“အဘယ်ကြောင့် ကျွန်ုပ်တို့ ဤလောကတွင် ရောက်ရှိနေရသနည်း”
“အဘယ်ကြောင့် ကျွန်ုပ်တို့ ဤလောကတွင် ရောက်ရှိနေရသနည်း”
နိုဘယ်လ်ဆုရှင်လည်းဖြစ်၊ နာဇီတို့၏မီးလောင်တိုက်သွင်းခြင်းမှ လွတ်မြေက်ခဲ့သူလည်းဖြစ်သော အဲလီဝီဆဲလ်က “လူသားတိုင်း အရေးအကြီးဆုံးသောမေးခွန်းနှင့် ရင်ဆိုင်ရမည်” ဟုတစ်ချိန်ကဆိုခဲ့သည်။ အဘယ်မေးခွန်းနည်း။ ယင်းမှာ “အဘယ်ကြောင့် ကျွန်ုပ်တို့ ဤလောကတွင် ရောက်ရှိနေရသနည်း။”
ထိုမေးခွန်းကို သင်စဉ်းစားခဲ့ဖူးပါသလော။ လူအများသည် စဉ်းစားခဲ့ကြသော်လည်း အဖြေမရခဲ့ကြချေ။ ဘဝ၏အဓိပ္ပာယ်ကိုဖော်ထုတ်ရန် ကြိုးပမ်းသောဗြိတိန်လူမျိုးသမိုင်းပညာရှင် အာနိုး တွိုင်ဘီက ဤသို့ရေးသားခဲ့သည်– “လူ၏စစ်မှန်သောရည်ရွယ်ချက်ပန်းတိုင်ဆိုသည်မှာ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၌အစဉ်ထာဝရမွေ့လျော်ခြင်းဖြစ်သည်။”
စိတ်ဝင်စားစရာမှာ လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ကျော်က ဘဝကိုလေ့လာရာတွင် ထက်မြက်သူဟုလူသိများခဲ့သော နောက်ပုဂ္ဂိုလ်တစ်ဦးက အခြေခံကျသောအဖြေကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ပညာရှိဘုရင်ရှောလမုန်က ဤသို့ဆိုခဲ့သည်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေ. ၁၂:၁၃။
ယင်းအခြေခံမူကို ဘုရားသခင့်သားတော် ယေရှုခရစ်လည်း ထောက်ခံခဲ့သည်။ မြေကြီးပေါ်ရှိစဉ် မိမိ၏ကောင်းကင်ခမည်းတော်ကို ဂုဏ်တင်ရန် ယေရှုအပြည့်အဝအားထုတ်ခဲ့သည်။ မိမိ၏ဖန်ဆင်းရှင်အမှုတော်ကို ထမ်းရွက်ခြင်းက ယေရှု၏အသက်တာကို ချမ်းမြေ့စေခဲ့သည်။ ယင်းက ကိုယ်တော်ကို ထောက်မပေးခဲ့ရာ ဤသို့မိန့်ဆိုနိုင်ခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။”—ယောဟန် ၄:၃၄။
သို့ဖြစ်လျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ ဤလောကတွင်ရောက်ရှိနေရသနည်း။ ယေရှု၊ ရှောလမုန်နှင့် ဘုရားသခင်၏ အခြားသောကျေးကျွန်များစွာကဲ့သို့ ဘုရားသခင်၏အလိုတော်ကို ထမ်းဆောင်ခြင်းဖြင့် ဘဝ၏စစ်မှန်သောအဓိပ္ပာယ်နှင့် တည်မြဲသောပျော်ရွှင်ကို တွေ့ရှိနိုင်သည်။ ဘုရားသခင်အား ‘စိတ်ဝိညာဉ်နှင့် အမှန်တရား’ တို့ဖြင့် မည်သို့ကိုးကွယ်ရမည်ကို သင်ပိုမိုသိလိုပါသလော။ (ယောဟန် ၄:၂၄) “အဘယ်ကြောင့် ကျွန်ုပ်တို့ဤလောကတွင်ရောက်ရှိနေရသနည်း” ဟူသော မေးခွန်း၏အဖြေကိုသိရှိရန် သင့်ဒေသရှိယေဟောဝါသက်သေများသည် သင့်အားဝမ်းသာအားရကူညီပေးလိုကြသည်။