၁ ကောရိန္သု ၁:၁-၃၁

  • နှုတ်ခွန်းဆက်စကား (၁-၃)

  • ကောရိန္သုမြို့သားများအတွက် ဘုရားသခင်ကို ပေါလု ကျေးဇူးတင် (၄-၉)

  • စည်းလုံးဖို့ တိုက်တွန်းချက် (၁၀-၁၇)

  • ခရစ်တော်ဟာ ဘုရားသခင်ရဲ့ တန်ခိုးနဲ့ ဉာဏ်ပညာဖြစ် (၁၈-၂၅)

  • ယေဟောဝါအကြောင်းကိုပဲ ဝါကြွားပါ (၂၆-၃၁)

 ဘုရားသခင်ရဲ့ အလိုတော်ကြောင့် ယေရှုခရစ်ရဲ့ တမန်တော်အဖြစ် ရွေးချယ်ခံရတဲ့+ ကျွန်တော်ပေါလုနဲ့ ညီအစ်ကို သုဿင်က၊ ၂  ကောရိန္သုမြို့မှာရှိတဲ့ ဘုရားသခင့်အသင်းတော်ဖြစ်တဲ့+ ခင်ဗျားတို့ဆီ စာရေးလိုက်ပါတယ်။ ခင်ဗျားတို့ဟာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေဖို့  ဘုရားသခင် သီးသန့်ဖယ်ထားသူတွေ၊+ သန့်ရှင်းသူတွေအဖြစ် ရွေးချယ်ထားသူတွေပါ။ ကျွန်တော်တို့အားလုံးရဲ့သခင် ယေရှုခရစ်ရဲ့ နာမည်ကို+ ယုံကြည်ကြတဲ့ အရပ်ရပ်မှာရှိသူ အားလုံးဆီကိုလည်း စာရေးလိုက်ပါတယ်။ ၃  အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၄  ဘုရားသခင်က  ခင်ဗျားတို့ကို ခရစ်တော်ယေရှုအားဖြင့် မဟာကရုဏာ ပေးသနားထားတယ်။ ဒါကြောင့် ဘုရားသခင်ကို ကျွန်တော် အမြဲ ကျေးဇူးတင်ချီးမွမ်းပါတယ်။ ၅  ခင်ဗျားတို့က  ခရစ်တော်နဲ့  တစ်စိတ်တစ်ဝမ်းတည်း  ဖြစ်နေလို့  ဘုရားသခင်ကလည်း နှုတ်သတ္တိဖြစ်စေ၊ အသိပညာဖြစ်စေ အရာရာမှာ ခင်ဗျားတို့ကို ကြွယ်ဝပြည့်စုံစေပြီ။+ ၆  ဒါဟာ ခင်ဗျားတို့ဆီမှာ ခရစ်တော်နဲ့ပတ်သက်တဲ့ သက်သေခံချက်+ အမြစ်စွဲနေလို့ပဲ။ ၇  ဒါကြောင့် ခင်ဗျားတို့က သခင်ယေရှုခရစ် ပေါ်ထွန်းမယ့်အချိန်ကို+ အခုလို ထက်သန်စွာ စောင့်မျှော်နေတုန်းမှာ ဆုကျေးဇူးတွေ တစ်ခုမကျန် ရရှိထားတယ်။ ၈  သခင်ယေရှုခရစ်ရဲ့နေ့ ရောက်လာတဲ့အခါ+ အပြစ်တင်စရာ မရှိရလေအောင်  ဘုရားသခင်က  ခင်ဗျားတို့ကို  အဆုံးအထိ ခိုင်ခံ့မြဲမြံစေလိမ့်မယ်။ ၉  ဘုရားသခင်ဟာ  သစ္စာရှိတယ်။+ သားတော်ဖြစ်တဲ့ သခင်ယေရှုခရစ်နဲ့ ပူးပေါင်းခွင့်ပေးဖို့ ခင်ဗျားတို့ကို ရွေးချယ်ထားတယ်။ ၁၀  ညီအစ်ကိုတို့၊ သခင်ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး ကျွန်တော် အားပေးချင်တာက ခင်ဗျားတို့ စိတ်ဝမ်းမကွဲဘဲ+ စကားတညီတညွတ်တည်း  ဖြစ်ကြပါ။  တစ်စိတ်တစ်သဘောတည်းဖြစ်ပြီး