အာဗြဟံ—နှိမ့်ချမှုရှိတဲ့ အမျိုးသား
အာဗြဟံ—နှိမ့်ချမှုရှိတဲ့ အမျိုးသား
ပူပြင်းအိုက်စပ်တဲ့ အချိန်မှာ အာဗြဟံဟာ တဲအောက်မှာ အေးအေးလူလူ နားခိုလို့နေပါတယ်။ ဟိုးအဝေးကြီးကနေ လူသုံးယောက် လာနေတာကို တဲထဲကနေ အာဗြဟံ လှမ်းမြင်လိုက်ရတယ်။ * အာဗြဟံဟာ ဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်ဖို့ အလောသုံးဆယ် ပြေးထွက်သွားပြီး သူ့ဆီမှာ ခဏတစ်ဖြုတ်နားဖို့နဲ့ သူဧည့်ဝတ်ပြုတာကို လက်ခံဖို့ မရမက တောင်းဆိုလိုက်တယ်။ တဲထဲကို သူတို့ဝင်လာတဲ့အခါ “မုန့်အနည်းငယ်” ကျွေးတယ်၊ ပြီးတဲ့နောက် ညနေစာကို ကောင်းကောင်း ပြင်ဆင်ဖို့လုပ်တယ်၊ ညနေစာမှာ ပူပူနွေးနွေး ဖုတ်ထားတဲ့ပေါင်မုန့်၊ ထောပတ်၊ နွားနို့နဲ့ အနူးညံ့ဆုံး အသားတွေ ပါဝင်တယ်။ ဧည့်သည်တွေကို ညနေစာ ကျွေးတဲ့ကိစ္စမှာ အာဗြဟံရဲ့ ဧည့်ဝတ်ကျေပွန်မှုလောက်ကိုသာမက စစ်မှန်တဲ့နှိမ့်ချမှုကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။—ကမ္ဘာဦး ၁၈:၁-၈။
နှိမ့်ချမှုဆိုတာ ဘာလဲ။ နှိမ့်ချမှုဆိုတာ ဂုဏ်ယူဝါကြွားခြင်းမရှိတာ၊ မာနထောင်လွှားခြင်းမရှိတာကို ဆိုလိုပါတယ်။ လူတိုင်းက တစ်နည်းမဟုတ်တစ်နည်းနဲ့ ကိုယ့်ထက်သာတယ်ဆိုတာ နှိမ့်ချသူတစ်ဦး နားလည်သဘောပေါက်တယ်။ (ဖိလိပ္ပိ ၂:၃) တခြားသူတွေရဲ့ အကြံပေးချက်တွေကို နားထောင်တယ်၊ တခြားသူတွေရဲ့အကျိုးအတွက် နိမ့်ကျတဲ့အလုပ်တွေကို လိုလိုလားလား လုပ်ဆောင်ပေးတယ်။
နှိမ့်ချမှုကို အာဗြဟံ ဘယ်လိုတင်ပြခဲ့သလဲ။ တခြားသူတွေ လိုအပ်ရာကို အာဗြဟံ ဝမ်းပန်းတသာ ကူညီဖြည့်ဆည်းပေးခဲ့တယ်။ အစပိုင်းမှာ ဖော်ပြထားသလိုပဲ ဧည့်သည်သုံးယောက်ကို အာဗြဟံ လှမ်းမြင်လိုက်တာနဲ့ သူတို့လိုအပ်ရာကို ဖြည့်ဆည်းပေးဖို့ ချက်ချင်း ထလုပ်ပေးခဲ့တယ်။ သူ့ဇနီး စာရာကလည်း မြန်မြန်ဆန်ဆန်ပဲ ညနေစာ ပြင်ဆင်လိုက်တယ်။ အလုပ်တော်တော်များများကို ဘယ်သူလည်း လုပ်သလဲဆိုတာ သတိပြုကြည့်ပါ။ ဧည့်သည်တွေကို ကြိုဆိုဖို့ အာဗြဟံ ပြေးထွက်သွားတယ်၊ အစာပြေစားဖို့ အာဗြဟံ လုပ်ပေးတယ်၊ တိရစ္ဆာန်အုပ်ဆီ အာဗြဟံ ပြေးသွားပြီး သတ်ဖို့ တစ်ကောင်ရွေးလိုက်တယ်၊ ဧည့်သည်တွေစားဖို့ အစားအသောက်တွေကို အာဗြဟံ ပြင်ဆင်ပေးတယ်။ ကျွန်တွေကိုပဲ ကိစ္စဝိစ္စအားလုံး လုပ်ခိုင်းမယ့်အစား နှိမ့်ချတဲ့ ဒီအမျိုးသားဟာ နိမ့်ကျတဲ့အလုပ်တွေကို သူကိုယ်တိုင် ဝင်လုပ်ခဲ့ပါတယ်။ အဲဒီအလုပ်တွေ ဝင်လုပ်ရင် သူ့သိက္ခာကျသွားမယ်လို့ မယူဆခဲ့ပါဘူး။
