ဒံယေလ ၇:၁-၂၈
၇ ဗာဗုလုန်ဘုရင် ဗေလရှာဇာ+ နန်းစံပထမနှစ်မှာ ဒံယေလ အိပ်စက်နေတုန်း အိပ်မက်မက်ပြီး စိတ်အာရုံတွေ မြင်တယ်။+ ဒါနဲ့ အဲဒီအိပ်မက်အကြောင်းကို ချရေးပြီး+ အပြည့်အစုံ မှတ်တမ်းတင်လိုက်တယ်။
၂ မှတ်တမ်းထဲမှာ သူရေးထားတာက–
“ညအခါမြင်တဲ့ စိတ်အာရုံတွေထဲမှာ ကျယ်ပြောလှတဲ့ ပင်လယ်ပေါ် အရပ်လေးမျက်နှာကနေ လေတွေ* တိုက်ခတ်နေတာကို ငါမြင်တယ်။+
၃ အဲဒီနောက် ပုံသဏ္ဌာန်ချင်းမတူတဲ့ သားရဲကြီး ၄ ကောင်+ ပင်လယ်ထဲက တက်လာတယ်။
၄ “ပထမသားရဲဟာ ခြင်္သေ့နဲ့တူတယ်။+ လင်းယုန်ရဲ့တောင်ပံတွေရှိတယ်။+ ငါကြည့်နေတုန်းမှာပဲ သူ့တောင်ပံတွေ ကျွတ်ထွက်သွားတယ်။ သူ့ကို မြေပေါ်ကနေ ချီမလိုက်တဲ့အတွက် လူလို ခြေနှစ်ချောင်းနဲ့ မတ်တတ်ရပ်တယ်။ သူက လူမှာရှိတဲ့ စိတ်နှလုံးမျိုးကို ရတယ်။
၅ “ငါကြည့်လိုက်ပြန်တော့ ဝက်ဝံနဲ့တူတဲ့ ဒုတိယသားရဲကို မြင်တယ်။+ သူဟာ လက်တစ်ဖက် ကြွထားပြီး နံရိုးသုံးချောင်း ကိုက်ထားတယ်။ အသံတစ်သံက ‘ထပါ။ အသား များများ စားပါ’ လို့ သူ့ကိုပြောတယ်။+
၆ “ငါဆက်ကြည့်နေတဲ့အခါ ကျားသစ်နဲ့တူတဲ့ သားရဲတစ်ကောင်ကို မြင်တယ်။+ သူ့ကျောပေါ်မှာ ငှက်တောင်ပံလိုမျိုး တောင်ပံ ၄ ခုရှိတယ်။ ခေါင်း ၄ လုံးရှိတယ်။+ သူက အုပ်ချုပ်ခွင့်အာဏာကို ရတယ်။
၇ “ငါဆက်ကြည့်နေတုန်း စိတ်အာရုံမှာ စတုတ္ထသားရဲကို မြင်တယ်။ သူဟာ သိပ်ကြောက်စရာကောင်းပြီး တအားသန်မာတယ်။ သံသွားကြီးတွေရှိတယ်။ အရာအားလုံးကို ကိုက်စားခြေမွှပြီး ကျန်တာတွေကို နင်းခြေပစ်တယ်။+ သူ့ရှေ့က သားရဲတွေနဲ့ လုံးဝမတူဘူး။ သူ့မှာ ဦးချို ၁၀ ချောင်းရှိတယ်။
၈ အဲဒီချိုတွေအကြောင်း ငါစဉ်းစားနေတုန်းမှာပဲ ချိုတွေအလယ်မှာ ချိုငယ်တစ်ချောင်း ထပ်ပေါက်လာတယ်။+ အရင်ချိုသုံးချောင်းဟာ သူ့ရှေ့မှာ ကျွတ်ထွက်သွားတယ်။ အဲဒီချိုငယ်မှာ လူ့မျက်စိနဲ့တူတဲ့ မျက်စိတွေရှိပြီး မောက်မောက်မာမာ ပြောတတ်တဲ့ ပါးစပ်ရှိတယ်။+
၉ “ငါဆက်ကြည့်နေတုန်း ရာဇပလ္လင်တွေကို နေရာချထားတာ၊ အသက်အကြီးဆုံးအရှင်+ ထိုင်နေတာကို+ မြင်တယ်။ သူ့အဝတ်ဟာ နှင်းလို ဖြူဖွေးနေပြီး+ ဆံပင်လည်း သိုးမွေးလို သန့်စင်တယ်။ သူထိုင်တဲ့ ရာဇပလ္လင်ဟာ မီးလျှံတွေ၊ ပလ္လင်ရဲ့ဘီးတွေဟာ တောက်လောင်နေတဲ့ မီးတွေ ဖြစ်နေတယ်။+
