သမ္မာကျမ်းစာခေတ်က လူနေမှုဘဝပုံစံ—တံငါသည်
သမ္မာကျမ်းစာခေတ်က လူနေမှုဘဝပုံစံ—တံငါသည်
“ဂါလိလဲအိုင် ကမ်းခြေတစ်လျှောက် ကြွသွားတော်မူစဉ် တံငါသည် ညီအစ်ကိုနှစ်ဦးဖြစ်သည့် ပေတရုဟုခေါ်သော ရှိမုန်နှင့် အန္ဒြေတို့ ပိုက်ကွန်ချနေသည်ကို မြင်တော်မူလျှင်၊ ‘ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့ကို လူဖမ်းသော တံငါသည်များ ဖြစ်စေမည်’ ဟု [ယေရှု] မိန့်တော်မူ၏။”—မဿဲ ၄:၁၈၊ ၁၉။
ခရစ်ဝင်ကျမ်းတွေထဲမှာ ငါး၊ ငါးဖမ်းခြင်းနဲ့ တံငါသည်များဆိုတဲ့ စကားလုံးတွေကို မကြာခဏ ဖော်ပြထားတတ်ပါတယ်။ ဒါကြောင့် ငါးဖမ်းခြင်းနဲ့ပတ်သက်တဲ့ ပုံဥပမာအတော်များများကို ယေရှု အသုံးပြုသွားတာ အံ့ဩစရာမဟုတ်ပါဘူး။ ယေရှုဟာ ဂါလိလဲအိုင်အနား ဒါမှမဟုတ် ဂါလိလဲအိုင်ရဲ့ကမ်းခြေမှာ ဟောပြောသွန်သင်တတ်ပါတယ်။ (မဿဲ ၄:၁၃; ၁၃:၁၊ ၂; မာကု ၃:၇၊ ၈) သာယာလှပတဲ့ ဂါလိလဲအိုင်ဟာ အရှည် ၁၃ မိုင်လောက်ရှိပြီး အကျယ်က ၇ မိုင်ရှိပါတယ်။ ယေရှုရဲ့တမန်တော်တွေဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ သောမနဲ့ နာသနေလတို့ဟာ တံငါသည်တွေ ဖြစ်နိုင်ပါတယ်။—ယောဟန် ၂၁:၂၊ ၃။
ယေရှုခေတ်က တံငါသည်တွေ ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲ။ တံငါသည်တွေနဲ့ သူတို့ရဲ့လုပ်ဆောင်မှုအကြောင်းကို နည်းနည်းပါးပါး လေ့လာကြည့်ရအောင်။ လေ့လာကြည့်ရင်းနဲ့ တမန်တော်တွေအကြောင်း ပိုပြီးသိရှိလာမှာ ဖြစ်တဲ့အပြင် ယေရှုရဲ့လုပ်ရပ်တွေနဲ့ ပုံဥပမာတွေကိုလည်း ပိုပြီးနားလည်လာပါလိမ့်မယ်။ အရင်ဆုံး၊ ဂါလိလဲအိုင်ရဲ့အခြေအနေကို သုံးသပ်ကြည့်ကြစို့။
“အိုင်၌ လေပြင်းမုန်တိုင်းကျ”
ဂါလိလဲအိုင်ဟာ မြေလွှာကျွံချိုင့်ဝှမ်းထဲမှာရှိပြီး ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၆၉၀ လောက်မှာရှိတယ်။ အိုင်ကမ်းခြေမှာ ကျောက်သားတောင်စောင်းတွေရှိပြီး အိုင်ရဲ့မြောက်မဿဲ ၈:၂၃-၂၇။
