ဆာလံ ၁၃၅:၁-၂၁
၁၃၅ ယေဟောဝါကို ချီးမွမ်းကြ။*
ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းကြ။
ယေဟောဝါရဲ့ ကျေးကျွန်တို့ ချီးမွမ်းကြ။+
၂ ယေဟောဝါရဲ့ အိမ်တော်မှာ၊ ဘုရားသခင့်အိမ်တော် ရင်ပြင်တွေမှာ အမှုဆောင်နေသူတို့၊+ဘုရားကို ချီးမွမ်းကြ။
၃ ယေဟောဝါကို ချီးမွမ်းကြ။ ယေဟောဝါဟာ ကောင်းမြတ်တယ်။+
နာမတော်ကို ချီးမွမ်းသီချင်းဆိုကြ။ အဲဒီလိုချီးမွမ်းတာ သိပ်ကောင်းတယ်။
၄ ယေဟောဝါက ယာကုပ်ကို မိမိအတွက် ရွေးချယ်လိုက်ပြီ။
အစ္စရေးကို တန်ဖိုးအထားရဆုံး လူမျိုးအဖြစ် ရွေးချယ် လိုက်ပြီ။+
၅ ယေဟောဝါဟာ ကြီးမြတ်တယ်ဆိုတာ ငါကောင်းကောင်းသိတယ်။
ငါတို့သခင်ဟာ တခြားဘုရားအားလုံးထက် ကြီးမြတ်တယ်။+
၆ ယေဟောဝါက ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ၊ ပင်လယ်နဲ့ နက်ရှိုင်းတဲ့ရေထုမှာအလိုရှိရာမှန်သမျှ လုပ်ဆောင်တယ်။+
၇ ကမ္ဘာမြေ အစွန်အဖျားတွေမှာ မိုးတိမ်တွေ တက်လာစေတယ်။
မိုးတွေနဲ့အတူ လျှပ်စီးတွေ လက်စေတယ်။*
ဘဏ္ဍာတိုက်တွေထဲကနေ လေကို ခေါ်ထုတ်လာတယ်။+
၈ အီဂျစ်ပြည်မှာရှိတဲ့ သားဦးတွေကို ကွပ်မျက်တယ်။
လူရော တိရစ္ဆာန်ပါ ပါတယ်။+
၉ အီဂျစ်ပြည်၊ ဘုရားက မင်းအလယ်မှာ၊ ဖာရောနဲ့ အမှုထမ်းတွေရှေ့မှာ+ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ လုပ်ပြတယ်။+
၁၀ တခြားလူမျိုး အများကြီးကိုဒဏ်ခတ်တယ်။+
ခွန်အားကြီးဘုရင်တွေကိုကွပ်မျက်တယ်။+
၁၁ အာမောရိဘုရင် ရှိဟုန်၊+
ဗာရှန်ဘုရင် သြဂတ်နဲ့+
ခါနန်ပြည်ရဲ့ တိုင်းနိုင်ငံအားလုံးကို နှိမ်နင်းတယ်။
၁၂ သူတို့ရဲ့တိုင်းပြည်ကိုလူမျိုးတော် အစ္စရေးအတွက် အမွေအဖြစ် ပေးခဲ့တယ်။+
၁၃ အို ယေဟောဝါ၊ နာမတော်ဟာ ထာဝစဉ် တည်မြဲတယ်။
ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ ဂုဏ်သတင်းဟာ လူမျိုးအဆက်ဆက် တည်မြဲတယ်။+
၁၄ ယေဟောဝါက လူမျိုးတော်ဘက်ကနေ ခုခံကာကွယ်လိမ့်မယ်။+
မိမိရဲ့ကျေးကျွန်တွေကို သနားစာနာလိမ့်မယ်။+
၁၅ တခြားလူမျိုးတွေရဲ့ ဘုရားတွေဟာ ရွှေငွေနဲ့လုပ်ထားတဲ့ ရုပ်တုတွေပဲ။
လူ့လက်နဲ့ လုပ်ထားတာတွေပဲ။+
၁၆ အဲဒီရုပ်တုတွေမှာ ပါးစပ်ရှိပေမဲ့ စကားမပြောတတ်ဘူး။+
မျက်စိရှိပေမဲ့ မမြင်ဘူး။
၁၇ နားရှိပေမဲ့ မကြားဘူး။
ခံတွင်းထဲမှာလည်း ထွက်သက်ဝင်သက် မရှိဘူး။+
၁၈ ရုပ်တုလုပ်တဲ့သူတွေရော ယုံကြည်ကိုးစားသူတွေပါအဲဒီရုပ်တုတွေလိုပဲ ဖြစ်သွားလိမ့်မယ်။+
၁၉ အစ္စရေးအမျိုး၊ ယေဟောဝါကို ချီးမွမ်းကြ။
အာရုန်အမျိုး၊ ယေဟောဝါကို ချီးမွမ်းကြ။
၂၀ လေဝိအမျိုး၊ ယေဟောဝါကို ချီးမွမ်းကြ။+
ယေဟောဝါကို ကြောက်ရွံ့ ရိုသေသူတို့၊ ယေဟောဝါကို ချီးမွမ်းကြ။
၂၁ ဂျေရုဆလင်မှာ စံမြန်းတဲ့အရှင် ယေဟောဝါကို+ဇိအုန်မှာ ဂုဏ်တင်ချီးမွမ်းကြပါစေ။+
ယေဟောဝါကို ချီးမွမ်းကြ။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ဟာလေလုယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီးမွမ်းကြ။” ‘ယ’ ဆိုတာ ယေဟောဝါရဲ့ အတိုကောက်နာမည်။ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ “မိုးရေအတွက် ရေတံခါးကို ဖန်ဆင်းတယ်” လည်းဖြစ်နိုင်။