မေးခွန်း ၅
ကျမ်းစာရဲ့ အဓိက သတင်းစကားက ဘာလဲ
“မင်းနဲ့ မိန်းမကိုရော မင်းရဲ့မျိုးနွယ်နဲ့ မိန်းမရဲ့မျိုးနွယ်ကိုပါ ငါရန်ငြိုးဖွဲ့စေမယ်။ သူက မင်းရဲ့ခေါင်းကို ကြိတ်လိမ့်မယ်။ မင်းလည်း သူ့ဖနောင့်ကို ပေါက်ရလိမ့်မယ်။”
“ငါ့စကားကို မင်းနားထောင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ မင်းရဲ့မျိုးနွယ်ကြောင့် ကောင်းချီးရလိမ့်မယ်။”
“နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။”
“ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်က မကြာခင် စာတန်ကို ခင်ဗျားတို့ရဲ့ခြေအောက်မှာ ချေမှုန်းတော့မယ်။”
“အရာခပ်သိမ်းကို သားတော်ရဲ့ခြေအောက်မှာ ချထားပြီးတဲ့အခါ အရာခပ်သိမ်းကို ချထားတဲ့ ဘုရားသခင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံလိမ့်မယ်။ အဲဒီအခါ ဘုရားသခင်ဟာ လူအားလုံးရဲ့ တစ်ပါးတည်းသော အုပ်စိုးရှင် ဖြစ်လိမ့်မယ်။”
“ဘုရားသခင်က အာဗြဟံနဲ့ သူ့မျိုးနွယ်ကို ကတိပေးခဲ့တယ်။ . . . ခရစ်တော်ကို ရည်ညွှန်းပြီး ‘မင်းရဲ့မျိုးနွယ်’ လို့ပြောထားတယ်။ ဒါ့အပြင် ခင်ဗျားတို့ဟာ ခရစ်တော်ပိုင်ဆိုင်သူတွေ ဖြစ်တဲ့အတွက် အာဗြဟံရဲ့ မျိုးနွယ်စစ်စစ်ပဲ။”
“လောကနိုင်ငံဟာ ဘုရားသခင်ရဲ့နိုင်ငံနဲ့ ခရစ်တော်ရဲ့နိုင်ငံ ဖြစ်ပြီ။ ဘုရားသခင်က ဘုရင်အဖြစ် အစဉ်ထာဝရ အုပ်စိုးတော့မယ်။”
“ဒါကြောင့် လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ် စာတန်လို့ခေါ်တဲ့ ရှေးမြွေဟောင်း၊ နဂါးကြီးဟာ မြေကြီးပေါ် ပစ်ချခံရတယ်။ သူနဲ့အတူ သူ့ရဲ့ ကောင်းကင်တမန်တွေလည်း ပစ်ချခံရတယ်။”
“သူက မာရ်နတ် စာတန်လို့ခေါ်တဲ့ ရှေးမြွေဟောင်း နဂါးကြီးကို ဖမ်းပြီး အနှစ် ၁,၀၀၀ ချည်နှောင်လိုက်တယ်။”