“အသက်ထက်ဆုံး ပေါင်းပါ့မယ်”
“အသက်ထက်ဆုံး ပေါင်းပါ့မယ်”
ဇနီးမောင်နှံများစွာသည် လက်ထပ်သည့်နေ့တွင် အထက်ပါစကားကို ပျော်ရွှင်ကြည်နူးစွာ ထပ်ခါထပ်ခါ ပြောဆိုခဲ့ကြသည်။ သေခြင်းတရားကြောင့် တစ်နေ့ လမ်းခွဲကြရမည်ကို သူတို့မတွေးမိ၍ ဖြစ်နိုင်သည်။ အသက်အရွယ်ကြီးရင့်မှု၊ ဖျားနာမှု၊ မတော်တဆထိခိုက်မှုတို့ကြောင့် ချစ်ရသူတစ်ဦး သေဆုံးသွားနိုင်သည်။ ထိုအခါ ကျန်ရစ်သူအိမ်ထောင်ဖက်သည် အထီးကျန်ပြီး ဝမ်းနည်းကြေကွဲရတော့သည်။—ဒေ. ၉:၁၁; ရောမ ၅:၁၂။
အသက် ၆၅ နှစ် သို့မဟုတ် ထို့ထက်ကြီးသော အမျိုးသမီးထက်ဝက်နီးပါးသည် မုဆိုးမများဖြစ်ကြောင်း စာရင်းဇယားများက ဖော်ပြသည်။ အမျိုးသမီးများသည် အမျိုးသားများထက် မုဆိုးမဖြစ်နိုင်ဖွယ် သုံးဆပိုများသောကြောင့် အိမ်ထောင်ဖက်တစ်ဦး ဆုံးပါးသွားခြင်းကို “အမျိုးသမီးများကြုံတွေ့ရသောဖြစ်ရပ်” တစ်ခုဟုခေါ်သည်။ ယင်းက အမျိုးသားများ ခံစားရမည်မဟုတ်ဟု မဆိုလိုချေ။ အမှန်မှာ၊ သန်းနှင့်ချီသောလူတို့သည် ဝမ်းနည်းကြေကွဲစရာကောင်းသော ထိုအခြေအနေကို တွေ့ကြုံနေရသည်။ သင်လည်း သူတို့ကဲ့သို့ တွေ့ကြုံနေရသလော။
သင်သည် အမျိုးသားဖြစ်ပါစေ၊ အမျိုးသမီးဖြစ်ပါစေ ထိုအခြေအနေကြောင့် ဝမ်းနည်းကြေကွဲနေရလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။ ထိုသို့သောဝမ်းနည်းကြေကွဲမှုကို ရင်ဆိုင်ဖြေရှင်းရန် သမ္မာကျမ်းစာမှ အကူအညီရနိုင်သလော။ အချို့သော မုဆိုးမများနှင့် မုဆိုးဖိုများသည် မည်သို့ရင်ဆိုင်ခဲ့ကြသနည်း။ ကိစ္စရပ်တိုင်းအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းတစ်ခုဟူ၍ မရှိသော်လည်း အကူအညီဖြစ်စေနိုင်သည့် မူများနှင့်အကြံပြုချက်များ ရှိပါသည်။
ဆုံးရှုံးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း
ငိုကြွေးခြင်းသည် ပျော့ညံ့သောလက္ခဏာတစ်ခုဖြစ်သည် သို့မဟုတ် ထိခိုက်စေသည်ဟုပင် တချို့ကဆိုကြသည်။ သို့သော် မုဆိုးမတစ်ဦးဖြစ်သူ စိတ်ပညာရှင် ဒေါက်တာဂျွိုက်စ်ဘရားသာက မျက်ရည်ကျခြင်းကို စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုခြင်းနှင့် နှိုင်းယှဉ်ပြသည်။ အမှန်မှာ၊ ငိုကြွေးခြင်းသည် ဝမ်းနည်းကြေကွဲမှု၏ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ခံစားချက်များကို သက်သာစေသည်။ ထို့ကြောင့် မျက်ရည်ကျဖို့ မရှက်ပါနှင့်။ ၎င်းနှင့်ပတ်သက်၍ စံနမူနာတစ်ခုကို သမ္မာကျမ်းစာတွင် တွေ့ရှိရသည်။ အာဗြဟံသည် ထူးခြားသော ယုံကြည်ခြင်းရှိသူတစ်ဦးဖြစ်ပြီး ဘုရားသခင်၏မိတ်ဆွေဟု အခေါ်ခံရသည့် အခွင့်ထူးကိုလည်း ရရှိခဲ့သည်။ သို့တိုင် သူသည် ချစ်ဇနီးစာရာ ကွယ်လွန်သွားသောအခါ “စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာ လာ၏။”—ကမ္ဘာဦး ၂၃:၂။