ဘက်မှာ ကောင်းကင်ကိုထိုးထွက်နေတဲ့ ခံ့ညားလှပတဲ့ ဟေရမုန်တောင်ရှိတယ်။ ဆောင်းရာသီမှာဆိုရင် လေအေး တိုက်ခတ်တဲ့အခါ တစ်ခါတလေ လှိုင်းနည်းနည်းကြမ်းတတ်တယ်။ နွေရာသီမှာဆိုရင် အိုင်မျက်နှာပြင်မှာရှိတဲ့ လေက နွေးနေတာပဲ။ ရုတ်တရက်ဆိုသလို လေပြင်းမုန်တိုင်းလည်း ကျတတ်တယ်။ အိုင်နားမှာရှိတဲ့ တောင်တန်းပေါ်ကနေ လေပြင်းတွေ လိမ့်ဆင်းလာပြီး တံငါသည်တွေအပေါ် ခပ်ကြမ်းကြမ်း တိုက်ခတ်သွားတယ်။ ယေရှုနဲ့ သူ့ရဲ့တပည့်တွေဟာ အဲဒီလိုမုန်တိုင်းမျိုး ကြုံခဲ့ဖူးတယ်။—တံငါသည်တွေရဲ့ သစ်သားလှေတွေဟာ အရှည် ၂၇ ပေနီးပါးရှိပြီး အကျယ် ၇ ပေခွဲလောက်ရှိတယ်။ လှေတော်တော်များများမှာ ရွက်တိုင်တစ်တိုင်နဲ့ ပဲ့ပိုင်းမှာ အမိုးပါတဲ့ နားစရာအခန်းတစ်ခန်းရှိတယ်။ (မာကု ၄:၃၅-၄၁) အသွားနှေးပြီး ခိုင်ခံ့တဲ့ အဲဒီလှေတွေဟာ တစ်ဖက်မှာ လေးလံတဲ့ပိုက်ကွန် ဆောင့်ဆွဲတာကို ခံရတဲ့အပြင် တစ်ဖက်မှာလည်း ရွက်ထည်နဲ့ရွက်တိုင်ကို တွန်းနေတဲ့ လေရဲ့ဖိအားကိုလည်း ကြံ့ကြံ့ခံနိုင်ကြတယ်။
တံငါသည်တွေဟာ မတူညီတဲ့လားရာနှစ်ခုမှာ လူးလှိမ့်နေတဲ့လှေကို ကျွမ်းကျွမ်းကျင်ကျင် လှော်ခတ်နိုင်ကြတယ်။ လှေတစ်စီးမှာ တံငါသည် ခြောက်ယောက်ထက်မက ရှိနိုင်ပါတယ်။ (မာကု ၁:၂၀) ဒါ့အပြင် လှေပေါ်မှာ (၁) ပိတ်ရွက်ထည်၊ (၂) ကြိုး၊ (၃) လှော်တက်များ၊ (၄) ကျောက်ဆူးအဖြစ်သုံးတဲ့ ကျောက်တုံးတစ်တုံး၊ (၅) ခြောက်သွေ့ပြီး ထူထဲတဲ့ အဝတ်အစားများ၊ (၆) အစားအစာ (မာကု ၈:၁၄)၊ (၇) ခြင်းများ၊ (၈) ခေါင်းအုံးတစ်လုံး (မာကု ၄:၃၈) နဲ့ (၉) ပိုက်ကွန်တစ်ခု စတဲ့ ကိရိယာတန်ဆာပလာတွေလည်း ပါတတ်ကြတယ်။ (၁၀) ဖော့အပိုများ၊ (၁၁) ငါးဖမ်းပိုက်ခဲသီး၊ (၁၂) ပြုပြင်ဖာထေးတဲ့ ကိရိယာများအပြင် (၁၃) မီးတုတ်များလည်း ပါလာတတ်တယ်။
“အလွန်များသော ငါးတို့ကို ဖမ်းမိ”
