ရာဇဝင်ချုပ် ပထမစောင်မှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ရာဇဝင်ချုပ် ပထမစောင်မှ ပေါ်လွင်ချက်များ
ဂျူးလူမျိုးများ ဗာဗုလုန်သုံ့ပန်းဘဝမှ မိမိတို့နေရပ်သို့ ပြန်ရောက်နေသည်မှာ ၇၇ နှစ်ခန့်ရှိပြီဖြစ်သည်။ မြို့ဝန်ဇေရုဗဗေလဦးဆောင်၍ ဝတ်ပြုရာအိမ်တော် ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည်မှာ ၅၅ နှစ်ရှိခဲ့ပြီ။ ဂျူးလူမျိုးတို့ ပြည်တော်ပြန်သည့် အဓိကရည်ရွယ်ချက်မှာ ယေရုရှလင်မြို့တွင် စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန်ဖြစ်သည်။ သို့သော် ယေဟောဝါ၏ဝတ်ပြုရေးအပေါ် လူတို့၏ဇွဲထက်သန်မှု လျော့နည်းလာခဲ့သည်။ ယင်းကြောင့် အားပေးမှု အရေးတကြီးလိုအပ်ခဲ့ပြီး ရာဇဝင်ချုပ် ပထမစောင်ကို ရေးသားခဲ့ရခြင်းဖြစ်သည်။
ဆွေစဉ်မျိုးဆက်မှတ်တမ်းများမှလွဲ၍ ရာဇဝင်ချုပ် ပထမစောင်သည် ရှောလုသေဆုံးချိန်မှ ဘုရင်ဒါဝိဒ်သေဆုံးချိန်အထိဖြစ်သော အနှစ် ၄၀ ခန့်ကြာသောအချိန်ကာလကို ငုံမိသည်။ ဤကျမ်းကို ဘီ.စီ.အီး. ၄၆၀ ပြည့်နှစ်တွင် ယဇ်ပုရောဟိတ်ဧဇရ ရေးသားခဲ့သည်ဟု ယူဆရသည်။ ရာဇဝင်ချုပ် ပထမစောင်တွင် ဝတ်ပြုရာအိမ်တော်မှ ကိုးကွယ်ဝတ်ပြုရေးအကြောင်း အသေးစိတ်ဖော်ပြထားသည့်အပြင် မေရှိယ၏ ဆွေစဉ်မျိုးဆက်မှတ်တမ်း အသေးစိတ်ကိုပါ ဖော်ပြသောကြောင့် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ယင်းကျမ်းစောင်သည် ဘုရားသခင့်နှုတ်မြွက်တော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် ယင်းတွင်ပါရှိသော သတင်းစကားများသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး သမ္မာကျမ်းစာကို ပိုမိုနားလည်သဘောပေါက်စေသည်။—ဟေဗြဲ ၄:၁၂။
နာမည်များပါသည့် အရေးကြီးမှတ်တမ်း
အနည်းဆုံး ဤအကြောင်းရင်းသုံးရပ်ကြောင့် ဧဇရစုဆောင်းခဲ့သော အသေးစိတ်ကျသည့် ဆွေစဉ်မျိုးဆက်စာရင်း လိုအပ်ရခြင်းဖြစ်သည်– အခွင့်ရထားသောအမျိုးသားများသာ ယဇ်ပုရောဟိတ်တာဝန် ထမ်းဆောင်ကြကြောင်း သေချာစေရန်၊ အမျိုးအနွယ်အလိုက် အမွေမြေများ ခွဲဝေနိုင်ရန်၊ မေရှိယပေါ်ထွန်းသည်အထိ ဆွေစဉ်မျိုးဆက်မှတ်တမ်းကို ထိန်းသိမ်းရန်အတွက်ဖြစ်သည်။ ယင်းမှတ်တမ်းသည် ဂျူးများ၏သမိုင်းကြောင်းကို ပထမဦးဆုံးလူသားနှင့် ချိတ်ဆက်ပေးသည်။ အာဒံမှ နောဧအထိ လူမျိုးဆက် တစ်ဆယ်ဆက်ဖြစ်ပြီး နောဧမှ အာဗြဟံအထိ နောက်ထပ် လူမျိုးဆက် တစ်ဆယ်ဆက်ဖြစ်သည်။ ဣရှမေလ၏သားများ၊ အာဗြဟံ၏မယားငယ် ကေတုရ၏သားများနှင့် ဧသော၏သားများ ဆွေစဉ်မျိုးဆက်အကြောင်း ဖော်ပြပြီးနောက် ဣသရေလ၏သား ၁၂ ယောက်မှဆင်းသက်သော ဆွေစဉ်မျိုးဆက်မှတ်တမ်းကို အဓိကအာရုံစိုက်ဖော်ပြထားသည်။—၁ ရာဇဝင်ချုပ် ၂:၁။