အချိန်အတော်ကြာ တစ်ဦးတည်းနေလိုခြင်းသည် သာမန်ဖြစ်သော်လည်း သု. ၁၈:၁၊ သမ္မာ) သို့အစား မိမိကို စာနာပေးတတ်သော ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ထောက်မမှုကို ရှာယူပါ။ ယင်းနှင့်စပ်လျဉ်း၍ ကောင်းမွန်သော ပြင်ဆင်ပေးချက်တစ်ခုမှာ ခရစ်ယာန်အသင်းတော်ဖြစ်သည်။ ထိုတွင် ရင့်ကျက်သူများရှိပြီး သူတို့သည် အကူအညီလိုအပ်နေသူများကို ထောက်မမှုနှင့် အကြံဉာဏ်များ ပေးနိုင်ကြသည်။—ဟေရှာယ ၃၂:၁၊ ၂။
တစ်သီးပုဂ္ဂလမနေပါနှင့်။ “သူတစ်ပါးနှင့် မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာ ရှာဖွေ” တတ်၏ဟု သမ္မာကျမ်းစာက သတိပေးသည်။ (ဝမ်းနည်းကြောင်း ရေးပို့သော စာများနှင့်ကတ်များကို ပြန်လည်ရေးသားပေးပို့ခြင်းသည် တချို့အတွက် အကူအညီဖြစ်စေ၏။ ယင်းသို့ပြုလုပ်ရာတွင် သင့်အိမ်ထောင်ဖက်၏ ကောင်းကွက်များနှင့် သင်တို့အတူရှိခဲ့ချိန်များအကြောင်း သင်မှတ်မိရာများကို ချရေးခွင့်ရစေနိုင်သည်။ ဓာတ်ပုံများ၊ စာများနှင့် မှတ်စုတိုများဖြင့် အမှတ်တရစာအုပ်ထားရှိခြင်းကလည်း သင်ခံစားနေရသော ဝေဒနာကို သက်သာစေနိုင်သည်။
မကြာသေးမီက အိမ်ထောင်ဖက် သေဆုံးသွားခြင်းကြောင့် စိတ်ရှုပ်ထွေးပြီး တွေဝေနေခြင်းသည် သဘာဝဖြစ်သော်လည်း သင်လုပ်နေကျအလုပ်များကို ဆက်လုပ်ဆောင်သွားခြင်းက အထောက်အကူဖြစ်စေနိုင်သည်။ ဥပမာ၊ သင်သည် အိပ်စက်အနားယူရန်၊ မနက်အိပ်ရာထရန်၊ အစာစားရန်၊ အိမ်မှုကိစ္စပြုလုပ်ရန် အချိန်သတ်မှတ်ထားလျှင် ထိုအတိုင်းဆက်ပြုလုပ်ဖို့ ကြိုးစားပါ။ မခံမရပ်နိုင်အောင် ဝမ်းနည်းကြေကွဲနေမည်ဆိုလျှင် အိမ်ထောင်မင်္ဂလာနှစ်ပတ်လည်နေ့ကဲ့သို့သော အထူးနေ့များနှင့် စနေ၊ တနင်္ဂနွေနေ့များတွင် သင်ပြုလုပ်မည့်အရာများကို ကြိုတင်စီစဉ်ထားပါ။ ဘုရားသခင်နှင့် သင့်ဆက်ဆံရေးကောင်းကို ဆက်ထိန်းထားဖို့ အလွန်အရေးကြီးသည်။—၁ ကောရိန္သု ၁၅:၅၈။
