ဘုရားသခင်နှင့်အတူ သင်လျှောက်လှမ်းမည်လော
ဘုရားသခင်နှင့်အတူ သင်လျှောက်လှမ်းမည်လော
‘သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့် [“လျှောက်လှမ်း၊” ကဘ] နေလော့။’—မိက္ခာ ၆:၈။
၁၊ ၂။ ကျွန်ုပ်တို့နှင့်ပတ်သက်သည့် ယေဟောဝါ၏ခံစားချက်များကို ကလေးတစ်ဦး လမ်းလျှောက်တတ်ရန် သွန်သင်ပေးသည့် မိဘတစ်ဦး၏ခံစားချက်များနှင့် မည်သို့ပုံခိုင်းနိုင်သနည်း။
မခိုင့်တခိုင်ရပ်နေသော ကလေးတစ်ဦးသည် မိမိကိုလှမ်းခေါ်နေသော မိဘဆီသို့သွားရန် ပထမဆုံး ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။ ယင်းသည် ဘာမျှမဟုတ်ဟုထင်ရသော်လည်း မိဘများ၏အမြင်တွင်မူ နောင်ရေးအလားအလာကောင်းကိုဖော်ပြသည့် ဘဝမှတ်တိုင်တစ်ခုဖြစ်သည်။ မိဘများသည် လာမည့်လများ၊ နှစ်များတစ်လျှောက် မိမိ၏ကလေးနှင့်အတူ လက်ချင်းတွဲ၍ လျှောက်လှမ်းရန် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ သူတို့သည် မိမိတို့ကလေးအား နောင်အနာဂတ်အထိ နည်းမျိုးပေါင်းစုံဖြင့် လမ်းညွှန်မှု၊ ထောက်ပံ့မှုတို့ပေးနိုင်ရန် မျှော်လင့်ကြသည်။
၂ ယေဟောဝါဘုရားသခင်သည်လည်း မိမိ၏မြေကြီးသားသမီးများအပေါ် အလားတူခံစားချက်မျိုးရှိ၏။ ကိုယ်တော်သည် မိမိ၏ဣသရေလလူမျိုး သို့မဟုတ် ဧဖရိမ်နှင့်စပ်လျဉ်း၍ တစ်ချိန်က ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် သွားတတ်သောအတတ်ကို ဧဖရိမ်အား လက်ဆွဲ၍သွန်သင်၏။ . . . လူကိုဆွဲတတ်သောကြိုးတည်းဟူသော မေတ္တာကြိုးနှင့် ငါဆွဲငင်၏။” (ဟောရှေ ၁၁:၃၊ ၄) ဤကျမ်းချက်တွင် ယေဟောဝါသည် ကလေးငယ်တစ်ဦးကို လမ်းလျှောက်တတ်ရန် စိတ်ရှည်ရှည်ဖြင့် သင်ပေးပြီး လဲကျတော့မည့်အချိန်တွင် လှမ်းဆွဲပေးတတ်သည့် မေတ္တာရှိဖခင်တစ်ဦးအဖြစ် မိမိကိုယ်ကို ပုံခိုင်းပြထား၏။ အကောင်းဆုံးဖခင်ဖြစ်သော ယေဟောဝါသည် ကျွန်ုပ်တို့ မည်သို့လျှောက်လှမ်းရမည်ကို သွန်သင်ပေးလိုစိတ် ပြင်းပြ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ ရှေ့ဆက်သွားနေစဉ် ကျွန်ုပ်တို့နှင့်အတူ လိုက်ပါရခြင်းကိုလည်း အားရကျေနပ်တော်မူသည်။ အဓိကကျမ်းချက်တွင် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ကြသည်။ (မိက္ခာ ၆:၈၊ ကဘ) သို့သော် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဟူသည် အဘယ်နည်း။ အဘယ်ကြောင့် ထိုသို့လျှောက်လှမ်းဖို့လိုသနည်း။ ယင်းသည် မည်သို့ဖြစ်နိုင်သနည်း။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းလျှင် အဘယ်ကောင်းချီးများ ရရှိမည်နည်း။ အဆိုပါမေးခွန်းလေးခုကို တစ်ခုချင်းစီ သုံးသပ်ကြည့်ကြစို့။
ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဟူသည် အဘယ်နည်း
၃၊ ၄။ (က) ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသည့် သရုပ်ဖော်ချက်နှင့်ပတ်သက်၍ အဘယ်အရာက ထူးခြားမှတ်သားလောက်ဖွယ်ကောင်းသနည်း။ (ခ) ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဟူသည် အဘယ်နည်း။