ဘုရင်ဒါဝိဒ်ဆင်းသက်လာသည့် မျိုးနွယ်ဖြစ်သောကြောင့် ယုဒ၏ဆွေစဉ်မျိုးဆက်ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။ အာဗြဟံမှ ဒါဝိဒ်အထိ မျိုးဆက် ၁၄ ဆက်ဖြစ်ပြီး ဒါဝိဒ်မှ ဗာဗုလုန်သို့ပြည်နှင်ခံရချိန်အထိ ၁၄ ဆက်ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၁:၂၇၊ ၃၄; ၂:၁-၁၅; ၃:၁-၁၇; မဿဲ ၁:၁၇) ဧဇရသည် ယော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် နေထိုင်သောအမျိုးအနွယ်များ၏ ဆွေစဉ်မျိုးဆက်ကိုဖော်ပြပြီးနောက် လေဝိသားတို့၏ဆွေစဉ်မျိုးဆက်ကို ဆက်ဖော်ပြသည်။ (၁ ရာဇဝင်ချုပ် ၅:၁-၂၄; ၆:၁) ၎င်းနောက် ယော်ဒန်မြစ်အနောက်ဘက်တွင် နေထိုင်သော အခြားအမျိုးအနွယ်တချို့၏ ဆွေစဉ်မျိုးဆက်အတိုချုံးကို ဖော်ပြပြီး ဗင်ယာမိန်အမျိုး၏ ဆွေစဉ်မျိုးဆက်ကို အသေးစိတ်ဖော်ပြခဲ့သည်။ (၁ ရာဇဝင်ချုပ် ၈:၁) ဗာဗုလုန်သုံ့ပန်းဘဝမှ ပြန်လာပြီးနောက် ယေရုရှလင်မြို့တွင် ဦးဆုံးအခြေချနေထိုင်သူတို့၏ အမည်များကိုလည်း ဖော်ပြထားသည်။—၁ ရာဇဝင်ချုပ် ၉:၁-၁၆။
ကျမ်းစာမေးခွန်းများ အဖြေ–
၁:၁၈—ရှာလ၏ဖခင်မှာ မည်သူနည်း—ကာဣနန်လော၊ အာဖာဇဒ်လော။ (လုကာ ၃:၃၅၊ ၃၆) အာဖာဇဒ်သည် ရှာလ၏ဖခင်ဖြစ်သည်။ (ကမ္ဘာဦး ၁၀:၂၄; ၁၁:၁၂) လုကာ ၃:၃၆ တွင်ဖော်ပြထားသည့် “ကာဣနန်” ဟူသောဝေါဟာရသည် “ခါလဒဲ” ဟူသောဝေါဟာရ၏ ပုံသဏ္ဌာန်ပျက်စကားလုံး ဖြစ်ပုံရသည်။ ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင် မူရင်းကျမ်းတွင် “ခါလဒဲလူမျိုးတို့၏အဘဖြစ်သော အာဖာဇဒ်” ဟုဖတ်ရပေမည်။ သို့မဟုတ်၊ ကာဣနန်နှင့် အာဖာဇဒ်ဟူသည့်အမည်များသည် ပုဂ္ဂိုလ်တစ်ဦးကိုသာ ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ လက်ရေးစာမူတချို့တွင် ‘ကာဣနန်၏သား’ ဟူသည့်ဖော်ပြချက် မတွေ့ရခြင်းကိုလည်း လျစ်လျူမရှုသင့်ချေ။—လုကာ ၃:၃၆၊ ကဘ၊ အောက်ခြေမှတ်ချက်။