ကနေ့ခေတ်မှာလည်း ပထမရာစုတုန်းကလိုပဲ ငါးများများဖမ်းမိနိုင်တဲ့ နေရာတွေဟာ ဂါလိလဲအိုင်ထဲစီးဝင်တဲ့ ချောင်းတွေ၊ မြစ်တွေရဲ့ အဝနားမှာဖြစ်တယ်။ အဲဒီနေရာတွေမှာဆိုရင် ငါးတွေရဲ့အကြိုက် အပင်မျိုးစုံ အိုင်ထဲ မျောပါလာကြတယ်။ ယေရှုခေတ်က တံငါသည်တွေဟာ တစ်ခါတလေ ညမှာ မီးတုတ်တွေကို အသုံးပြုပြီး ငါးဖမ်းထွက်ကြတယ်။ တစ်ခါက ယေရှုရဲ့တပည့်တချို့ဟာ တစ်ညလုံး ငါးဖမ်းတာ တစ်ကောင်မှ မရခဲ့ကြဘူး။ ဒါပေမဲ့ နောက်တစ်နေ့လည်းရောက်ရော ယေရှု ညွှန်ကြားတဲ့အတိုင်း ပိုက်ကွန်တွေကို ပြန်ချတဲ့အခါ လှေနစ်မတတ် ငါးတွေအများကြီး ဖမ်းမိကြတယ်။—လုကာ ၅:၆၊ ၇။
တစ်ခါတလေ တံငါသည်တွေဟာ ရေနက်ပိုင်းကို လှော်ခတ်သွားကြတယ်။ ငါးများများဖမ်းမိတတ်တဲ့နေရာကို ရောက်တဲ့အခါ လှေနှစ်စင်း ပေါင်းပြီး အလုပ်လုပ်ကြတယ်။ တံငါသည်တွေဟာ လှေနှစ်စင်းရဲ့အလယ်မှာ ပိုက်ကွန်ကို ချလိုက်ကြတယ်။ ပြီးတော့ လှေနှစ်စင်းဟာ ဆန့်ကျင်ဘက်အရပ်ကို ကိုယ်စီ လှော်ခတ်သွားလိုက်တယ်။ ရည်ရွယ်ချက်က ငါးတွေကို ပိုက်ကွန်နဲ့ ဝိုက်ပြီး ထောင်ဖမ်းဖို့ပါ။ လှေနှစ်စင်း မျက်နှာချင်းဆိုင် ပြန်စုံမိတဲ့အခါမှာတော့ ပိုက်ကွန်ချလို့ ပြီးသွားပါပြီ။ အဲဒီနောက် တံငါသည်တွေဟာ ပိုက်ကွန်ထောင့်တွေမှာ ချည်ထားတဲ့ ကြိုးတွေကို ဆွဲယူလိုက်ပါတယ်။ ပိုက်ကွန်ရဲ့အကျယ်က ပေ ၁၀၀ ကျော်ရှိနိုင်ပြီး စောက်အနက်က ၈ ပေလောက် ရှိနိုင်ပါတယ်။ အဲဒီပိုက်ကွန်က ငါးအုပ်တစ်အုပ်လုံးကို ဖမ်းမိနိုင်လောက်တဲ့အထိ ကြီးမားတယ်။ ပိုက်ကွန်ရဲ့အပေါ်ဘက် အနားတွေမှာ ဖော့တွေတပ်ထားပြီး အောက်ဘက်အနားတွေမှာတော့ အလေးတွေ တပ်ထားတယ်။ တံငါသည်တွေဟာ ပိုက်ကွန်ကိုချ၊ ပြီးရင် ထပ်ခါထပ်ခါ ဆွဲတင်ကြတယ်၊ အဲဒီလိုလုပ်တာက နာရီနဲ့ချီကြာတယ်။