၃ အမှန်ဆိုသော် အသွေးအသားခန္ဓာရှိ လူတစ်ဦးသည် နာမ်ဝိညာဉ်ဖြစ်တော်မူသော ယေဟောဝါနှင့်အတူ လက်တွေ့အားဖြင့် လျှောက်လှမ်းနိုင်မည်မဟုတ်ချေ။ (ထွက်မြောက်ရာ ၃၃:၂၀; ယောဟန် ၄:၂၄) သို့ဖြစ်၍ လူသားများသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းကြသည်ဟု သမ္မာကျမ်းစာက ဆိုသည့်အခါ တင်စားသုံးနှုန်းထားခြင်းဖြစ်၏။ ယင်းသည် အချိန်အခါနေရာဒေသမရွေး မည်သည့်လူမျိုး၊ ယဉ်ကျေးမှု၌မဆို အားလုံးနှင့်သက်ဆိုင်သော ထူးခြားမှတ်သားလောက်ဖွယ် သရုပ်ဖော်ချက်ဖြစ်သည်။ လူတစ်ဦးသည် တခြားတစ်ဦးနှင့်အတူ လျှောက်လှမ်းသည်ဟူသော အတွေးကို နေရာမရွေး၊ အချိန်ကာလမရွေး လူတို့နားလည်ကြသည်။ ဤသရုပ်ဖော်ချက်သည် ခင်မင်ရင်းနှီးမှုသဘောဆောင်သည်မဟုတ်လော။ ဤခံစားချက်များသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသည်ဟူသော အသုံးအနှုန်း၏ အဓိပ္ပာယ်ကို ထိုးထွင်းသိမြင်စေသည်။ သို့သော် အသေးစိတ်သုံးသပ်ကြည့်ကြစို့။
၄ သစ္စာရှိဧနောက်နှင့် နောဧတို့ကို အမှတ်ရပါ။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသူများဟု သူတို့ကို အဘယ်ကြောင့် ခေါ်ဆိုကမ္ဘာဦး ၅:၂၄; ၆:၉) သမ္မာကျမ်းစာတွင် “လျှောက်လှမ်း” ဟူသော ဝေါဟာရသည် လမ်းစဉ်တစ်ခုကို လိုက်လျှောက်ခြင်းဟု အဓိပ္ပာယ်သက်ရောက်လေ့ရှိသည်။ ဧနောက်နှင့် နောဧတို့သည် ယေဟောဝါဘုရားသခင်၏အလိုတော်နှင့်ညီသည့် ဘဝလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ သူတို့ဝန်းကျင်ရှိ လောကသားများနှင့်မတူဘဲ လမ်းညွှန်မှုအတွက် ယေဟောဝါကို မျှော်ကိုးပြီး ကိုယ်တော်၏ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်ကို ယုံကြည်ကိုးစားကြသည်။ သို့ပြုခြင်းကြောင့် ယေဟောဝါသည် သူတို့အတွက် ဆုံးဖြတ်ချက်များချပေးသည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ ယေဟောဝါသည် လူတို့ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားပြီး ယင်းဆုကျေးဇူးကို ကျွန်ုပ်တို့၏ “ဆင်ခြင်နိုင်စွမ်း” နှင့်တွဲ၍ အသုံးပြုစေချင်သည်။ (ရောမ ၁၂:၁၊ ကဘ) သို့သော် ကျွန်ုပ်တို့ ဆုံးဖြတ်ချက်များချသည့်အခါ ယေဟောဝါ၏အတိုင်းမသိ သာလွန်မြင့်မားသောဉာဏ်စွမ်းက ကျွန်ုပ်တို့၏ဆင်ခြင်နိုင်စွမ်းအပေါ် လွှမ်းမိုးခြင်းကို နှိမ့်ချစွာခံယူကြသည်။ (သု. ၃:၅၊ ၆; ဟေရှာယ ၅၅:၈၊ ၉) ထိုနည်းဖြင့် ကျွန်ုပ်တို့သည် ဘဝခရီးကို လျှောက်လှမ်းကြရာတွင် ယေဟောဝါနှင့် နီးနီးကပ်ကပ်ရှိနေကြ၏။
သနည်း။ (၅။ ယေရှုသည် လူတစ်ဦး၏အသက်တာ တစ်တောင်ခန့်မျှ ထပ်တိုးခြင်းအကြောင်းကို အဘယ်ကြောင့် မိန့်ဆိုခဲ့သနည်း။
၅ သမ္မာကျမ်းစာက ဘဝကို ခရီး သို့မဟုတ် အကွာအဝေးတစ်ခုနှင့် ပုံခိုင်းလေ့ရှိသည်။ ထိုပုံခိုင်းချက်သည် အချို့ကိစ္စများတွင် တိုက်ရိုက်သက်ဆိုင်သော်လည်း အချို့ကိစ္စများတွင်မူ သွယ်ဝိုက်သက်ဆိုင်၏။ ဥပမာ၊ ယေရှုက “အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၇) အဆိုပါစကားကြောင့် သင်သည် ခေါင်းရှုပ်သွားပေမည်။ ယေရှုသည် အချိန်ကာလဖြင့်တိုင်းတာသော လူတစ်ဦး၏ “အသက်တာ” တွင်အကွာအဝေးတိုင်းတာသော “တစ်တောင်” ကိုအဘယ်ကြောင့် ပေါင်းထည့်သနည်း။ * ယေရှုသည် အသက်တာကို ခရီးတစ်ခုအနေနှင့် ပုံခိုင်းဖော်ပြထားသည်မှာ ထင်ရှား၏။ အမှန်မှာ စိုးရိမ်ခြင်းသည် သင်၏အသက်တာခရီးကို ခြေတစ်လှမ်းမျှပင် မတိုးစေနိုင်ကြောင်း ကိုယ်တော် မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ထိုခရီးအကွာအဝေးကို မည်သို့မျှ တိုးစေနိုင်မည်မဟုတ်ဟု ကောက်ချက်ချသင့်သလော။ ဝေးလေစွ။ ယင်းက ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် အဘယ်ကြောင့်လိုသနည်းဟူသော ဒုတိယမေးခွန်းကို ပေါ်ပေါက်စေ၏။
ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် အဘယ်ကြောင့်လိုသနည်း
၆၊ ၇။ မစုံလင်သောလူသားများသည် အဘယ်အရာကို အလွန်လိုအပ်သနည်း။ ထိုလိုအပ်မှုကိုဖြည့်ဆည်းရန် ယေဟောဝါအား အဘယ်ကြောင့် ကိုးစားသင့်သနည်း။
၆ ယေဟောဝါဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့လိုရသည့် အကြောင်းရင်းတစ်ခုကို ယေရမိ ၁၀:၂၃ ကဤသို့ဖော်ပြသည်– ‘အိုထာဝရဘုရားသခင် လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေလှမ်းတို့ကို မထိန်းကျောင်းနိုင်သည်ကို အကျွန်ုပ်သိပါ၏။’ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ကျွန်ုပ်တို့၏ဘဝလမ်းစဉ်ကို ထိန်းကျောင်းနိုင်စွမ်းရော၊ ထိန်းကျောင်းပိုင်ခွင့်ပါ မရှိကြချေ။ ကျွန်ုပ်တို့သည် လမ်းညွှန်မှုအလွန်လိုအပ်နေကြ၏။ ဘုရားသခင်ကို မမှီခိုဘဲ မိမိဘာသာရပ်တည်ရန် ကြိုးစားသူများသည် အာဒံနှင့်ဧဝတို့ မှားခဲ့သောအမှားမျိုးကို ပြုလုပ်တတ်ကြ၏။ ကနဦးဇနီးမောင်နှံသည် အမှားအမှန်ကို မိမိတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ယူမှတ်ကြ၏။ (ကမ္ဘာဦး ၃:၁-၆) ကျွန်ုပ်တို့တွင် ထိုသို့ဆုံးဖြတ်ပိုင်ခွင့်မရှိကြချေ။
၇ ဘဝခရီးတွင် လမ်းညွှန်မှုလိုအပ်သည်ဟု အသင် မယူမှတ်ပေလော။ ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက် အကြီးအငယ်မှန်သမျှကို နေ့စဉ် ချနေကြရ၏။ ယင်းတို့မှအချို့သည် ဆုံးဖြတ်ရခက်ပြီး ကျွန်ုပ်တို့၏အနာဂတ်ကိုသာမက ကျွန်ုပ်တို့ချစ်ရသူများ၏ အနာဂတ်ကိုပါ သက်ရောက်မှုရှိနိုင်သည်။ သို့သော် ကျွန်ုပ်တို့ထက် အတိုင်းအဆမဲ့ အသက်ပိုကြီးပြီး ဉာဏ်ပညာပိုရှိသူတစ်ဦးသည် အဆိုပါဆုံးဖြတ်ချက်များချနိုင်ရန် မေတ္တာနှင့် လမ်းညွှန်ပေးလိုသည်။ ဝမ်းနည်းစရာမှာ ယနေ့ လူအများစုသည် မိမိတို့၏အဆုံးအဖြတ်ကို ကိုးစားပြီး မိမိတို့၏ခြေလှမ်းများကို မိမိတို့ဘာသာ ထိန်းကျောင်းလိုကြသည်။ နယပုံပြင် ၂၈:၂၆ တွင်ဖော်ပြထားသော ဤအမှန်တရားကို သူတို့ ဥပေက္ခာပြုကြ၏– “မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့်ကျင့်သောသူမူကား ဘေးလွတ်တတ်၏။” စဉ်းလဲသောလူ့စိတ်နှလုံးကို ကိုးစားခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးဒဏ်များကို ကျွန်ုပ်တို့အား ယေဟောဝါ မခံစားစေလိုချေ။ (ယေရမိ ၁၇:၉) ကိုယ်တော်သည် ကျွန်ုပ်တို့ ပညာသတိနှင့်ကျင့်ပြီး မိမိအား ပညာရှိလမ်းညွှန်သွန်သင်ပေးရှင်အဖြစ် ယုံကြည်ကိုးစားရန် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့ ထိုသို့ပြုသည့်အခါ ကျွန်ုပ်တို့၏ဘဝခရီးတွင် လုံခြုံစိတ်ချမှု၊ အားရကျေနပ်မှုတို့နှင့် ပြည့်ဝနေမည်ဖြစ်သည်။
၈။ အပြစ်နှင့်မစုံလင်မှုတို့က လူသားများကို အဘယ်ခရီးလမ်းဆုံးသို့ ပို့ပေးလေ့ရှိသနည်း။ သို့တိုင် ယေဟောဝါသည် ကျွန်ုပ်တို့ကို မည်သို့ဖြစ်စေလိုသနည်း။