အကြွင်းမဲ့  စည်းလုံးနေကြပါ။+ ၁၁  ညီအစ်ကိုတို့၊ ခင်ဗျားတို့ အချင်းချင်း  စိတ်ဝမ်းကွဲနေတဲ့အကြောင်း ခလောအိအိမ်သားတချို့ ပြောပြတယ်။ ၁၂  ခင်ဗျားတို့ထဲမှာ တချို့က “ငါဟာ ပေါလုရဲ့တပည့်၊” “ငါဟာ အာပေါလုရဲ့တပည့်၊”+  “ငါဟာ ကေဖ*  ရဲ့တပည့်၊” “ငါကတော့ ခရစ်တော်ရဲ့တပည့်” ဆိုပြီး တစ်ယောက်တစ်မျိုးစီ ပြောနေကြလို့ ကျွန်တော် အခုလိုပြောရတာပါ။ ၁၃  ခရစ်တော်ဟာ ကွဲပြားဖူးလို့လား။ ခင်ဗျားတို့အတွက် သစ်တိုင်မှာ ကွပ်မျက်ခံခဲ့တာ ပေါလုလား။ ဒါမှမဟုတ် ပေါလုရဲ့နာမည်နဲ့ ခင်ဗျားတို့ နှစ်ခြင်းခံခဲ့လို့လား။ ၁၄  ခင်ဗျားတို့ထဲက   ကရိပုနဲ့+ ဂါယုက+ လွဲလို့ တခြားဘယ်သူ့ကိုမှ ကျွန်တော် နှစ်ခြင်းမပေးခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ၁၅  ဒါကြောင့် ကျွန်တော့်နာမည်နဲ့ နှစ်ခြင်းခံခဲ့တယ်လို့ ဘယ်သူမှ ပြောစရာအကြောင်း မရှိတော့ဘူး။ ၁၆  သတေဖနာရဲ့ အိမ်သူအိမ်သားတွေကိုလည်း ကျွန်တော် နှစ်ခြင်းပေးခဲ့တယ်။+ နောက်ထပ် ဘယ်သူ့ကို နှစ်ခြင်းပေးခဲ့သလဲ ဆိုတာတော့ မမှတ်မိဘူး။ ၁၇  ကျွန်တော့်ကို ခရစ်တော် စေလွှတ်လိုက်တာ နှစ်ခြင်းပေးဖို့ မဟုတ်ဘူး။ သတင်းကောင်း ဟောပြောဖို့ပါ။+ ပညာတတ်တွေသုံးနှုန်းတဲ့ စကားတွေနဲ့ ဟောဖို့တော့ မဟုတ်ဘူး။ အဲဒီလိုဟောရင် သစ်တိုင်ပေါ် ခရစ်တော် အသေခံခဲ့တာ အချည်းနှီးဖြစ်သွားမယ်။ ၁၈  ဒုက္ခသစ်တိုင်*  နဲ့ဆိုင်တဲ့ သတင်းတရားဟာ ပျက်စီးတော့မယ့်သူတွေအတွက် မိုက်မဲတဲ့အရာဖြစ်ပေမဲ့+ ကယ်တင်ခြင်းရမယ့် ကျွန်တော်တို့အတွက်တော့ ဘုရားသခင်ရဲ့ တန်ခိုးတော်ပဲ။+ ၁၉  “ပညာရှိတွေရဲ့ ဉာဏ်ပညာကို ငါပျက်စီးစေမယ်။ ဉာဏ်ကောင်းသူတွေရဲ့  ထက်မြက်မှုကိုလည်း  ငါပယ်မယ်”+ ဆိုပြီး  ကျမ်းစာမှာ  ရေးထားတယ်။ ၂၀  ပညာရှိတွေ၊ ကျမ်းတတ်တွေ၊ ဒီလောကစနစ်* မှာရှိတဲ့  စကားစစ်ထိုးတတ်သူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဘုရားသခင်က  လောကရဲ့ဉာဏ်ပညာကို မိုက်မဲတဲ့အရာ  ဖြစ်စေပြီမဟုတ်လား။ ၂၁  လောကဟာ  ဘုရားသခင်ကို ကိုယ်ပိုင်ဉာဏ်နဲ့+  မသိနိုင်ဘူး။+ ကျွန်တော်တို့ ဟောနေတဲ့ သတင်းတရားဟာ  လူ့အမြင်မှာ မိုက်မဲတဲ့အရာ+ ဖြစ်နေပေမဲ့ ဘုရားသခင်က ဉာဏ်ပညာရှိတဲ့အတွက် ယုံကြည်သူတွေကို