၂:၁၅ [ကဘ]—ဒါဝိဒ်သည် ယေရှဲ၏ သတ္တမမြောက်သားလော။ မဟုတ်ပါ။ ယေရှဲတွင် သားရှစ်ယောက်ရှိပြီး ဒါဝိဒ်သည် အငယ်ဆုံးဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၀၊ ၁၁; ၁၇:၁၂) ယေရှဲ၏သားတစ်ဦးသည် သားသမီးမထွန်းကားမီ သေဆုံးသွားဖွယ်ရှိ၏။ ဆွေစဉ်မျိုးဆက်မှတ်တမ်းတွင် ထိုသားအကြောင်းထည့်သွင်းစရာမရှိသောကြောင့် ဧဇရက သူ၏အမည်ကို ချန်လှပ်ထားခဲ့သည်။
၃:၁၇—လုကာ ၃:၂၇ တွင် ယေခေါနိ၏သား ရှာလသေလကို နေရိ၏သားအဖြစ် အဘယ်ကြောင့် ဖော်ပြသနည်း။ ယေခေါနိသည် ရှာလသေလ၏ ဖခင်ဖြစ်သည်။ နေရိမှာ ရှာလသေလ၏ ယောက္ခမယောက်ျားသူဖြစ်ပုံရသည်။ လုကာက ယောသပ်အကြောင်းရေးသားရာတွင် မာရိ၏ဖခင် ဧလိကို ယောသပ်၏ဖခင်အဖြစ် ဖော်ပြခဲ့သကဲ့သို့ နေရိ၏သမက်ကို နေရိ၏သားဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။—လုကာ ၃:၂၃။
၃:၁၇-၁၉ [ကဘ]—ဇေရုဗဗေလ၊ ပေဒါယနှင့် ရှာလသေလတို့သည် မည်သို့တော်စပ်ကြသနည်း။ ဇေရုဗဗေလသည် ပေဒါယ၏သားဖြစ်ပြီး၊ ပေဒါယနှင့် ရှာလသေလသည် ညီအစ်ကိုတော်သည်။ သို့သော် သမ္မာကျမ်းစာတွင် အများအားဖြင့် ဇေရုဗဗေလကို ရှာလသေလ၏သားဟု ဖော်ပြသည်။ (မဿဲ ၁:၁၂; လုကာ ၃:၂၇) ဤတွင် ပေဒါယသေဆုံးသွားသောကြောင့် ရှာလသေလက ဇေရုဗဗေလကို ကျွေးမွေးစောင့်ရှောက်ခဲ့ခြင်းဖြစ်နိုင်သည်။ သို့မဟုတ်၊ ရှာလသေလသည် သားမရှိဘဲ သေဆုံးသွားသောကြောင့် ပေဒါယသည် ရှာလသေလ၏ဇနီးကို သိမ်းယူခဲ့ပြီး ဇေရုဗဗေလကို သားဦးအနေနှင့် မွေးဖွားခဲ့ခြင်းဖြစ်နိုင်သည်။—တရားဟောရာ ၂၅:၅-၁၀။
၅:၁၊ ၂—ယောသပ်သည် သားဦးအရာကိုရသည်ဟုဆိုရာတွင် အဘယ်အရာကိုဆိုလိုသနည်း။ ယောသပ်သည် နှစ်ဆသောအမွေဥစ္စာရရှိခြင်းကို ဆိုလိုသည်။ (တရားဟောရာ ၂၁:၁၇) သို့ဖြင့် သူသည် မျိုးနွယ်နှစ်နွယ်ဖြစ်သော ဧဖရိမ်နှင့် မနာရှေအမျိုးတို့၏ အဘဖြစ်လာသည်။ ဣသရေလ၏ အခြားသားတို့မှာ မျိုးနွယ်တစ်နွယ်စီ၏ အဘများသာ ဖြစ်ကြသည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၁:၁_၉:၄၄။ အမှန်တကယ်ရှိခဲ့သောလူပုဂ္ဂိုလ်တို့၏ ဆွေစဉ်မျိုးဆက်စာရင်းက စစ်မှန်သောဝတ်ပြုရေး အစီအစဉ်တစ်ခုလုံးသည် ယုံတမ်းစကားပေါ်မဟုတ်ဘဲ အဖြစ်မှန်ပေါ်အခြေခံကြောင်း သက်သေထူသည်။
၄:၉၊ ၁၀။ ယာဗက်က သူ၏အရပ်ဒေသတွင် ဘုရားသခင်အားကြောက်ရွံ့သူ ပို၍များများ နေထိုင်နိုင်ရန်အတွက် သူ၏အရပ်ဒေသကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကျယ်ဝန်းစေတော်မူပါရန် ယေဟောဝါထံ ထက်ထက်သန်သန်တောင်းလျှောက်ခဲ့ရာ ကိုယ်တော်နားညောင်းခဲ့သည်။ ကျွန်ုပ်တို့လည်း တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲဖြင့်ပါဝင်နေစဉ် ဘုရားသခင်အားကိုးကွယ်သူ တိုးများလာရန် ထက်ထက်သန်သန် ဆုတောင်းဖို့လိုသည်။