၈ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့လိုရသည့် နောက်အကြောင်းရင်းတစ်ခုသည် ကျွန်ုပ်တို့လျှောက်လှမ်းလိုသည့် အကွာအဝေးနှင့်သက်ဆိုင်၏။ ဝမ်းနည်းဖွယ်အမှန်တရားကို သမ္မာကျမ်းစာက ဖော်ပြသည်။ တစ်နည်းအားဖြင့်ဆိုသော် မစုံလင်သောလူသားအားလုံးသည် တစ်ခုတည်းသောခရီးလမ်းဆုံးသို့ သွားနေကြ၏။ သက်ကြီးဒေ. ၁၂:၅ ကဤသို့ဆိုသည်– “လူသည် ထာဝရနေရာသို့သွားဆဲရှိ၍ ငိုချင်းသည်တို့သည် လမ်းများ၌ လှည့်လည်ကြ၏။” အဆိုပါ “ထာဝရနေရာ” ဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် အပြစ်နှင့် မစုံလင်မှုကြောင့် ရောက်သွားလေ့ရှိသည့်နေရာ၊ သင်္ချိုင်းကိုဆိုလိုသည်။ (ရောမ ၆:၂၃) သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့ မွေးရာမှ သေသည်အထိ ဆင်းရဲခက်ခဲမှုများသော ခရီးတိုလျှောက်ခြင်းကိုသာ လိုလားတော်မူသည်မဟုတ်ချေ။ (ယောဘ ၁၄:၁) ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းအားဖြင့်သာ ကျွန်ုပ်တို့အား ကိုယ်တော် လျှောက်စေလိုသော အဆုံးမဲ့ကာလအထိ လျှောက်သွားနိုင်မည်ဖြစ်သည်။ ထိုသို့သင်လျှောက်လှမ်းလိုသည်မဟုတ်လော။ သို့ဖြစ်လျှင် သင်၏ခမည်းတော်နှင့်အတူ လျှောက်လှမ်းဖို့လိုကြောင်း ထင်ရှားပါသည်။
ပိုင်းတွင်ခံရသည့် အခက်အခဲများကို ဖော်ပြရာတွင်ဘုရားသခင်နှင့်အတူ မည်သို့လျှောက်လှမ်းနိုင်သနည်း
၉။ တစ်ခါတစ်ရံ ယေဟောဝါသည် အဘယ်ကြောင့် မိမိ၏လူတို့ကို အတွေ့မခံဘဲ ပုန်းရှောင်သနည်း။ သို့သော် ဟေရှာယ ၃၀:၂၀ အရ အဘယ်အာမခံချက်ကို ကိုယ်တော်ပေးခဲ့သနည်း။
၉ ကျွန်ုပ်တို့စဉ်းစားသုံးသပ်ရမည့် တတိယမေးခွန်းသည် အထူးဂရုစိုက်ရန် အသင့်တော်ဆုံးမေးခွန်းဖြစ်သည်။ ဘုရားသခင်နှင့်အတူ မည်သို့လျှောက်လှမ်းနိုင်သနည်းဟူသော မေးခွန်းဖြစ်၏။ အဖြေကို ဟေရှာယ ၃၀:၂၀၊ ၂၁ တွင်ဤသို့တွေ့ရသည်– ‘သင်၏ဆရာ [“မဟာသွန်သင်ရှင်၊” ကဘ] သည်နောက်တစ်ဖန် ပုန်းရှောင်၍မနေ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာ [“မဟာသွန်သင်ရှင်၊” ကဘ] ကိုမြင်ရလိမ့်မည်။ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့” ဟုသင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။’ အားရှိစရာကောင်းသောဤအပိုင်းပါ အခန်းငယ် ၂၀ တွင်မှတ်တမ်းတင်ထားသော ယေဟောဝါ၏စကားများက ကိုယ်တော်၏လူမျိုး ပုန်ကန်သည့်အခါ ကိုယ်တော်သည် ပုန်းရှောင်နေတော်မူသည်ဟူသောအချက်ကို သူတို့အား သတိရစေပေမည်။ (ဟေရှာယ ၁:၁၅; ၅၉:၂) ဤတွင် ပုန်းရှောင်သူအဖြစ်မဟုတ်ဘဲ မိမိ၏သစ္စာရှိလူတို့ရှေ့တွင် အထင်အရှားရပ်နေသူအဖြစ် ယေဟောဝါကို ဖော်ပြထားသည်။ ကျောင်းသားများရှေ့တွင်ရပ်၍ မိမိသွန်သင်ပေးလိုသောအရာကို ပို့ချပေးနေသည့် ဆရာတစ်ဦးကို မြင်ယောင်ကြည့်နိုင်သည်။
၁၀။ “သင့်နောက်၌ပြောသော” သင့်မဟာသွန်သင်ရှင်၏ “စကားသံကို” အဘယ်သဘောမျိုးဖြင့် ကြားရသနည်း။
၁၀ အခန်းငယ် ၂၁ တွင် တခြားပုံစံတစ်မျိုးနှင့် သရုပ်ဖော်ထားသည်။ မိမိလူတို့၏နောက်မှလိုက်ပြီး လမ်းမှန်သို့ရောက်ရန် ညွှန်ကြားပေးသူအဖြစ် ယေဟောဝါကို ဖော်ပြထားသည်။ တစ်ခါတစ်ရံ သိုးထိန်းတစ်ဦးသည် သိုးများ လမ်းမမှားစေရန် နောက်မှလိုက်ကာ အသံပြုထိန်းကျောင်းပေးခြင်းကို အခြေခံ၍ ထိုသို့ဖော်ပြခြင်းဖြစ်သည်ဟု ကျမ်းစာပညာရှင်များက မှတ်ချက်ချသည်။ အဆိုပါသရုပ်ဖော်ချက်သည် ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက မှတ်တမ်းတင်ခဲ့သော