အဲဒီသတင်းတရားအားဖြင့်  ကယ်တင်ဖို့ အလိုရှိတယ်။ ၂၂  ဂျူးတွေက  အံ့ဖွယ်အမှုတွေပြဖို့ တောင်းဆိုတတ်တယ်။+  ဂရိတွေက ဉာဏ်ပညာ  ဆည်းပူးတတ်တယ်။ ၂၃  ကျွန်တော်တို့ကတော့  သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရတဲ့ ခရစ်တော်အကြောင်း  ဟောပြောတယ်။  ဒီအကြောင်းအရာဟာ  ဂျူးတွေအတွက် တိုက်မိလဲစရာဖြစ်နေသလို လူမျိုးခြားတွေအတွက်လည်း မိုက်မဲတဲ့အရာ ဖြစ်နေတယ်။+ ၂၄  ဒါပေမဲ့ ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ရွေးချယ်ခံရသူတွေအတွက်တော့ ခရစ်တော်ဟာ ဘုရားသခင့် တန်ခိုးတော်၊ ဘုရားသခင့် ဉာဏ်ပညာပဲ။+ ၂၅  ဘုရားသခင်ရဲ့ မိုက်မဲခြင်းလို့ ထင်ရတဲ့အရာဟာ လူတွေရဲ့ ဉာဏ်ပညာရှိခြင်းထက် သာလွန်တယ်။ ဘုရားသခင်ရဲ့ အားနည်းခြင်းလို့ ထင်ရတဲ့အရာဟာ လူတွေရဲ့ သန်မာခြင်းထက် သာလွန်တယ်။+ ၂၆  ညီအစ်ကိုတို့၊ ခင်ဗျားတို့ကို ဘုရားသခင် ရွေးချယ်တုန်းကအဖြစ်ကို စဉ်းစားကြည့်ပါ။ လူ့အမြင်အရ ပညာရှိသူ၊+ တန်ခိုးအာဏာရှိသူ၊ မင်းမျိုးမင်းနွယ်တွေ  အများကြီး  မပါဘူး။+ ၂၇  ဘုရားသခင်က ပညာရှိတွေ အရှက်ရစေဖို့ လောကမှာ မိုက်မဲတယ်လို့ ထင်ရသူတွေကို ရွေးချယ်ခဲ့တယ်။ သန်မာသူတွေ အရှက်ရစေဖို့ လောကမှာ အားနည်းတယ်လို့ ထင်ရသူတွေကို ရွေးချယ်ခဲ့တယ်။+ ၂၈  အရေးပါတယ်လို့ လူတွေယူဆတဲ့အရာကို အချည်းနှီးဖြစ်စေဖို့ ဒီလောကမှာရှိတဲ့ မရေရာတဲ့အရာ၊ အထင်သေးခံရတဲ့အရာ၊ အရေးမပါတဲ့အရာတွေကို ဘုရားသခင် ရွေးချယ်ခဲ့တယ်။+ ၂၉  ဒါကြောင့် ဘုရားသခင်ရှေ့မှာ ဘယ်သူမှ ဝါကြွားစရာအကြောင်း မရှိဘူး။ ၃၀  ဘုရားသခင်ကြောင့် ခင်ဗျားတို့ဟာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြတာ။ ခရစ်တော်က ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့  ဖြောင့်မတ်ခြင်းအကြောင်း ဖော်ပြတယ်။+ လူတွေက ယေရှုအားဖြင့် သန့်ရှင်းသူတွေဖြစ်လာပြီး+ ရွေးဖိုးကြောင့် လွတ်မြောက်ခွင့်ကို ရကြတယ်။+ ၃၁  ဒါကြောင့် “ဝါကြွားမယ်ဆိုရင်လည်း ယေဟောဝါ* ဘုရားအကြောင်းကိုပဲ ဝါကြွားပါစေ”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ဖြစ်ပါစေ။

အောက်ခြေမှတ်ချက်များ

ပေတရု။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။