၅:၁၀၊ ၁၈-၂၂။ ရှောလုမင်းလက်ထက်တွင် ယော်ဒန်မြစ်အရှေ့ဘက်ရှိ အမျိုးအနွယ်တို့သည် မိမိတို့ထက် အင်အားနှစ်ဆကျော်များသော ဟာဂရအမျိုးသားတို့ကို တိုက်ခိုက်အနိုင်ယူခဲ့သည်။ အကြောင်းမှာ ရဲစွမ်းသတ္တိရှိသော ဤအနွယ်တို့သည် ယေဟောဝါအား ယုံကြည်ကိုးစားပြီး ကိုယ်တော်ထံမှ အကူအညီမျှော်ကိုးခဲ့ကြသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ထက်အင်အားများသော ရန်သူများကိုရင်ဆိုင်ကာ ဝိညာဉ်ရေးတိုက်ပွဲဆင်နွှဲရာတွင် ယေဟောဝါအား အကြွင်းမဲ့ကိုးစားကြစို့။—ဧဖက် ၆:၁၀-၁၇။
၉:၂၆၊ ၂၇။ လေဝိသားတံခါးစောင့်တို့သည် ကြီးလေးသည့်တာဝန်ကို ရရှိထားကြသည်။ ဝတ်ပြုရာအိမ်တော်၏ သန့်ရှင်းသောအရပ်ဒေသနှင့်ဆိုင်သော ဝင်ပေါက်သော့ကို ရရှိထားကြသည်။ သူတို့သည် နေ့စဉ် တံခါးများဖွင့်ခြင်းဖြင့် ယုံကြည်စိတ်ချရသူများဖြစ်ကြောင်း သက်သေပြကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရပ်ကွက်ရှိလူများထံသွားရောက်ပြီး ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများဖြစ်လာရန် ကူညီပေးဖို့တာဝန်ကို ရရှိထားကြသည်။ ကျွန်ုပ်တို့သည် လေဝိသားတံခါးစောင့်များကဲ့သို့ အားကိုးရသော၊ ယုံကြည်စိတ်ချရသောသူများဖြစ်ကြောင်း မတင်ပြသင့်ပေလော။
ဒါဝိဒ် ဘုရင်အဖြစ်စိုးစံ
ရှောလုနှင့် သူ၏သားသုံးဦးသည် ဖိလိတ္တိလူတို့နှင့် တိုက်ခိုက်ရာ ဂိလဗောတောင်၌ သေဆုံးသွားကြသည့် အကြောင်းအရာဖြင့် ၁ ရာဇဝင်ချုပ် ၁၁:၁-၃) ယင်းနောက် မကြာမီတွင် သူသည် ယေရုရှလင်မြို့ကို သိမ်းပိုက်ခဲ့၏။ နောက်ပိုင်းတွင် ဣသရေလလူမျိုးတို့သည် “ကြွေးကြော်လျက် နှဲခရာ၊ တံပိုး၊ . . . စောင်းတို့ကို တီးမှုတ်လျက်” ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ သယ်ဆောင်ခဲ့ကြသည်။—၁ ရာဇဝင်ချုပ် ၁၅:၂၈။
