၁ ကောရိန္သု ၉:၁-၂၇

  • တမန်တော်အဖြစ် ပေါလုရဲ့စံနမူနာ (၁-၂၇)

    • “စပါးနယ်နေတဲ့နွားကို ပါးချုပ်မတပ်ရ” ()

    • ‘သတင်းကောင်း မဟောဘဲနေရင် အမင်္ဂလာပဲ’ (၁၆)

    • လူအမျိုးမျိုးအတွက် တတ်နိုင်သမျှလုပ် (၁၉-၂၃)

    • အသက်ပြေးပွဲဝင်ရင် ကိုယ်ကိုချုပ်တည်းရ (၂၄-၂၇)

 ကျွန်တော်ဟာ  လုပ်ချင်တာကို လုပ်နိုင်တဲ့သူ မဟုတ်လား။ တမန်တော် မဟုတ်လား။ သခင်ယေရှုကို မြင်ခဲ့သူ  မဟုတ်လား။+  ခင်ဗျားတို့က သခင့်အတွက် ကျွန်တော့်လုပ်ဆောင်မှုရဲ့ အသီးအပွင့်တွေပဲ မဟုတ်လား။ ၂  ကျွန်တော်ဟာ  တခြားသူတွေအတွက် တမန်တော် မဖြစ်ရင်တောင် ခင်ဗျားတို့အတွက်တော့ တမန်တော်အမှန်ပါပဲ။ ကျွန်တော်ဟာ  သခင်ရဲ့တမန်တော်ဖြစ်မှန်း ခင်ဗျားတို့ဟာ သက်သေတွေပါပဲ။ ၃  ကျွန်တော့်ကို စစ်ဆေးမေးမြန်းတဲ့သူတွေကို  ချေပပြောဆိုမယ်– ၄  ကျွန်တော်တို့မှာ စားသောက်ပိုင်ခွင့်ရှိတယ် မဟုတ်လား။ ၅  ကေဖနဲ့*+ သခင်ရဲ့ညီတွေ၊+ တခြားတမန်တော်တွေလိုပဲ  ကျွန်တော်တို့လည်း  ယုံကြည်သူဇနီးကို  အတူခေါ်သွားခွင့်ရှိတယ် မဟုတ်လား။+ ၆  ဒါမှမဟုတ် ကျွန်တော်နဲ့ ဗာနဗကပဲ+ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရမှာလား။ ၇  ကိုယ့်စရိတ်နဲ့ကိုယ် စစ်မှုထမ်းတဲ့သူ ရှိလို့လား။ စပျစ်ခြံစိုက်ပျိုးပြီး စပျစ်သီးမစားတဲ့သူ ရှိလို့လား။+  သိုးထိန်းလုပ်ပြီး  သိုးနို့ကို မသောက်တဲ့သူ ရှိလို့လား။ ၈  ဒါတွေကို လူ့ရှုထောင့်ကနေ ကျွန်တော်ပြောနေတာလား။ ပညတ်ကျမ်းမှာလည်း  အဲဒီလိုဖော်ပြထားတာပဲမဟုတ်လား။ ၉  “စပါးနယ်နေတဲ့ နွားကို ပါးချုပ်မတပ်ရဘူး”+ ဆိုပြီး မောရှေပညတ်မှာ ရေးထားတာပဲ။ ဘုရားသခင်က နွားအတွက် အဲဒီလိုပြောနေတာလား။ ၁၀  ဒါမှမဟုတ် ကျွန်တော်တို့အတွက်  အဲဒီလိုပြောနေတာလား။ တကယ်တော့  ကျွန်တော်တို့အကျိုးအတွက် ကျမ်းစာမှာ အဲဒီလိုရေးထားတာ။ လယ်ထွန်တဲ့သူဟာ ရိတ်သိမ်းရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထွန်သင့်တယ်။  စပါးနယ်တဲ့သူကလည်း