မခံမရပ်နိုင်အောင် စိတ်ဖိစီးခံနေရလျှင် လွဲမှားစွာ ဆုံးဖြတ်ချက်ချဖို့ လွယ်ကူပေမည်။ စိတ်ထားမမှန်သူများသည် သင့်အခြေအနေကို အခွင့်ကောင်းယူဖို့ပင် ကြိုးစားကြပေမည်။ ထို့ကြောင့် သင့်အိမ်ကိုရောင်းခြင်း၊ ကြီးမားသောရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ နောက်တစ်ယောက်နှင့် အိမ်ထောင်ပြုခြင်းအစရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များကို အလျင်အမြန် မချလိုက်ပါနှင့်။ ပညာရှိစကားတစ်ခွန်းက ဤသို့ဆိုသည်– “လုံ့လဝီရိယရှိသောသူ၏ နည်းလမ်းသည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ ပျင်းရိသောသူ၏ နည်းလမ်းသည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။” (သု. ၂၁:၅၊ သမ္မာ) သင့်စိတ်တည်ငြိမ်သည့်အထိ စောင့်ဆိုင်းပြီးမှသာ ထိုသို့သော ကြီးမားသည့်ပြောင်းလဲမှုများကို ပြုလုပ်သင့်သည်။
သင့်အိမ်ထောင်ဖက်၏ ကိုယ်ပိုင်ပစ္စည်းများကို ကိုင်တွယ်မိသည့်အခါ အလွန်စိတ်ထိခိုက်နိုင်သည်။ အထူးသဖြင့် သင်တို့အတူ နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်ဆိုလျှင် ပို၍ပင် စိတ်ထိခိုက်နိုင်သည်။ အမှန်မှာ ယင်းသည် ဝမ်းနည်းကြေကွဲမှု၏ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။ ဝမ်းနည်းကြေကွဲမှု ကြာရှည်လာပါက ကိုယ်စိတ်နှစ်ပါး ပင်ပန်းနွမ်းလျလာနိုင်သည်။ (ဆာလံ ၆:၆) အချို့သည် တစ်ဦးတည်းကျိတ်၍ ဝမ်းနည်းပူဆွေးတတ်ကြသည်။ အချို့သည် ကိစ္စတစ်ခုကိုလုပ်ဆောင်ရင်း သတိရလာသည့် အမှတ်ရစရာများကို မိတ်ဆွေရင်းတစ်ဦးအား ပြောပြခြင်းက အထောက်အကူဖြစ်ကြောင်း သိရှိလာကြ၏။ သေစာရင်းရယူခြင်း၊ အစိုးရဌာနများ၊ ဘဏ်များနှင့် အကြွေးဝယ်ကတ်ပြားကုမ္ပဏီများသို့ အကြောင်းကြားခြင်း၊ ပိုင်ဆိုင်မှုအမည်များ ပြောင်းလဲခြင်း၊ သေဆုံးမှုအတွက် ထောက်ပံ့ကြေးရယူခြင်း၊ ဆေးဝါးကုသစရိတ် ပေးဆောင်ခြင်း အစရှိသော ရုံးပိုင်းဆိုင်ရာလုပ်ငန်းများအတွက် မိတ်ဆွေ သို့မဟုတ် ဆွေမျိုးတစ်ဦးထံ အကူအညီတောင်းပါ။
အကျင့်ပျက်သော လောကတွင် ကျွန်ုပ်တို့နေထိုင်နေကြောင်း သတိရပါ။ ယခု သင်သည် တစ်ဦးတည်း အထီးကျန်နေပြီ။ ရိုးသားစင်ကြယ်စွာ နေထိုင်ရန် သင်၏ကြိုးစားအားထုတ်မှုများသည် စမ်းသပ်ခံရနိုင်သည်။ “သင်တို့အသီးသီးသည် သန့်ရှင်း၍ ဂုဏ်အသရေရှိသူများဖြစ်စေရန် မိမိ၏ခန္ဓာကိုယ်ကို မည်သို့ထိန်းချုပ်ရမည်ကို သင်တို့ သိရှိစေရန်လည်းကောင်း၊ ဘုရားသခင်ကို မသိသော လူမျိုးခြားတို့ကဲ့သို့ သွေးသားဆန္ဒပြင်းပြခြင်း မရှိစေရန်လည်းကောင်း” ဖြစ်၏ဟူသော တမန်တော်ပေါလု၏စကားများသည် ယနေ့ခေတ်အတွက် အချိန်တန်စကားများဖြစ်သည်မှာ အမှန်ပင်။ (၁ သက်သာလောနိတ် ၄:၄၊ ၅) ထို့ကြောင့် အချစ်ရေး သို့မဟုတ် လိင်ကိစ္စကို ဇောင်းပေးထားသည့် ရုပ်ရှင်များ၊ စာအုပ်များနှင့် တေးဂီတများကို ရှောင်ခြင်းသည် ပညာရှိရာရောက်၏။