စကားများကို ဖတ်ရှုခြင်းဖြင့် ဘုရားသခင်၏စကားတော်ကို လမ်းညွှန်မှုအဖြစ် ကျွန်ုပ်တို့ အားထားကြသည်။ ကြာမြင့်စွာကတည်းက ရေးသားခဲ့သော ထိုစကားများသည် ကျွန်ုပ်တို့နောက်မှ လိုက်ပါလာဘိသကဲ့သို့ဖြစ်၏။ သို့တိုင် ထိုစကားများသည် ၎င်းခေတ်နှင့်သက်ဆိုင်သကဲ့သို့ ယနေ့အတွက်လည်း သက်ဆိုင်၏။ ကျမ်းစာဆုံးမစကားသည် နေ့စဉ် ကျွန်ုပ်တို့ချရသော ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်ပေးနိုင်သည်။ ကျွန်ုပ်တို့၏အနာဂတ်ဘဝလမ်းစဉ်အတွက် ကြိုတင်စီစဉ်ရန်လည်း ကူညီပေးနိုင်သည်။ (ဆာလံ ၁၁၉:၁၀၅) အဆိုပါဆုံးမစကားကို စိတ်အားထက်သန်စွာ ရှာဖွေပြီး လိုက်နာသောအခါ ယေဟောဝါသည် ကျွန်ုပ်တို့၏လမ်းညွှန်ပေးရှင် ဖြစ်လာသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနေကြသည်။
၁၁။ ယေရမိ ၆:၁၆ အရ ယေဟောဝါသည် မိမိ၏လူမျိုးအတွက် အဘယ်ဆွဲဆောင်မှုရှိသော သရုပ်ဖော်ချက်ကို ဖော်ပြပေးသနည်း။ သို့သော် သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၁ ကျွန်ုပ်တို့သည် ဘုရားသခင့်စကားတော်ကို အမှန်ပင် အနီးကပ်လမ်းညွှန်ခွင့်ပြုနေသလော။ တစ်ခါတစ်ရံ မိမိကိုယ်ကို ရိုးသားစွာဖြင့် ခေတ္တရပ်နား၍ ဆန်းစစ်ကြည့်လျှင် အကျိုးရှိ၏။ ထိုသို့ပြုနိုင်ရန် အကူယေရမိ ၆:၁၆) အဆိုပါစကားများက လမ်းဆုံလမ်းဝတွင် ခေတ္တရပ်၍ လမ်းညွှန်မေးနေသည့် ခရီးသည်တစ်ဦးကို မြင်ယောင်စေသည်။ ဝိညာဉ်ရေးသဘောအရကြည့်လျှင် ယေဟောဝါအား ပုန်ကန်သော ဣသရေလလူမျိုးသည် ထိုနည်းတူပြုရန် လိုအပ်ခဲ့သည်။ သူတို့သည် “ရှေးလမ်းဟောင်းတို့ကို” ပြန်ရှာတွေ့ဖို့လိုသည်။ သူတို့၏သစ္စာရှိဘိုးဘေးများသည် ထို “ကောင်းသောလမ်း” တွင်လျှောက်ခဲ့ကြသော်လည်း သူတို့မူ ထိုလမ်းမှ မိုက်မဲစွာ လွဲရှောင်သွားခဲ့ကြသည်။ ဝမ်းနည်းစရာမှာ ဣသရေလလူမျိုးသည် ယေဟောဝါထံမှ မေတ္တာပါဤသတိပေးချက်ကို ခေါင်းမာမာနှင့် ငြင်းပယ်ခဲ့ကြ၏။ အဆိုပါအခန်းငယ်ကပင် ဤသို့ဆက်ပြောသည်– “‘ငါတို့သည် မလိုက်’ ဟုပြန်ပြောကြ၏။” မျက်မှောက်ခေတ် ဘုရားသခင်၏လူတို့မူ ဤဆုံးမစကားကို သူတို့နှင့်ခြားနားစွာ တုံ့ပြန်ကြသည်။
အညီဖြစ်စေမည့် ကျမ်းချက်တစ်ချက်ကို သုံးသပ်ကြည့်ပါ။ ‘ထာဝရ ဘုရားသခင်မိန့်တော်မူသည်ကား “လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက် ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင် စိတ်နှလုံးသက်သာကြလိမ့်မည်။”’ (၁၂၊ ၁၃။ (က) ခရစ်တော်၏ဝိညာဉ်တော်ဖွားနောက်လိုက်များသည် ယေရမိ ၆:၁၆ ပါဆုံးမစကားကို မည်သို့တုံ့ပြန်ကြသနည်း။ (ခ) ယနေ့ ကျွန်ုပ်တို့ လျှောက်နေသည့်လမ်းနှင့်ပတ်သက်၍ မိမိကိုယ်ကို မည်သို့ဆန်းစစ်နိုင်သနည်း။
၁၂ ၁၉ ရာစုနှောင်းပိုင်းကတည်းက ခရစ်တော်၏ဝိညာဉ်တော်ဖွားနောက်လိုက်များသည် ယေရမိ ၆:၁၆ ပါဆုံးမစကားကို ကျင့်သုံးလာခဲ့ကြသည်။ အုပ်စုတစ်စုအနေနှင့် သူတို့သည် “ရှေးလမ်းဟောင်းတို့ကို” ပြန်လှည့်လာရန် စိတ်အားထက်သန်စွာ ဦးဆောင်ခဲ့ကြသည်။ သူတို့သည် အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်နှင့်မတူဘဲ ယေရှုခရစ် ပြဋ္ဌာန်းပြီး စီ.အီး. ပထမရာစုရှိ ကိုယ်တော်၏သစ္စာရှိနောက်လိုက်များ လိုက်လျှောက်ခဲ့ကြသည့် “စင်ကြယ်သောတရားစကားပုံစံ” ကိုတည်ကြည်စွာ စွဲကိုင်ထားကြ၏။ (၂ တိမောသေ ၁:၁၃၊ သမ္မာ) ဝိညာဉ်တော်ဖွားများသည် ခရစ်ယာန်ဘောင်က ပစ်ပယ်ထားသည့် စင်ကြယ်ပြီး နှစ်မြို့ဖွယ်ဘဝပုံစံကို လိုက်စားရန် သူတို့အချင်းချင်းကိုသာမက သူတို့၏အပေါင်းအပါ “အခြားသိုး” ကိုလည်း ယနေ့ထိတိုင် ကူညီပေးလျက်ရှိသည်။—ယောဟန် ၁၀:၁၆။