အစပြုထားသည်။ ယေရှဲ၏သားဒါဝိဒ်သည် ယုဒအမျိုး၏ ဘုရင်ဖြစ်လာသည်။ ဣသရေလအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ဣသရေလတစ်နိုင်ငံလုံး၏ ရှင်ဘုရင်အရာ၌ချီးမြှောက်ရန် ဟေဗြုန်မြို့သို့ရောက်လာကြသည်။ (ဒါဝိဒ်သည် စစ်မှန်သောဘုရားသခင်အတွက် အိမ်တော်ဆောက်လုပ်လိုကြောင်း ပြောဆိုခဲ့သည်။ ယင်းအခွင့်အရေးကို ရှောလမုန်ရရှိမည်ဟု သတ်မှတ်ကာ ယေဟောဝါသည် ဒါဝိဒ်နှင့် နိုင်ငံတော်ပဋိညာဉ်ဖွဲ့ခဲ့သည်။ ဣသရေလလူမျိုး၏ ရန်သူများကို ဒါဝိဒ်တိုက်ခိုက်ချေမှုန်းရာတွင် အောင်ပွဲများစွာရရှိစေရန် ယေဟောဝါ ကူညီတော်မူခဲ့သည်။ ကိုယ်တော်၏ခွင့်ပြုချက်မရဘဲ လူတို့ကိုရေတွက်ခဲ့ခြင်းကြောင့် လူပေါင်း ၇၀,၀၀၀ သေဆုံးခဲ့သည်။ ယေဟောဝါအဖို့ ယဇ်ပလ္လင်တည်ဆောက်ရန် ကောင်းကင်တမန်ထံမှ ညွှန်ကြားချက်ရရှိပြီးနောက် ဒါဝိဒ်သည် ယေဗုသိလူ အရောနထံမှ မြေကွက်ဝယ်ယူခဲ့သည်။ ဒါဝိဒ်သည် ထိုမြေကွက်တွင် ယေဟောဝါအဖို့ “အတိုင်းတိုင်းအပြည်ပြည်၌ ဘုန်းအသရေကျော်စောသော” အိမ်တော်ဆောက်လုပ်ရန် ‘ပြင်ဆင်မှုများစွာ’ ကိုစတင်လုပ်ဆောင်ခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၂:၅) ဒါဝိဒ်သည် လေဝိသားများလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို စီစဉ်ခန့်ခွဲပေးခဲ့သည်၊ ဤကျမ်းတွင် အခြားကျမ်းများထက် ယင်းလုပ်ငန်းဆောင်တာများကို ပို၍အသေးစိတ်ဖော်ပြထားသည်။ ဘုရင်နှင့် လူများတို့သည် ဝတ်ပြုရာအိမ်တော်အတွက် ရက်ရက်ရောရောလှူဒါန်းခဲ့သည်။ အနှစ် ၄၀ အုပ်စိုးပြီးနောက် ဒါဝိဒ်သည် ‘အသက်ကြီးရင့်၍ နေ့ရက်ကာလပြည့်စုံခြင်း၊ ဘုန်းစည်းစိမ်ကြွယ်ဝခြင်းရှိလျက် ကွယ်လွန်၍ သားတော်ရှောလမုန်သည် ခမည်းတော်အရာ၌နန်းထိုင်လေ၏။’—၁ ရာဇဝင်ချုပ် ၂၉:၂၈။
ကျမ်းစာမေးခွန်းများ အဖြေ–
၁၁:၁၁—လုပ်ကြံသတ်ဖြတ်ခံရသော အရေအတွက် ၃၀၀ သည် ယင်း၏ကျမ်းပြိုင်မှတ်တမ်းဖြစ်သော ၂ ဓမ္မရာဇဝင် ၂၃:၈ [ကဘ] ပါအရေအတွက် ၈၀၀ နှင့်အဘယ်ကြောင့် ကွာခြားနေသနည်း။ ခွန်အားဗလကြီးသော ဒါဝိဒ်၏သူရဲသုံးဦးတွင် ဗိုလ်ချုပ်ဖြစ်သူမှာ ယာရှောဗံဖြစ်သည်။ အခြားသူရဲနှစ်ဦးမှာ ဧလာဇာနှင့် ရှမ္မဖြစ်သည်။ (၂ ဓမ္မရာဇဝင် ၂၃:၈-၁၁) မှတ်တမ်းနှစ်ခုတွင် အရေအတွက်ကွာခြားရခြင်းမှာ လူတစ်ဦးလုပ်ဆောင်ခဲ့သော သီးခြားဖြစ်ရပ်နှစ်ခုကို ဖော်ပြခြင်းကြောင့်ဖြစ်နိုင်သည်။