ကောက်နှံစားရမယ်ဆိုတဲ့  မျှော်လင့်ချက်နဲ့ နယ်သင့်တယ်။ ၁၁  ကျွန်တော်တို့က  ဘုရားသခင်ဆီကရတဲ့အရာတွေကို ခင်ဗျားတို့ဆီမှာ စိုက်ပျိုးထားရင် ကျွန်တော်တို့အတွက် ရုပ်ပိုင်းဆိုင်ရာ  လိုအပ်ချက်တွေကို ခင်ဗျားတို့ဆီကနေ ရိတ်သိမ်းတာဟာ လွန်ရာကျလို့လား။+ ၁၂  တခြားသူတွေတောင် ခင်ဗျားတို့ဆီကနေ အဲဒီလို ရပိုင်ခွင့်ရှိတယ်ဆိုရင် ကျွန်တော်တို့က ပိုလို့တောင် မရသင့်ဘူးလား။ ဒါပေမဲ့ အဲဒီအခွင့်အရေးကို ကျွန်တော်တို့ မယူခဲ့ဘူး။+ ခရစ်တော်အကြောင်း သတင်းကောင်း ပျံ့နှံ့မှုကို အတားအဆီးမဖြစ်စေချင်လို့ အရာရာကို ရင်ဆိုင်သည်းခံခဲ့တယ်။+ ၁၃  အမှုတော်ကို ဆောင်ရွက်သူတွေဟာ ဗိမာန်တော်ကရတဲ့ အစာတွေကို သုံးဆောင်ခွင့်ရှိမှန်း၊ ပူဇော်ရာပလ္လင်မှာ အမြဲအမှုဆောင်ရသူတွေဟာ ပလ္လင်မှာ ပူဇော်ထားတာတွေကို ပါဝင်သုံးဆောင်ခွင့်ရှိမှန်း ခင်ဗျားတို့ မသိကြဘူးလား။+ ၁၄  အလားတူ၊ သတင်းကောင်း ကြွေးကြော်သူတွေဟာ သတင်းကောင်းအားဖြင့် အသက်မွေးရမယ်လို့ သခင်မိန့်မှာထားတယ်။+ ၁၅  ဒါပေမဲ့ အဲဒီပြင်ဆင်ပေးချက်တစ်ခုကိုမှ ကျွန်တော် မသုံးခဲ့ဘူး။+ ကျွန်တော့်ကို  အဲဒီလိုလုပ်ပေးစေချင်လို့ ရေးနေတာ  မဟုတ်ပါဘူး။  အခုလို ဂုဏ်ယူဝါကြွားရတဲ့အခွင့်ကို လက်လွှတ်ခံမယ့်အစား ကျွန်တော် သေတာကမှ ပိုကောင်းဦးမယ်။+ ၁၆  ကျွန်တော် သတင်းကောင်း ဟောနေတာဟာ  ဝါကြွားစရာမှ  မဟုတ်တာ။ ဟောရမယ့်တာဝန်  ရှိနေလို့ပါ။ သတင်းကောင်း  မဟောဘဲနေတာဟာ ကျွန်တော့်အတွက် အမင်္ဂလာပဲ။+ ၁၇  ကျွန်တော် စိတ်ပါလက်ပါ ဟောပြောရင် အကျိုးရှိတယ်။ စိတ်မပါရင်တောင် ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်ကို လုပ်ဆောင်ရမှာပဲ။+ ၁၈  ဒါဆိုရင် ကျွန်တော်ရတဲ့အကျိုးက ဘာလဲ။ စရိတ်စကမယူဘဲ သတင်းကောင်း ဟောပြောရခြင်းပါပဲ။ ဒီနည်းနဲ့ ကျွန်တော်ဟာ ကိုယ်ရပိုင်ခွင့်ရှိတဲ့အရာတွေကို မတောင်းဆိုဘဲ သတင်းကောင်း ဟောပြောနိုင်ခဲ့တယ်။ ၁၉  ကျွန်တော်က ဘယ်သူ့ဆီမှာမှ ကျွန်ခံနေစရာ  မလိုပေမဲ့   