်ဆင်ရာမှာ ကူညီပေးကြတယ်။ နေအိမ် စွန့်ခွာတိမ်းရှောင်ရသူတွေဟာ ဘေးလွတ်ဒေသက ယေဟောဝါသက်သေတွေရဲ့ အိမ်မှာ တည်းခိုနေကြတယ်

  • သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကြတဲ့ ညီအစ်ကို/မတွေဟာ ကိုဗစ်-၁၉ ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်တွေကို ဂရုတစိုက် လိုက်နာကြတယ်

ညီအစ်ကို/မတွေဟာ သဘာဝဘေးအပါအဝင် ဒီစနစ်ရဲ့ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်နေရပေမဲ့ ယေဟောဝါဘုရားကို ခိုလှုံရာအဖြစ် ယုံကြည်ကိုးစားနေကြပါတယ်။—ဆာလံ ၁၄၂:၅