ပုံမှန်အတိုင်း ပြန်ဖြစ်လာရန် အချိန်ယူရမည်ကို နားလည်ထားပါ။ ပူဆွေးကျန်ရစ်သော အိမ်ထောင်ဖက်သည် ကာယရေးနှင့် စိတ်ပိုင်းဆိုင်ရာတွင် ပုံမှန်အတိုင်း ပြန်ဖြစ်လာရန် အနည်းဆုံး ၁၈ လအထိ ကြာတတ်သည်ဟု လူမှုရေးသုတေသနအတွက် မစ်ရှီဂန်တက္ကသိုလ်မှ ဂလာတိ ၅:၂၂၊ ၂၃) သင်သည် လောလောဆယ်တွင် ထိုသို့ခံရပ်နိုင်မည်မဟုတ်ဟု ထင်မှတ်မည်ဖြစ်သော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ အခြေအနေ တိုးတက်လာပါလိမ့်မည်။
ပြုလုပ်သည့်လေ့လာမှုတစ်ခုက ဖော်ပြကြောင်း ယူအက်စ်အေ တူဒေးမဂ္ဂဇင်းတွင် ရေးသားထားသည်။ ခံနိုင်ရည်ရှိရန် ဘုရားသခင်ထံ ဆုတောင်းပါ။ ကိုယ်တော်၏စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးက ခံနိုင်ရည်ကို အားဖြည့်ပေးပါလိမ့်မည်။ (လူတချို့ အောင်မြင်ကျော်လွှားနိုင်ခဲ့ပုံ
အိမ်ထောင်သက်တမ်း အနှစ် ၄၀ ရှိသော အဲန်နာသည် မကြာသေးမီက ခင်ပွန်းကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းပူဆွေးလျက်ရှိသည်။ “ကျွန်မအသက် ၁၃ နှစ်မှာ အမေဆုံးသွားတယ်။ ပြီးတော့ အဖေရယ်၊ အစ်ကိုနှစ်ယောက်ရယ်၊ ညီမလေးရယ် ရှေ့ဆင့်နောက်ဆင့် ဆုံးသွားကြတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူတို့ဆုံးသွားတုန်းက ကျွန်မခင်ပွန်း ဆုံးတဲ့အချိန်ကလောက် အရမ်းမခံစားခဲ့ရဘူး။ ခင်ပွန်းဆုံးသွားတော့ ကျွန်မကို နှစ်ပိုင်းပိုင်းလိုက်သလို အရမ်းဝမ်းနည်းကြေကွဲခဲ့ရတယ်။” သူ၏နာကျင်ကြေကွဲမှုကို အဘယ်အရာက ခံရပ်စေခဲ့သနည်း။ “ဒဲရယ်လ်ရဲ့ အရည်အသွေးကောင်းတွေကို နှစ်သက်လေးစားကြောင်း ရေးပို့တဲ့ အီးမေးလ်တွေနဲ့ ကတ်တွေကို စုပေါင်းပြီး စာအုပ်အကြီးကြီးတစ်အုပ် ကျွန်မ လုပ်ထားတယ်။ အဲဒီအီးမေးလ်နဲ့ ကတ်တွေမှာ သူ့အကြောင်းနဲ့ပတ်သက်ပြီး ထူးထူးခြားခြားလေးတွေ ရေးထားကြတယ်။ ယေဟောဝါဘုရားသခင်လည်း သူ့ကို သတိတရရှိပြီး ရှင်ပြန်ထမြောက်ခွင့်ပေးမယ်ဆိုတာ ကျွန်မ ယုံကြည်စိတ်ချတယ်။”
ရှစ်ဆယ့်ရှစ်နှစ်အရွယ် အက်စတာသည် မိမိခံရပ်နိုင်ခဲ့ရသည့်အကြောင်းရင်းကို ဤသို့ပြောပြသည်– “၄၆ နှစ်ကြာ ပေါင်းသင်းပြီးတဲ့နောက် ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဆုံးအရာကတော့ အထီးကျန်မှုပါပဲ။ ဒါပေမဲ့ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းစေမယ့် ကိစ္စရပ်တွေမှာ အလုပ်များနေမယ်ဆိုရင် စိတ်သက်သာရာရမယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ ကျွန်မလုပ်နေကျအတိုင်း