လူများနိုင်သမျှ များများရဖို့ လူအားလုံးဆီမှာ ကျွန်ခံတယ်။ ၂၀  ဂျူးတွေဆီရောက်တဲ့အခါ  ဂျူးတွေကိုရနိုင်ဖို့ ဂျူးတစ်ယောက်လို ဖြစ်ခဲ့တယ်။+ ပညတ်အောက်မှာ  ရှိတဲ့သူတွေဆီ  ရောက်တဲ့အခါ ပညတ်အောက်မှာ ကိုယ်တိုင် မရှိပေမဲ့ ပညတ်အောက်မှာ ရှိတဲ့သူတွေကို ရနိုင်ဖို့ ပညတ်အောက်မှာ  ရှိတဲ့သူတစ်ယောက်လို  ဖြစ်ခဲ့တယ်။+ ၂၁  ကျွန်တော်ဟာ  ဘုရားသခင့်ပညတ်ကို  လိုက်နာတဲ့သူ၊  ခရစ်တော်ရဲ့ ပညတ်အောက်မှာ ရှိတဲ့သူဖြစ်ပေမဲ့+ ပညတ်မလိုက်နာသူတွေကို ရနိုင်ဖို့ ပညတ်မလိုက်နာသူတွေဆီ ရောက်တဲ့အခါ ပညတ် မလိုက်နာသူလို ဖြစ်ခဲ့တယ်။ ၂၂  ကျွန်တော်က အားနည်းသူကို  ရနိုင်ဖို့  အားနည်းသူတွေဆီ ရောက်တဲ့အခါ အားနည်းသူလို ဖြစ်ခဲ့တယ်။+ လူအမျိုးမျိုးကို ကူညီပေးဖို့ လုပ်နိုင်တာမှန်သမျှ ကျွန်တော်လုပ်ခဲ့တယ်။ လူတချို့ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ဖို့ပါ။ ၂၃  သတင်းကောင်းကို တခြားသူတွေဆီ  ဟောနိုင်ဖို့ သတင်းကောင်းအတွက်  လုပ်နိုင်တာမှန်သမျှ  ကျွန်တော်လုပ်ခဲ့တယ်။+ ၂၄  အပြေးပြိုင်ပွဲမှာ  လူအများကြီး ဝင်ပြိုင်ကြပေမဲ့ တစ်ယောက်တည်းပဲ ဆုရမှန်း ခင်ဗျားတို့ မသိကြဘူးလား။ ဆုရဖို့ အဲဒီနည်းအတိုင်း ပြေးကြပါ။+ ၂၅  ပြိုင်ပွဲဝင်သူတိုင်း  အရာရာမှာ  ကိုယ်ကို  ချုပ်တည်းရတယ်။ သူတို့ဟာ  ပျက်စီးတတ်တဲ့  သစ်ခက်သရဖူရဖို့  အဲဒီလို  ချုပ်တည်းကြတာ။+ ကျွန်တော်တို့ကတော့ မပျက်စီးတတ်တဲ့  သရဖူရဖို့  အဲဒီလို  ချုပ်တည်းကြတယ်။+ ၂၆  ဒါကြောင့် ကျွန်တော်က ပြေးတဲ့အခါ ဦးတည်ရာမဲ့ပြေးတာ မဟုတ်ဘူး။+ လက်ဝှေ့ထိုးတဲ့အခါ လေကို ထိုးသလို ထိုးတာမဟုတ်ဘူး။ ၂၇  သူတစ်ပါးကို ဟောပြောပြီးမှ တစ်နည်းနည်းနဲ့ ကိုယ်တိုင် အပယ်မခံရအောင်*  ကျွန်တော့်ကိုယ်ခန္ဓာကို ထိုးနှက်ပြီး*+  ကျွန်တစ်ယောက်လိုဖြစ်အောင် ထိန်းချုပ်ထားတယ်။

အောက်ခြေမှတ်ချက်များ

ပေတရု။
ဒါမှမဟုတ်၊ “အရည်အချင်းမပြည့်မီတာမျိုး မဖြစ်ရအောင်။”
ဒါမှမဟုတ်၊ “ဆုံးမပြီး၊ ကြပ်မတ်ပြီး။”