ဝတ်ပြုရာ ၁၁:၉-၁၂) “ကောင်းကင်နိုင်ငံတော်” က ပိုက်ကွန်နဲ့တူပြီး ငါးအမျိုးမျိုးက ကောင်းတဲ့သူနဲ့ ဆိုးတဲ့သူတွေကို ပုံဆောင်တယ်လို့ ယေရှုနှိုင်းယှဉ်ခဲ့တုန်းက ရေတိမ်မှာဖမ်းတဲ့ ငါးဖမ်းနည်းကို ရည်ညွှန်းခဲ့တာဖြစ်တယ်။—မဿဲ ၁၃:၄၇-၅၀။
တံငါသည်တွေဟာ ရေတိမ်ပိုင်းမှာဆိုရင် တခြားနည်းကို အသုံးပြုရပါတယ်။ ငါးတွေကို ထောင်ဖမ်းဖို့ ကမ်းခြေကနေ ပိုက်ကွန်ရဲ့တစ်ဖက်ကို လှေနဲ့ ရေထဲဆွဲယူသွားပြီး ကျန်တဲ့တစ်ဖက်ကိုတော့ ကမ်းခြေဘက်ကို ဝိုက်ပြီး ဆွဲယူလာတယ်။ အဲဒီအခါမှာ ကမ်းခြေပေါ်က တံငါသည်တွေက ငါးတွေအပြည့်မိနေတဲ့ ပိုက်ကွန်ကို ဆွဲတင်ကြတယ်။ ပြီးတော့ ငါးတွေကို အမျိုးအစားအလိုက် ခွဲထုတ်ကြတယ်။ ငါးအကောင်းတွေကိုတော့ အိုးတွေထဲ ထည့်တယ်။ တချို့ကို ရောင်းတယ်။ အများစုကိုတော့ အခြောက်လှန်းတာ လှန်း၊ ငါးဆားနယ်လုပ်တာ လုပ်၊ ငါးချဉ်လုပ်တာ လုပ်ကြတယ်။ ပြီးရင် မြေအိုးတွေထဲမှာထည့်ပြီး ဂျေရုဆလင်မြို့ ဒါမှမဟုတ် တခြားနိုင်ငံတွေကို တင်ပို့ကြတယ်။ ငါးရှဉ့်လိုမျိုး အကြေးခွံမပါတဲ့ ရေနေသတ္တဝါတွေကို မစင်ကြယ်တဲ့အရာလို့ သတ်မှတ်ပြီး လွှင့်ပစ်ကြတယ်။ (တံငါသည်ဟာ သူတစ်ယောက်တည်းဆိုရင် ကြေးညိုရောင် ငါးမျှားချိတ်တွေ ချိတ်ဆွဲထားတဲ့ ငါးမျှားကြိုးတစ်ချောင်း အသုံးပြုမှာဖြစ်တယ်။ ဒါမှမဟုတ် ပိုက်ကွန်ငယ်တစ်ခုကို သူအသုံးပြုနိုင်တယ်။ ပိုက်ကွန်ပစ်တော့မယ်ဆိုရင် ပိုက်ကွန်ကို လက်မောင်းပေါ်တင်ပြီး ရေထဲကို ခါးလည်လောက်အထိရောက်အောင် ဆင်းသွားရတယ်၊ အဲဒီနောက် ပိုက်ကွန်ကို ခပ်ဝေးဝေး မြှောက်ပစ်လိုက်ရတယ်။ အခုံးပုံစံရှိတဲ့ ပိုက်ကွန်က ရေထဲကျသွားပြီး အဲဒီနောက် ရေအောက်ထဲ နစ်မြုပ်သွားတယ်။ အကြောင်းသင့်ရင်တော့ ပိုက်ကွန်ထဲမှာ ငါးနည်းနည်းမိနေပါလိမ့်မယ်။