၁၁:၂၀၊ ၂၁ [ကဘ]—ဒါဝိဒ်၏သူရဲသုံးဦးတို့နှင့်စပ်လျဉ်း၍ အဘိရှဲ၏ရာထူးအဆင့်အတန်းကား အဘယ်နည်း။ အဘိရှဲသည် ဒါဝိဒ်ထံတွင်အမှုထမ်းသော သူရဲသုံးဦးအဝင်မဟုတ်ပါ။ သို့သော် ၂ ဓမ္မရာဇဝင် ၂၃:၁၈၊ ၁၉ [ကဘ] တွင်ဖော်ပြထားချက်အရ သူသည် စစ်သူရဲ ၃၀ ကိုဦးဆောင်သူဖြစ်ပြီး ထိုသူအားလုံးထက် ပို၍ထင်ရှားကျော်စောသူဖြစ်သည်။ အဘိရှဲ၏ဂုဏ်သတင်းသည် သူရဲသုံးဦးကဲ့သို့ပင် ထင်ရှားကျော်ကြားသည်၊ အကြောင်းမှာ သူသည် ယာရှောဗံလုပ်ဆောင်ခဲ့ရာနှင့်တူသော အားကြီးသည့်လုပ်ဆောင်မှုကို ပြုခဲ့သောကြောင့်ဖြစ်သည်။
၁၂:၈—ဂဒ်အမျိုးသားစစ်သူရဲတို့၏ မျက်နှာသည် အဘယ်နည်းဖြင့် “ခြင်္သေ့ကဲ့သို့မျက်နှာ” နှင့်တူကြသနည်း။ ဒါဝိဒ် တောကန္တာရ၌ရှိစဉ် ရဲစွမ်းသတ္တိရှိသောထိုသူတို့သည် ဒါဝိဒ်ဘက်တွင် ရပ်တည်ခဲ့ကြသည်။ ထိုတွင်ရှိစဉ် သူတို့ဆံပင်များ ရှည်လာသည်။ ရှည်နေသောဆံပင်များက သူတို့ကို ကြောက်ဖွယ်ကောင်းသော ခြင်္သေ့အသွင် ထွက်စေသည်။
၁၃:၅—“အဲဂုတ္တုပြည်အနား ရှိဟောရမြစ်” ကားအဘယ်နည်း။ အချို့သူတို့က နိုင်းလ်မြစ်၏ မြစ်လက်တက်တစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ယင်းသည် “အဲဂုတ္တုချောင်း”—ကတိထားရာပြည်၏ အနောက်တောင်နယ်နိမိတ်အဖြစ် မှတ်သားသော လျှိုမြောင်တစ်ခုကို ရည်ညွှန်းသည်ဟု ယေဘုယျအနေနှင့် ယူမှတ်ကြသည်။—တောလည်ရာ ၃၄:၂၊ ၅; ကမ္ဘာဦး ၁၅:၁၈။
၁၆:၃၀—ယေဟောဝါရှေ့တော်၌ “ကြောက်ရွံ့ခြင်းရှိကြလော့ [“အလွန့်အလွန် နာကျင်ခြင်းရှိကြလော့၊” ကဘ” ဟူသည်အဘယ်အရာကို ဆိုလိုသနည်း။ ဤတွင်အသုံးပြုထားသော “နာကျင်” ဟူသည့်အသုံးအနှုန်းသည် ယေဟောဝါအား ရိုသေခန့်ညားမှုဖြင့်ကြောက်ရွံ့ခြင်း၊ အလွန့်အလွန်ရိုသေခြင်းရှိရန် ဥပစာအသုံးအနှုန်းဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
၁၆:၁၊ ၃၇-၄၀; ၂၁:၂၉၊ ၃၀; ၂၂:၁၉—သေတ္တာတော်ကို ယေရုရှလင်မြို့သို့ သယ်ဆောင်သွားပြီးချိန်မှစ၍ ဝတ်ပြုရာအိမ်တော် တည်ဆောက်ပြီးစီးချိန်အထိ ဣသရေလလူမျိုးတွင် အဘယ်ဝတ်ပြုရေးအစီအစဉ် ရှိခဲ့သနည်း။ ဒါဝိဒ်သည် သေတ္တာတော်ကို ယေရုရှလင်မြို့သို့ သယ်ဆောင်လာခဲ့ပြီး သူတည်ဆောက်သည့်တဲတွင် ထားခဲ့ချိန်မှစ၍ ဝတ်ပြုရာတဲတော်တွင် သေတ္တာတော်မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ပြောင်းရွှေ့ပြီးနောက်တွင်ပင် ယေရုရှလင်မြို့ရှိ ထိုတဲတွင်ပင်ရှိနေခဲ့သည်။ ဝတ်ပြုရာတဲတော်သည် ဂိဗောင်မြို့တွင်ရှိသည်၊ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ညီအစ်ကိုတို့သည် ပညတ်တရားတွင် ဖော်ပြထားသည့် ယဇ်ပူဇော်ခြင်းတို့ကို ထိုတွင်လုပ်ဆောင်ခဲ့ကြသည်။ ထိုအစီအစဉ်သည် ယေရုရှလင်မြို့တွင် ဝတ်ပြုရာအိမ်တော် တည်ဆောက်မပြီးမချင်း ဆက်တည်ရှိခဲ့သည်။ ဝတ်ပြုရာအိမ်တော် တည်ဆောက်ပြီးစီးသွားသည့်အခါ ဝတ်ပြုရာတဲတော်ကို ဂိဗောင်မြို့မှ ယေရုရှလင်မြို့သို့ သယ်ဆောင်လာခဲ့ပြီး သေတ္တာတော်ကို ဝတ်ပြုရာအိမ်တော်၏ အသန့်ရှင်းဆုံးအခန်းတွင် ထားခဲ့ကြသည်။—၃ ဓမ္မရာဇဝင် ၈:၄၊ ၆။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၁၃:၁၁ [ကဘ]။ ကျွန်ုပ်တို့၏ ကြိုးစားလုပ်ဆောင်မှု မအောင်မြင်သည့်အခါ အမျက်ထွက်ကာ ယေဟောဝါကို အပြစ်တင်မည့်အစား အခြေအနေကိုသုံးသပ်ပြီး မအောင်မြင်ရသည့် အကြောင်းရင်းကိုသိအောင် ကြိုးစားရမည်။ ဒါဝိဒ် ထိုသို့ပင်လုပ်ဆောင်ခဲ့ကြောင်း သေချာသည်။ သူ၏အမှားမှ သင်ခန်းစာယူခဲ့ပြီး နောက်ပိုင်း သေတ္တာတော်ကို ယေရုရှလင်မြို့သို့ သယ်ဆောင်ရာတွင် သင့်လျော်သောနည်းကို အသုံးပြုခဲ့၍ အောင်မြင်ခဲ့သည်။ *
၁၄:၁၀၊ ၁၃-၁၆; ၂၂:၁၇-၁၉။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ထိခိုက်စေနိုင်သည့် မည်သည့်လုပ်ဆောင်မှုကိုမဆို မလုပ်ဆောင်မီ ယေဟောဝါထံ အမြဲဆုတောင်းချဉ်းကပ်ကာ ကိုယ်တော်၏လမ်းညွှန်မှုကို ရှာယူသင့်သည်။
၁၆:၂၃-၂၉။ ယေဟောဝါအား ဝတ်ပြုခြင်းသည် ကျွန်ုပ်တို့ဘဝအသက်တာတွင် အဓိကအလေးထားရာ ဖြစ်သင့်သည်။
၁၈:၃။ ယေဟောဝါသည် ကတိတော်များကို ပြည့်စုံစေသော အရှင်ဖြစ်တော်မူ၏။ အာဗြဟံ၏အမျိုးအနွယ်အား “အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော ဥဖရတ်မြစ်တိုင်အောင်” ကျယ်ပြန့်သော ခါနာန်ပြည်တစ်လျှောက်လုံးကို ပေးမည်ဟူသည့် ကတိတော်ကို ဒါဝိဒ်အားဖြင့် ဖြည့်ဆည်းပေးခဲ့သည်။—ကမ္ဘာဦး ၁၅:၁၈; ၁ ရာဇဝင်ချုပ် ၁၃:၅။
၂၁:၁၃-၁၅။ ယေဟောဝါက ကောင်းကင်တမန်အား ဘေးဆိုးကျရောက်ခြင်းကို ရပ်တန့်ရန် မိန့်တော်မူခဲ့သည်၊ အကြောင်းမှာ ကိုယ်တော်၏လူမျိုး ဆင်းရဲဝေဒနာခံရလျှင် ကိုယ်တော်စိတ်ထိခိုက်သောကြောင့်ဖြစ်သည်။ မှန်ပါသည်၊ ‘ကိုယ်တော်၏ သနားကြင်နာမှုသည် ကြီးမားလှသည်။’ *
၂၂:၅၊ ၉; ၂၉:၃-၅၊ ၁၄-၁၆။ ဒါဝိဒ်သည် ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်ကို တည်ဆောက်ရန် တာဝန်မရရှိသော်လည်း ရက်ရောသည့်စိတ်ဓာတ်ကို အထင်အရှားပြခဲ့သည်။ အကြောင်းမှာ သူပိုင်ဆိုင်သမျှအားလုံးသည် ယေဟောဝါ၏ကောင်းမြတ်မှုကြောင့်ဖြစ်သည်ကို သူသိနားလည်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့လည်း အလားတူကျေးဇူးသိတတ်ခြင်းက ရက်ရောသည့်စိတ်ဓာတ်မျိုးရှိရန် လှုံ့ဆော်မှုဖြစ်သင့်သည်။