ခရစ်ယာန်အစည်းအဝေးတွေတက်တာ၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာ၊ ကိုယ်ပိုင်လေ့လာမှုတွေ လုပ်တာကို မပြတ်ခဲ့ဘူး။ တခြားသူတွေနဲ့ ပေါင်းသင်းတာကလည်း စိတ်လက်ပေါ့ပါးစေတယ်။ ကျွန်မစကားကို နားထောင်ပေးမယ့် မိတ်ဆွေတွေကို ရှာပြီးပေါင်းသင်းတယ်။ သူတို့က နှစ်သိမ့်စကား အမြဲတမ်းမပြောပေမဲ့ ကျွန်မပြောတာကို အချိန်ပေးပြီး နားထောင်တာကိုပဲ ကျေးဇူးတင်လှပါပြီ။”
အိမ်ထောင်သက် ၄၈ နှစ်ကြာပြီးနောက် ဇနီးဖြစ်သူသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသောအခါ ရောဘတ်က ဤသို့ပြောပြသည်– “ကျွန်တော်တို့နှစ်ယောက်အတူ စကားတွေပြောခဲ့ကြ၊
ဆုံးဖြတ်ချက်တွေချခဲ့ကြ၊ ခရီးထွက်ခဲ့ကြ၊ အားလပ်ရက်အပန်းဖြေခဲ့ကြ၊ တစ်နေ့တာရဲ့ တွေ့ကြုံမှုတွေကို မျှဝေခဲ့ကြတယ်။ သူဆုံးပါးသွားတော့ ကျွန်တော် အရမ်းနေရခက်တယ်။ ကျွန်တော် မနည်းကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ အရှုံးမပေးဘဲ ဘ၀ကို ရှေ့ဆက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ စိတ်ရောကိုယ်ပါ တက်ကြွလှုပ်ရှားနေတာက အထောက်အကူပေးတယ်။ ဘုရားသခင်ကို ဆုတောင်းတာကလည်း စိတ်သက်သာမှု အများကြီးရတယ်။”ဆုံးရှုံးမှုပြီးနောက် အဓိပ္ပာယ်ပြည့်ဝသော အသက်တာ
ချစ်မြတ်နိုးရသောကြင်ဖော် ဆုံးပါးသွားခြင်းက လူတစ်ဦး တွေ့ကြုံရသမျှတွင် စိတ်အထိခိုက်ဆုံး အဖြစ်အပျက်တစ်ခုဖြစ်သော်လည်း ယင်းက ဘဝနိဂုံးမဟုတ်ချေ။ အကောင်းဘက်က ကြည့်လျှင် ယခင်က သင်အချိန်မပေးနိုင်သော ဝါသနာပါရာများကို ပြုလုပ်ရန် သို့မဟုတ် အပျော်ခရီးများထွက်ရန် ယခု အခွင့်အရေးရပေမည်။ ထိုသို့ပြုလုပ်ခြင်းက သင်၏လစ်ဟာနေသော ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်သည်။ အချို့သူများသည် ခရစ်ယာန်ဓမ္မအမှုတွင် ယခင်ကထက် ပို၍ပါဝင်ခွင့် ရရှိကြပေမည်။ ထိုနည်းဖြင့် တခြားသူများကို ကူညီပေးလျှင် ရွှင်လန်းမှုနှင့် စိတ်ကျေနပ်မှု ရရှိမည်ဟု အာမခံထားသည်။ အကြောင်းမှာ ယေရှုက “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” ဟုမိန့်ဆိုထား၍ဖြစ်၏။—တမန်တော် ၂၀:၃၅။
သင်သည် ဘယ်တော့မှ ပျော်နိုင်တော့မည်မဟုတ်ဟု မထင်လိုက်ပါနှင့်။ ယေဟောဝါဘုရားသခင်ကို သင်အားထားမည်ဆိုလျှင် သင့်ကို ဂရုစိုက်စောင့်ရှောက်တော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချပါလေ။ ဆာလံဆရာ ဒါဝိဒ်က ဤသို့ဆိုသည်– ‘ထာဝရဘုရားသခင်သည် မုဆိုးမတို့ကို ထောက်မတော်မူ၏။’ (ဆာလံ ၁၄၆:၉) ယေဟောဝါသည် “သနားကြင်နာတတ်သည့်အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ဖြစ်သည့်အပြင် “လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ” သောအရှင်ဖြစ်သည်ဟုလည်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်ကို သိရှိရသည့်အတွက် ကျေနပ်အားရစရာပင်။ (၂ ကောရိန္သု ၁:၃; ဆာလံ ၁၄၅:၁၆) မေတ္တာရှင်ဘုရားသခင် ယေဟောဝါသည် မိမိအား ထက်သန်စွာ အကူအညီတောင်းခံသူများကို ကူညီပေးနိုင်သည့်ပြင် ကူညီပေးရန်လည်း အမြဲအသင့်ရှိတော်မူသည်။ ‘ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်ထံတော်မှ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏’ ဟူ၍ သီဆိုခဲ့ကြသော ရှေးခေတ်အစ္စရေးလူတို့၏ ခံစားချက်မျိုး သင်၌ ရှိပါစေ။—ဆာလံ ၁၂၁:၁၊ ၂။
[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]
သန်းနှင့်ချီသောလူတို့သည် အိမ်ထောင်ဖက် ဆုံးပါးသွားခြင်းကြောင့် အထီးကျန်ပြီး ဝမ်းနည်းကြေကွဲနေကြသည်။ သင်လည်း သူတို့ကဲ့သို့ ခံစားနေရသလော
[စာမျက်နှာ ၂၁ ပါလေးထောင့်ကွက်]
နောက်အိမ်ထောင်ပြုလျှင်ကော အသို့နည်း
သေခြင်းသည် အိမ်ထောင်ရေးနှောင်ကြိုးကို အဆုံးသတ်ခြင်း ဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသောကြောင့် ကျန်ရစ်ခဲ့သော အိမ်ထောင်ဖက်သည် နောက်ထပ်အိမ်ထောင်ပြုခွင့်ရှိ၏။ (၁ ကောရိန္သု ၇:၃၉) သို့ရာတွင် ထိုဆုံးဖြတ်ချက်ကို ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သည်။ မိဘ၏ဆုံးဖြတ်ချက်ကို သားသမီးများက သိရှိပြီးနောက် မိဘကို တတ်နိုင်သမျှ ကူညီပေးဖို့ အရေးကြီးသည်။ (ဖိလိပ္ပိ ၂:၄) ဥပမာ၊ အန်ဒရေစ်သည် ဖခင် နောက်အိမ်ထောင်ပြုခြင်းကို အစပိုင်းတွင် ကန့်ကွက်ခဲ့သည်။ သူသည် မိခင်ကို အလွန်ချစ်သောကြောင့် မိခင်နေရာတွင် မည်သူ့ကိုမျှ အစားမထိုးသင့်ဟု ယူဆခဲ့သည်။ “ဒါပေမဲ့ အဖေရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာ ကျွန်တော် နောက်မှပဲ သိလိုက်ရတယ်။ အိမ်ထောင်ပြုလိုက်တော့မှပဲ အဖေက ပြန်ပြီးလန်းဆန်းတက်ကြွလာတယ်။ အချိန်အတော်ကြာတဲ့အထိ အိမ်တွင်းအောင်းခဲ့တဲ့အဖေက ပြန်ပြီးလှုပ်ရှားလာတယ်။ အဖေ့ကို ကာယရေးအရရော၊ စိတ်လှုပ်ရှားမှုပိုင်းမှာပါ ကောင်းကောင်းကြည့်ရှုစောင့်ရှောက်ပေးတဲ့ အဖေရဲ့ဇနီးသစ်ကို ကျွန်တော် ကျေးဇူးတင်မိတာ အမှန်ပါပဲ။”
[စာမျက်နှာ ၂၀၊ ၂၁ ပါရုပ်ပုံ]
အလုပ်များနေခြင်းနှင့် ခံနိုင်ရည်အတွက် ဘုရားသခင်ထံ ဆုတောင်းခြင်းတို့က ပုံမှန်အတိုင်း ပြန်ဖြစ်စေ