ပိုက်ကွန်တွေက တန်ဖိုးကြီးတဲ့အတွက် ပြုပြင်ထိန်းသိမ်းဖို့လိုအပ်တယ်။ ဒါကြောင့် တံငါသည်တွေဟာ ပိုက်ကွန်တွေကို ဂရုတစိုက် အသုံးပြုကြတယ်။ ငါးဖမ်းထွက်ရာကနေ ပြန်လာတဲ့အခါတိုင်း သူတို့လုပ်နေကျ အလုပ်တွေကတော့ ပိုက်ကွန်တွေကို ပြုပြင်ဖာထေးတာ၊ ဆေးကြောတာ၊ နေပူလှန်းတာဖြစ်တယ်။ သူတို့ရဲ့အချိန်အများစုဟာ အဲဒီအလုပ်တွေလုပ်ရင်းနဲ့ ကုန်သွားကြတာ။ (လုကာ ၅:၂) ယေရှုက တမန်တော် ယာကုပ်နဲ့ သူ့ညီ ယောဟန်တို့ကို သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်ခဲ့တုန်းက ညီအစ်ကိုနှစ်ယောက်ဟာ လှေပေါ်ထိုင်ပြီး ပိုက်ကွန်တွေကို ပြုပြင်ဖာထေးနေခဲ့ကြတာပါ။—မာကု ၁:၁၉။
ပထမရာစုတုန်းက တံငါသည်တွေ ရှာဖွေဖမ်းယူကြတဲ့ ငါးတွေထဲမှာ တီလားပီးယားငါးတွေလည်း ပါဝင်တယ်။ အဲဒီငါးတွေဟာ ဂါလိလဲနယ်သားအများစု အဓိကစားသုံးတဲ့ အစားအစာတွေထဲမှာ ပါတယ်။ အရသာရှိလှတဲ့ အဲဒီငါးတွေကို ယေရှုလည်း စားသုံးခဲ့မှာဖြစ်တယ်။ ထောင်နဲ့ချီရှိတဲ့ လူအုပ်ကို အံ့ဖွယ်နည်းနဲ့ ယေရှု အစာကျွေးခဲ့တုန်းက တီလားပီးယားငါးခြောက် နှစ်ကောင်ကို အသုံးပြုခဲ့တာ ဖြစ်နိုင်ပါတယ်။ (မဿဲ ၁၄:၁၆၊ ၁၇; လုကာ ၂၄:၄၁-၄၃) တီလားပီးယားငါးတွေဟာ ငါးသားပေါက်လေးတွေကို သူတို့ရဲ့ပါးစပ်ထဲငုံပြီး ကူးခတ်သွားလာတတ်ကြတယ်။ ငါးသားပေါက် မရှိတဲ့အခါမှာတော့ ကျောက်စရစ်ခဲတစ်ခဲကို ငုံထားတတ်တယ်၊ ဒါမှမဟုတ် အိုင်ကြမ်းပြင်မှာ ကျနေတဲ့ ငွေဒင်္ဂါးစေ့တစ်စေ့ကို ငုံထားတတ်တယ်။—မဿဲ ၁၇:၂၇။
ပထမရာစုတုန်းက ငါးလုပ်ငန်းမှာ အောင်မြင်တဲ့ တံငါသည်တွေဟာ စိတ်ရှည်ကြတယ်၊ အလုပ်ကြိုးစားကြတယ်၊ ငါးများများဖမ်းမိဖို့ဆိုရင် ဘယ်အခက်အခဲကိုမဆို ကြံ့ကြံ့ခံတတ်တဲ့ စိတ်ဓာတ်ရှိကြတယ်။ အဲဒီလိုပါပဲ၊ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ ယေရှုရဲ့ဖိတ်ခေါ်ချက်ကို လက်ခံတဲ့သူတွေအနေနဲ့လည်း အောင်မြင်တဲ့ “လူဖမ်းသော တံငါသည်များ” ဖြစ်ချင်တယ်ဆိုရင် အဲဒီအရည်အသွေးတွေကို မွေးမြူဖို့ လိုအပ်ပါတယ်။—မဿဲ ၂၈:၁၉၊ ၂၀။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
(စာစောင်တွင်ကြည့်ပါ)