သူ့အခွင့်အာဏာအောက်မှာ ရှိသူတွေရဲ့ အကြံပေးချက်တွေကို အာဗြဟံ နားထောင်ပေးခဲ့တယ်။ ကျမ်းစာထဲမှာ အာဗြဟံနဲ့စာရာ အပြန်အလှန်စကားပြောခန်း နည်းနည်းပဲပါပေမဲ့ အာဗြဟံဟာ စာရာရဲ့အကြံပေးချက်တွေကို နားထောင်ပြီး အဲဒီအတိုင်းကမ္ဘာဦး ၁၆:၂; ၂၁:၈-၁၄၊ ခမ) တစ်ကြိမ်မှာ စာရာရဲ့အကြံပေးချက်က အစပိုင်းမှာ အာဗြဟံကို “စိတ်မချမ်းမသာဖြစ်” စေခဲ့ပါတယ်။ ဒါပေမဲ့ စာရာပေးတဲ့အကြံက ကောင်းတယ်လို့ ယေဟောဝါ ပြောတဲ့အခါ အာဗြဟံဟာ နှိမ့်ချမှုရှိရှိ အလျှော့ပေးလိုက်လျောပြီး စာရာပြောတဲ့အတိုင်း လုပ်ခဲ့တယ်။
လုပ်ဆောင်တယ်ဆိုတာ နှစ်ကြိမ် ဖတ်ရတယ်။ (ကျွန်ုပ်တို့အတွက် သင်ခန်းစာက ဘာလဲ။ ကျွန်ုပ်တို့က တကယ်နှိမ့်ချမှုရှိတယ်ဆိုရင် တခြားသူတွေ လိုအပ်နေတဲ့အရာတွေကို ပျော်ရွှင်စွာ ကူညီဖြည့်ဆည်းပေးမှာဖြစ်တယ်။ သူတို့သက်သောင့်သက်သာဖြစ်အောင် ကျွန်ုပ်တို့ လုပ်ပေးနိုင်တဲ့အရာမှန်သမျှကို လုပ်ပေးတဲ့အခါ ရွှင်လန်းမှု ခံစားရမှာဖြစ်ပါတယ်။
တခြားသူတွေ အကြံပြုတဲ့အခါ ကျွန်ုပ်တို့ရဲ့ တုံ့ပြန်ပုံအားဖြင့်လည်း နှိမ့်ချမှုကို တင်ပြနိုင်ပါတယ်။ ကိုယ့်အယူအဆနဲ့ မတူတဲ့အတွက်ဆိုပြီး တခြားသူတွေရဲ့ အကြံပြုချက်တွေကို ပယ်ချမယ့်အစား သူတို့ရဲ့ထင်မြင်ချက်ကို လွတ်လွတ်လပ်လပ် ပြောခိုင်းခြင်းက ပညာရှိရာကျပါတယ်။ (သု. ၁၅:၂၂) အဲဒီလိုသဘောထားကြီးခြင်းက အထူးသဖြင့် အခွင့်အာဏာ အတော်အတန်ရှိတဲ့သူတွေကို အကျိုးရရှိစေပါတယ်။ “ကြီးကြပ်မှူးကောင်းတစ်ဦးဟာ သူ့လက်အောက်မှာရှိသူတွေကို သူတို့ရဲ့ထင်မြင်ချက်တွေလွတ်လွတ်လပ်လပ် ဖွင့်ပြောနိုင်အောင် ဖန်တီးပေးတယ်” လို့ အတွေ့အကြုံရှိတဲ့ ကြီးကြပ်မှူးတစ်ဦးဖြစ်သူ ဦးအောင်မိုးက ပြောပြတယ်။ သူ ဒီလိုဆက်ပြောတယ်– “သင့်ကြီးကြပ်မှုအောက်မှာရှိတဲ့သူက သင့်ထက် ပိုကောင်းတဲ့နည်းနဲ့ လုပ်နိုင်တာကို အသိအမှတ်ပြုဖို့ဆိုရင် နှိမ့်ချမှုရှိဖို့ လိုအပ်တယ်။ ကြီးကြပ်မှူးဆီမှာပဲ မဟုတ်ပါဘူး၊ လူတိုင်းဆီမှာ အကြံဉာဏ်ကောင်းတွေ ရှိနေပါတယ်။”
အာဗြဟံကို တုပတဲ့အနေနဲ့ တခြားသူတွေရဲ့ အကြံပေးချက်တွေကို နားထောင်ခြင်းဖြင့်၊ တခြားသူတွေရဲ့ အကျိုးအတွက် နိမ့်ကျပုံရတဲ့ အလုပ်တွေကို လုပ်ဆောင်ခြင်းဖြင့် ယေဟောဝါရဲ့ မျက်နှာသာကို ရရှိခံစားနိုင်ပါတယ်။ တကယ်ဆိုရင် ‘ဘုရားသခင်သည် မောက်မာသောသူတို့ကို ဆန့်ကျင်၍ စိတ်နှိမ့်ချသောသူတို့ကို ကြီးမားသောမဟာကရုဏာတော် ပေးသနားတော်မူ၏။’—၁ ပေတရု ၅:၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 အဲဒီဧည့်သည်သုံးယောက်ဟာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ ဖြစ်တွေဆိုတာ အစပိုင်းမှာ အာဗြဟံ မသိခဲ့ပါဘူး။—ဟေဗြဲ ၁၃:၂။