၁၀ သူ့ဆီကနေ မီးတွေ ချောင်းလိုစီးဆင်းလာတယ်။+ သန်းနဲ့ချီတဲ့သူတွေ သူ့ဆီမှာ အမှုထမ်းကြတယ်။ သန်းရာချီရှိတဲ့သူတွေ သူ့ရှေ့မှာ ခစားနေကြတယ်။+ တရားရုံး+ ဖွင့်လှစ်ပြီ။ စာစောင်တွေကို ဖွင့်ထားတယ်။
၁၁ “အဲဒီအချိန်မှာ ငါကြည့်လိုက်တဲ့အခါ အဲဒီသားရဲဟာ မောက်မောက်မာမာ ပြောတဲ့ ဦးချိုရဲ့အသံကြောင့်+ အသတ်ခံရတာ၊ သူ့ကိုယ်ခန္ဓာ မီးထဲပစ်ချပြီး ဖျက်ဆီးခံလိုက်ရတာကို ငါမြင်တယ်။
၁၂ ကျန်တဲ့သားရဲတွေကတော့+ အာဏာရုပ်သိမ်းခံရပေမဲ့ အချိန်ကာလတစ်ခုအထိ ဆက်အသက်ရှင်ခွင့် ရကြတယ်။
၁၃ “ငါဆက်ကြည့်နေတုန်း စိတ်အာရုံမှာ လူသားနဲ့တူတဲ့သူတစ်ယောက်+ မိုးတိမ်ခြံရံပြီး လာနေတာကို ငါမြင်တယ်။ သူက အသက်အကြီးဆုံးအရှင်ရှေ့ ဝင်ခွင့်ရတယ်။+ သူ့ကို အဲဒီအရှင်ရဲ့ရှေ့တော် ခေါ်လာကြတယ်။
၁၄ သူက အုပ်ချုပ်ခွင့်အာဏာ၊+ ဂုဏ်ကျက်သရေနဲ့+ နိုင်ငံတစ်ခုကိုရတယ်။ ဒါကြောင့် ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းဟာ သူ့ဆီမှာ အမှုထမ်းကြတယ်။+ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ မကွယ်ပျောက်ဘဲ ထာဝစဉ် တည်တံ့လိမ့်မယ်။ သူ့နိုင်ငံဟာ ပျက်စီးမှာ မဟုတ်ဘူး။+
၁၅ “ငါဒံယေလဟာ မြင်ရတဲ့ စိတ်အာရုံတွေကြောင့် ထိတ်လန့်ပြီး ပူပင်သောက ရောက်နေတယ်။+
၁၆ ဒါနဲ့ အဲဒီမှာရပ်နေသူအနားကို သွားပြီး ဒါ ဘာကိုဆိုလိုတာလဲလို့ မေးလိုက်တယ်။ သူက အဓိပ္ပာယ်ကို ပြောပြတယ်–
၁၇ “‘အဲဒီသားရဲကြီး ၄ ကောင်ဟာ+ ကမ္ဘာပေါ်မှာ ပေါ်ထွန်းလာမယ့် ဘုရင် ၄ ပါးပဲ။+
၁၈ ဒါပေမဲ့ အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေက+ နိုင်ငံကို ရလိမ့်မယ်။+ အဲဒီနိုင်ငံကို သူတို့ အစဉ်ထာဝရ ပိုင်ဆိုင်ကြလိမ့်မယ်။’+
၁၉ “တခြားသားရဲတွေနဲ့ လုံးဝမတူတဲ့ စတုတ္ထသားရဲအကြောင်းကို ငါသိချင်တယ်။ သူဟာ ကြောက်စရာ သိပ်ကောင်းတယ်။ သူ့မှာ သံသွားတွေ၊ ကြေးနီခြေသည်းတွေ ရှိတယ်။ အရာအားလုံးကို ကိုက်စားခြေ မွှပြီး ကျန်တာတွေကို နင်းခြေပစ်တယ်။+