၁၃ သစ္စာရှိကျေးကျွန်အတန်းအစားသည် သန်းနှင့်ချီသောသူများအား အချိန်တန်ဝိညာဉ်ရေးအစာ ကျွေးမွေးခြင်းဖြင့် “ရှေးလမ်းဟောင်းတို့ကို” ရှာတွေ့ပြီး ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် ကူညီပေးလျက်ရှိသည်။ (မဿဲ ၂၄:၄၅-၄၇) အဆိုပါသန်းနှင့်ချီသောသူတို့တွင် အသင်ပါဝင်သလော။ သို့ဆိုလျှင် ထိုရှေးလမ်းဟောင်းမှ သွေဖည်ပြီး မိမိ၏လမ်းစဉ် ပြန်လိုက်ခြင်းကို ရှောင်နိုင်ရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ဘဝတွင် အသင်လျှောက်နေသည့်လမ်းကို အချိန်မှန်မှန် စစ်ဆေးကြည့်လျှင် ပညာရှိရာရောက်၏။ သင်သည် သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို စွဲမြဲစွာဖတ်ရှုပြီး ယနေ့ ဝိညာဉ်တော်ဖွားများက ကြီးကြပ်ပေးနေသည့် သွန်သင်မှုအစီအစဉ်များကို တက်ရောက်မည်ဆိုလျှင် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် လေ့ကျင့်ပေးခံရလိမ့်မည်။ ယင်းတို့မှရရှိသော သွန်သင်ချက်များကို နှိမ့်ချစွာကျင့်သုံးလျှင် သင်သည် “ရှေးလမ်းဟောင်း” အတိုင်းလိုက်ပြီး ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနေခြင်းပင်ဖြစ်သည်။
“မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့” လျှောက်လှမ်းလော့
၁၄။ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များက မည်သို့ထင်ဟပ်ပြမည်နည်း။
၁၄ ယေဟောဝါနှင့်အတူ လျှောက်လှမ်းလိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်ရမည်။ ယေဟောဝါသည် ပုန်းရှောင်မည်မဟုတ်ကြောင်း ရှေးဣသရေလပြည်မှ သစ္စာရှိသူများအား အာမခံခဲ့သည်ကို သတိရပါ။ ထိုနည်းတူ ယနေ့လည်း ကိုယ်တော်သည် မိမိ၏လူတို့အား မဟာသွန်သင်ရှင်အဖြစ် မိမိကိုယ်ကို ထင်ရှားပြ၏။ ယေဟောဝါသည် သင်၏ရှေ့တွင်ရပ်၍ သွန်သင်ပေးနေသည့်အလား သင့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်သလော။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် ထိုသို့သောယုံကြည်ခြင်းမျိုးရှိရမည်။ မောရှေတွင် ထိုသို့သောယုံကြည်ခြင်းမျိုးရှိခဲ့သည်။ “အကြောင်းမူကား မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။” (ဟေဗြဲ ၁၁:၂၇) ယေဟောဝါသည် ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့ ဆုံးဖြတ်ချက်ချသည့်အခါတိုင်း ကိုယ်တော်၏ခံစားချက်များကို ထည့်စဉ်းစားကြလိမ့်မည်။ ဥပမာ၊ ကျွန်ုပ်တို့သည် အမှားပြုပြီး ခရစ်ယာန်အကြီးအကဲများ သို့မဟုတ် အိမ်သားများရှေ့တွင် ကျွန်ုပ်တို့၏အပြစ်များကို ကြိုးစားကွယ်ဝှက်ဖို့ စဉ်းစားဝံ့မည်မဟုတ်ချေ။ လူသားချင်းက ကျွန်ုပ်တို့ကိုမမြင်နိုင်သည့်အချိန်၌ပင် ဘုရားသခင်နှင့်လျှောက်လှမ်းရန် ကြိုးစားကြမည်။ သက်ကြီးရွယ်အိုရှင်ဘုရင်ဒါဝိဒ်ကဲ့သို့ပင် ကျွန်ုပ်တို့ ဤသို့သန္နိဋ္ဌာန်ချကြသည်– “ကိုယ့်အိမ်တွင် စုံလင်သောစိတ်နှလုံးနှင့် လိုက်လျှောက်ပါမည်။”—ဆာလံ ၁၀၁:၂ သမ္မာ။
