ရပ်တန့်ပြီး ကူညီပေး
ကနေဒါနိုင်ငံ၊ အဲလ်ဘာတာမြို့၊ ချမ်းစိမ့်ပြီး လေထန်နေတဲ့ နေ့တစ်နေ့မှာ ဘော့တစ်ယောက် တစ်နာရီ မိုင် ၆၀ (တစ်နာရီ ၁၀၀ ကီလိုမီတာ) နှုန်း ကားမောင်းနေရင်း ဘယ်ဘက်ခြမ်း အနောက်ကားဘီး ပေါက်သွားတယ်။ ကာဘီးပေါက်တာကို ဘော့ မသိဘူး။ အိမ်နဲ့ သုံးမိုင် (၅ ကီလီမီတာ) ဝေးသေးတဲ့အတွက် ဆက်မောင်းနေလိုက်တယ်။
ယေဟောဝါသက်သေများရဲ့ ဒေသခံ ဝတ်ပြုရာခန်းမ လိပ်စာ တပ်ထားတဲ့ စာထဲမှာ ဘော့ ဒီလို ရှင်းပြထားတယ်။ “လူငယ်လေး ငါးယောက်က ကျွန်တော့်ကားဘေး ယှဉ်မောင်းလာတယ်။ မှန်တံခါးကို ချပြီး ကားဘီး ပေါက်နေတဲ့အကြောင်း ပြောပြတယ်။ ကျွန်တော်တို့ ကားကို လမ်းဘေးချရပ်လိုက်တယ်။ သူတို့က ကားဘီး လဲပေးမယ်လို့ ပြောတယ်။ ကျွန်တော့်မှာ ဘီးအပိုနဲ့ ဂျိုက်ပါတယ်ဆိုတာ သိတောင်မသိဘူး။ ကျွန်တော်က အဝေးပြေးလမ်းမဘေး ဘီးတပ်ကုလားထိုင်နဲ့ ထိုင်နေတယ်။ သူတို့ကတော့ ကျွန်တော့်ကားအောက် ဝင်ပြီး ဘီးပိုနဲ့ ဂျိုက်ကို ဖြုတ်တယ်။ ဘီးလဲပေးကြတယ်။ ရာသီဥတုက အေးစိမ့်နေတယ်၊ နှင်းတွေ ကျနေတယ်။ သူတို့တစ်တွေ သပ်သပ်ရပ်ရပ် ဝတ်စားထားကြပေမဲ့ ကျွန်တော့်ကားဘီးကို လဲပေးကြတယ်။ ဒါနဲ့ ကျွန်တော် ခရီးဆက်နိုင်ခဲ့တယ်။ ကိုယ့်ဘာသာကိုယ်ဆို မလုပ်နိုင်ဘူး။
“ကျွန်တော့်ကို ကူညီပေးတဲ့ ယေဟောဝါသက်သေ လူငယ်ငါးယောက်ကို ကျေးဇူးတင်ပါတယ်။ သူတို့က ကျမ်းစာသတင်း ဟောဖို့ ရောက်လာကြတာ။ ဒီလူငယ်တွေ ဟောပြောတဲ့အတိုင်း လက်တွေ့ကျင့်ကြံကြတယ်။ သူတို့သာ မကူညီရင် အဲဒီနေ့ ကျွန်တော် ဒုက္ခရောက်ပြီ။ တကယ် ကျေးဇူးတင်ပါတယ်။ အဲဒီနေ့က ကောင်းကင်တမန်လေးတွေကို အဝေးပြေးလမ်းမပေါ် ဘုရား လွှတ်လိုက်တာ ဖြစ်ရမယ်။”