၂၀ သူ့ခေါင်းပေါ်က ဦးချို ၁၀ ချောင်းနဲ့+ ထပ်ပေါက်လာတဲ့ ချိုတစ်ချောင်းရဲ့ အကြောင်းကိုလည်း ငါသိချင်တယ်။ အရင်ချိုသုံးချောင်းက အဲဒီချိုရှေ့မှာ ကျိုးသွားတယ်။+ အဲဒီချိုမှာ မျက်စိတွေရှိတယ်။ မောက်မောက်မာမာ ပြောတတ်တဲ့ ပါးစပ်ရှိတယ်။ တခြားချိုတွေထက် ပိုကြီးတယ်။
၂၁ “ငါဆက်ကြည့်နေတုန်း အဲဒီချိုက သန့်ရှင်းသူတွေကို စစ်တိုက်ပြီး အနိုင်ရသွားတယ်။+
၂၂ အသက်အကြီးဆုံးအရှင်+ မရောက်လာမချင်း၊ အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေဘက်ကနေ+ တရားစီရင်ပေးချိန် မရောက်မချင်း သူအနိုင်ရတယ်။ အဲဒီနောက် နိုင်ငံကို သန့်ရှင်းသူတွေ ပိုင်ဆိုင်ဖို့ သတ်မှတ်ထားတဲ့အချိန် ရောက်လာတယ်။+
၂၃ “ငါ့ကို အဓိပ္ပာယ်ပြောပြတဲ့သူက ‘စတုတ္ထသားရဲဟာ ကမ္ဘာပေါ်မှာ ပေါ်လာမယ့် စတုတ္ထနိုင်ငံပဲ။ အဲဒီနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ တူမှာ မဟုတ်ဘူး။ မြေတစ်ပြင်လုံးကို ကိုက်စားခြေမွှပြီး နင်းခြေလိမ့်မယ်။+
၂၄ ချို ၁၀ ချောင်းကတော့ အဲဒီနိုင်ငံထဲကနေ ပေါ်ထွက်လာမယ့် ဘုရင် ၁၀ ပါးပဲ။ အဲဒီနောက် ဘုရင်တစ်ပါး ပေါ်လာဦးမယ်။ သူဟာ အရင်ကဘုရင်တွေနဲ့ မတူဘူး။ ဘုရင် ၃ ပါးကို နှိမ်နင်းလိမ့်မယ်။+
၂၅ အမြင့်ဆုံးအရှင်ကို သူ ပုတ်ခတ်ပြောဆိုမယ်။+ အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေကို မပြတ်ဒုက္ခပေးမယ်။ အချိန်ကာလနဲ့ ပညတ်တရားကို ပြောင်းလဲဖို့ သူကြိုးစားမယ်။ သန့်ရှင်းသူတွေဟာ တစ်ကာလ၊ နှစ်ကာလနဲ့ ကာလတစ်ဝက်ပတ်လုံး* သူ့လက်ထဲကျရောက်လိမ့်မယ်။+
၂၆ ဒါပေမဲ့ တရားရုံး ဖွင့်လှစ်ပြီး သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာကို ရုပ်သိမ်းလိမ့်မယ်။ သူ့ကို အစတုံး ဖျက်ဆီးလိမ့်မယ်။+
၂၇ “‘အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေဟာ နိုင်ငံနဲ့ အုပ်ချုပ်ခွင့်အာဏာကို၊ ကောင်းကင်အောက်မှာရှိတဲ့ နိုင်ငံအားလုံးရဲ့ ခမ်းနားထည်ဝါမှုကိုရလိမ့်မယ်။+ သူတို့ရဲ့နိုင်ငံဟာ ထာဝစဉ် တည်လိမ့်မယ်။+ နိုင်ငံအားလုံးက သူတို့ဆီမှာ အမှုထမ်းပြီး အမိန့်ကို နာခံကြလိမ့်မယ်။’
၂၈ “ငါမြင်ခဲ့ကြားခဲ့တာတွေဟာ ဒီလောက်ပါပဲ။ ငါဒံယေလက အကြီးအကျယ် ထိတ်လန့်နေတဲ့အတွက် မျက်နှာသွေးဆုတ်တဲ့အထိ ဖြစ်နေတယ်။ ဒီအကြောင်းကိုတော့ စိတ်ထဲမှာပဲထားလိုက်တယ်။”