မတ် ၂၆၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ
ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ဟောပြောခြင်း နည်းသစ်တွေကို ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်း အသုံးပြု
ကမ္ဘာ့ကပ်ရောဂါ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားနေချိန်မှာ ယေဟောဝါသက်သေတွေဟာ ဒေသခံ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရင်း ဘုရားရေးရာ လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်ဆောင်နေကြပါတယ်။ ရောဂါပြန့်ပွားမှု မြင့်တက်နေတဲ့ နိုင်ငံတွေက ညီအစ်ကို/မတွေဟာ နည်းအမျိုးမျိုး သုံးပြီး ဆက်အမှုဆောင်နေကြတယ်။
အီတလီနိုင်ငံ၊ ပီဆာမြို့မှာနေတဲ့ ညီအစ်ကိုတစ်ယောက်က “အမှုဆောင်လုပ်ငန်း သိပ်ကို အောင်မြင်နေပါတယ်။ အိမ်တွင်းအောင်းတဲ့လူတွေ များတော့ ကျွန်တော်တို့လင်မယား ကိုယ့်ဖုန်းထဲက ဆက်သွယ်ရန်စာရင်းမှာပါတဲ့ လူတွေကို ဗီဒီယိုချိတ်ဆက်ပြီး စကားပြောကြည့်တယ်။ အရင်က စကားပြောဖူးသူတွေရော လူသစ်တွေနဲ့ပါ အကြာကြီး စကားပြောနိုင်လို့ ကျမ်းစာသင်အံမှု၊ ပြန်လည်ပတ်မှုတွေ အများကြီး ရလာတယ်” လို့ ပြောတယ်။
ဒီကပ်ရောဂါကြောင့် တောင်ကိုရီးယားက ကြေညာသူတွေဟာ jw.org ဝက်ဘ်ဆိုက်နဲ့ JW Library app မှာပါတဲ့ အသွင်အပြင်တွေကို ပိုသုံးဖြစ်လာတယ်။ ဥပမာ၊ လွန်ခဲ့တဲ့ သုံးနှစ်က သင်အံမှု ရပ်နားခဲ့တဲ့ ကျမ်းစာသင်သားက ညီအစ်ကိုတစ်ယောက်ဆီ ဖုန်းနဲ့ မက်ဆေ့ချ်ပို့တယ်။ ကပ်ရောဂါပြန့်ပွားမှုကြောင့် နောက်ဆုံးကာလရဲ့ နိမိတ်အကြောင်း သူပြန်စဉ်းစားမိတယ်လို့ ပြောတယ်။ ဒါနဲ့ ညီအစ်ကိုက JW Library app မှာပါတဲ့ “လင့်ခ် မျှဝေပါ” ကဏ္ဍကို သုံးပြီး နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပြန်ပို့လိုက်တယ်။ “နောက်ဆုံးကာလရဲ့ ဒီနိမိတ်ကြောင့် လူတွေ ဘုရားသခင်အကြောင်း သိချင်စိတ်ရှိလာတာ မြင်ရလို့ အားတက်မိတယ်” လို့ ညီအစ်ကို ပြောတယ်။
အမှုဆောင်လုပ်ငန်းကို ညီအစ်ကို/မတွေ တန်ဖိုးထားကြမှန်း ကမ္ဘာတစ်ဝန်း ဌာနခွဲတွေကရတဲ့ မှတ်တမ်းတွေက ဖော်ပြတယ်။ “လက်တွေ့ကျ ဉာဏ်ပညာ” သုံးပြီး သတင်းကောင်း ဆက်ဟောပြောနေကြတာ တွေ့ရလို့ ဝမ်းသာစရာပါပဲ။—မိက္ခာ ၆:၉။
ပွာတိုရီကိုက တိုက်နယ်ကြီးကြပ်မှူးတစ်ဦး လယ်ကွင်းစုဆုံမှု ပြုလုပ်နေပုံ
ဂျာမနီက ရှေ့ဆောင်ညီအစ်မတွေ ဗီဒီယိုချိတ်ဆက်ပြီး စာရေးနေကြ
တောင်ကိုရီးယားမှာ ကျမ်းစာသင်အံမှု ကျင်းပနေပုံ
ပြင်သစ်မောင်နှံတစ်စုံ ဖုန်းနဲ့ သက်သေခံနေပုံ
ဟာဝိုင်ယီက သားအမိနှစ်ယောက် စာရေးနေပုံ