၁၅။ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများနှင့်ပေါင်းသင်းခြင်းက ယေဟောဝါကို တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိမြင်ခံစားရရန် မည်သို့အကူအညီဖြစ်စေနိုင်သနည်း။
ဆာလံ ၁၀၃:၁၄) ဤသို့သောအားနည်းချက်ကို ကျွန်ုပ်တို့ ကျော်လွှားနိုင်ရန် ကိုယ်တော်များစွာကူညီပေးသည်။ ဥပမာ၊ ကိုယ်တော်သည် “မိမိနာမအဖို့” ကမ္ဘာမြေပေါ်ရှိ လူမျိုးတကာတို့မှ ‘လူတို့ကို’ စုသိမ်းခဲ့၏။ (တမန်တော် ၁၅:၁၄) ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်စွာဖြင့် အတူတကွအမှုဆောင်ကြသောအခါ အချင်းချင်းတို့ထံမှ အားပေးမှုရကြသည်။ ယေဟောဝါသည် ဝိညာဉ်ရေးညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးကို အားနည်းချက်တစ်ခု သို့မဟုတ် ခက်ခဲသည့်စမ်းသပ်မှုတစ်ခုကို ကျော်လွှားနိုင်ရန် မည်သို့ကူညီပေးခဲ့ကြောင်း ကြားရသည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ပို၍ပင် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာလေသည်။—၁ ပေတရု ၅:၉။
၁၅ ကျွန်ုပ်တို့သည် မစုံလင်သော၊ အသွေးအသားခန္ဓာရှိသတ္တဝါများဖြစ်ပြီး တစ်ခါတစ်ရံ ကျွန်ုပ်တို့မမြင်နိုင်ရာကိုယုံရန် ခက်ခဲနိုင်ကြောင်း ယေဟောဝါ သိရှိတော်မူ၏။ (၁၆။ ယေရှုအကြောင်းသုံးသပ်ခြင်းက ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် မည်သို့ထောက်ကူပေးနိုင်သနည်း။
၁၆ ထို့ထက်ကား ယေဟောဝါသည် မိမိသားတော်၏ပုံသက်သေကို ဖော်ပြပေးထားသည်။ ယေရှုက ‘ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ’ ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၆) ယေဟောဝါသည် ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်စေရန် အကောင်းဆုံးနည်းတစ်နည်းမှာ ယေရှု၏မြေကြီးအသက်တာလမ်းစဉ်ကို လေ့လာခြင်းဖြစ်သည်။ ယေရှုမိန့်ဆိုခဲ့သမျှ၊ ပြုလုပ်ခဲ့သမျှသည် ကောင်းကင်ခမည်းတော်၏ အရည်အသွေးတော်များနှင့် နည်းလမ်းတော်များကို အပြည့်အဝထင်ဟပ်ခဲ့သည်။ (ယောဟန် ၁၄:၉) ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်များချရာတွင် ကိစ္စရပ်များကို ယေရှုမည်သို့ကိုင်တွယ်ခဲ့ပုံနှင့်ပတ်သက်၍ အသေအချာသုံးသပ်ရန်လိုသည်။ ကျွန်ုပ်တို့ ဆုံးဖြတ်ချက်များချသည့်အခါ ဤသို့အလေးအနက်သုံးသပ်ပြီး ဆုတောင်းလျှင် ခရစ်တော်၏ခြေရာအတိုင်း လိုက်လျှောက်နေကြခြင်းဖြစ်သည်။ (၁ ပေတရု ၂:၂၁) ထိုသို့ဖြင့် ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့လျှောက်လှမ်းလာနေကြ၏။
အဘယ်ကောင်းချီးများရရှိသနည်း
၁၇။ ယေဟောဝါ၏လမ်းတော်တွင် ကျွန်ုပ်တို့ လျှောက်သွားသောအခါ အဘယ် “စိတ်နှလုံးသက်သာ” မှုကို ရှာတွေ့နိုင်မည်နည်း။
၁၇ ယေဟောဝါဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဖြင့် ကျေနပ်အားရသောဘဝကို ပိုင်ဆိုင်နိုင်သည်။ “ကောင်းသောလမ်း” ကိုကြိုးစားရှာဖွေခြင်းနှင့်ပတ်သက်၍ မိမိ၏လူတို့အား ယေဟောဝါ ကတိပြုခဲ့ရာကို သတိရပါ။ ကိုယ်တော်က “ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင် စိတ်နှလုံးသက်သာကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (ယေရမိ ၆:၁၆) အဆိုပါ “သက်သာ” ခြင်းဟူသည် အဘယ်နည်း။ အားရကျေနပ်ပြီး စည်းစိမ်အပြည့်နှင့် သက်သောင့်သက်သာရှိသောဘဝလော။ မဟုတ်ပါ။ ယေဟောဝါသည် များစွာသာလွန်ကောင်းမွန်သော၊ အချမ်းသာဆုံးလူသားများ တွေ့နိုင်ခဲသည့် တန်ဖိုးအရှိဆုံးသောအရာကို ပေးသနားထားသည်။ စိတ်နှလုံးသက်သာမှုကိုရှာခြင်းဟူသည် စိတ်ငြိမ်သက်မှု၊ ပျော်ရွှင်မှု၊ ကျေနပ်အားရမှုနှင့် ဝိညာဉ်ရေးပြည့်စုံမှုတို့ကို ရှာခြင်းပင်ဖြစ်သည်။ ဤသို့သောသက်သာမှုက အကောင်းဆုံးဘဝလမ်းစဉ်ကို သင်ရွေးချယ်ခဲ့ကြောင်း ယုံကြည်စိတ်ချစေသည်။ ထိုသို့သောစိတ်ငြိမ်သက်မှုသည် ခက်ခဲရှုပ်ထွေးနေသော ဤလောကတွင် ရတောင့်ရခဲကောင်းချီးတစ်ခုဖြစ်၏။
၁၈။ ယေဟောဝါသည် သင့်ကို အဘယ်ကောင်းချီး ပေးလိုသနည်း။ သင်၏သန္နိဋ္ဌာန်ကား အဘယ်နည်း။
၁၈ အမှန်ဆိုသော် အသက်ကိုယ်နှိုက်ကပင် ကြီးမားသောကောင်းချီးတစ်ခုဖြစ်၏။ ခဏတာလျှောက်လှမ်းခြင်းကပင် လုံးဝမလျှောက်ခြင်းထက် သာ၍ကောင်းသည်။ သို့သော် ယေဟောဝါသည် သင့်ကို အားမာန်အပြည့်ရှိသော လူငယ်ဘဝမှ ဝေဒနာခံစားရသော ဇရာပိုင်းအထိဖြစ်သည့် ခရီးတိုကိုသာ လျှောက်လှမ်းရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ချေ။ ယေဟောဝါသည် သင့်အား ကောင်းချီးရှိသမျှတွင် အကြီးမြတ်ဆုံးကောင်းချီးကို ရရှိစေလိုသည်။ မိမိနှင့်အတူ ထာဝစဉ်လျှောက်လှမ်းစေလိုသည်။ မိက္ခာ ၄:၅ တွင်ယင်းကို ဤသို့ဖော်ပြထားသည်– “ငါတို့မူကား ကိုယ်ဆိုင်သောဘုရားသခင် . . . ၏နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက် ကျင့် [“လျှောက်လှမ်း၊” ကဘ] နေကြမည်။” အဆိုပါကောင်းချီးကို လိုလားတမ်းတပါသလော။ ယေဟောဝါက “မှန်သောအသက်” ဟုခေါ်သော မြတ်နိုးဖွယ်အသက်တာကို အသင် ရယူလိုပါသလော။ (၁ တိမောသေ ၆:၁၉) သို့ဖြစ်လျှင် ယနေ့၊ မနက်ဖြန်၊ နေ့တိုင်း ထာဝရအထိ ယေဟောဝါနှင့်အတူ လျှောက်လှမ်းရန် အခိုင်အမာသန္နိဋ္ဌာန်ချပါလေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ဘာသာပြန်ကျမ်းအချို့သည် ဤအခန်းငယ်ပါ “တစ်တောင်” ကို အချိန်အတိုင်းအတာဖြစ်သည့် “တဒင်္ဂ” (သည်အဲန်းဖက်တစ် ဒိုင်ဂလော့ထ်) သို့မဟုတ် “တစ်မိနစ်” (ချားလ်စ် ဘီ. ဝီလျမ်စ် ရေးသားသည့် လူတို့ဘာသာစကားဖြင့် ဘာသာပြန်ကျမ်း) ဟုပြောင်းလဲဖော်ပြထားသည်။ သို့သော် မူရင်းကျမ်းတွင် အသုံးပြုထားသော အဆိုပါစကားလုံးသည် ၁၈ လက်မခန့်အရှည်ဖြစ်သော တစ်တောင်ဟု အဓိပ္ပာယ်အတိအကျရသည်။
သင် မည်သို့ဖြေဆိုမည်နည်း
• ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဟူသည် အဘယ်နည်း။
• ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် လိုအပ်သည်ဟု အဘယ်ကြောင့် အသင်ယူမှတ်သနည်း။
• ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် သင့်ကို အဘယ်အရာများက ထောက်ကူပေးမည်နည်း။
• ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသူများသည် အဘယ်ကောင်းချီးများကို ရရှိမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာအားဖြင့် “ဤမည်သောလမ်းသည် မှန်၏” ဟူ၍ ကျွန်ုပ်တို့နောက်မှပြောသော ယေဟောဝါ၏စကားသံကို ကြားရ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အစည်းအဝေးများတွင် အချိန်တန်ဝိညာဉ်ရေးအစာကို ကျွန်ုပ်တို့ရရှိကြ