၂၄:၇-၁၈။ ယဇ်ပုရောဟိတ်အဖွဲ့ ၂၄ ဖွဲ့ခွဲသည့် အစီအစဉ်ကို ဒါဝိဒ်အစပြုပေးခဲ့သည်။ ယင်းအစီအစဉ်အရ နှစ်ခြင်းဆရာယောဟန်၏ ဖခင်ဖြစ်သူ ဇာခရိသည် “အဘိယအသင်း” ဝင်တစ်ဦးအနေနှင့် ဝတ်ပြုရာအိမ်တော်၌ အမှုဆောင်နေချိန်တွင် ယေဟောဝါ၏ကောင်းကင်တမန် ပေါ်လာပြီး ယောဟန်မွေးဖွားမည့်အကြောင်း အသိပေးခဲ့သည်။ (လုကာ ၁:၅၊ ၈၊ ၉) စစ်မှန်သောဝတ်ပြုရေးသည် ဒဏ္ဍာရီလာလူများနှင့်မဟုတ်ဘဲ သမိုင်းတွင်အထင်အရှားရှိခဲ့သော လူများနှင့် ဆက်စပ်နေသည်။ ယနေ့ စနစ်တကျဖွဲ့စည်းထားသော ယေဟောဝါ၏ဝတ်ပြုရေးနှင့်ဆက်နွှယ်နေသော ‘သစ္စာနှင့် သတိပညာရှိကျေးကျွန်’ နှင့်တည်ကြည်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့ ကောင်းချီးများစွာ ခံစားရမည်။—မဿဲ ၂၄:၄၅။
“ကြည်ညိုသောစိတ်သဘော” ဖြင့်ယေဟောဝါအား အမှုဆောင်ပါ
ရာဇဝင်ချုပ် ပထမစောင်သည် မျိုးရိုးစဉ်ဆက်မှတ်တမ်းကိုသာ ဖော်ပြခြင်းမဟုတ်ပါ။ ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ ဒါဝိဒ်သယ်ဆောင်သည့်အကြောင်း၊ သူ၏အောင်ပွဲများအကြောင်း၊ ဝတ်ပြုရာအိမ်တော်တည်ဆောက်ရန် ပြင်ဆင်သည့်အကြောင်းများနှင့် လေဝိသားယဇ်ပုရောဟိတ်အဖွဲ့များ တာဝန်ခွဲသည့်အကြောင်းတို့လည်း ပါရှိသည်။ ရာဇဝင်ချုပ် ပထမစောင်ပါ ဧဇရ ရေးသားဖော်ပြရာအားလုံးသည် ဝတ်ပြုရာအိမ်တော်အပေါ်ထားသော ဣသရေလလူတို့၏ဇွဲကို ပြန်လည်ထက်သန်စေခဲ့မည်မှာ သေချာသည်။
ဒါဝိဒ်သည် ယေဟောဝါ၏ဝတ်ပြုရေးကို အသက်တာ၏ အဓိကနေရာတွင်ထားခြင်းဖြင့် အလွန်ကောင်းသော ပုံသက်သေပြခဲ့သည်။ ဒါဝိဒ်သည် ကိုယ်ကျိုးအတွက် အခွင့်ထူးများကို ရှာကြံမည့်အစား ဘုရားသခင့် အလိုတော်ဆောင်ရန် ကြိုးစားခဲ့သည်။ ကျွန်ုပ်တို့သည် ယေဟောဝါအား “စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့်ဝတ်ပြုလော့” ဟူသည့် ဒါဝိဒ်၏အကြံပြုချက်ကို လိုက်လျှောက်ရန် အားပေးမှုရရှိကြသည်။—၁ ရာဇဝင်ချုပ် ၂၈:၉။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 သေတ္တာတော်ကို ယေရုရှလင်မြို့သို့ သယ်ဆောင်ခဲ့သည့် ဒါဝိဒ်၏ကြိုးပမ်းမှုများမှ ရရှိနိုင်သည့်အခြားသင်ခန်းစာများအတွက် ကင်းမျှော်စင်၊ မေ ၁၅၊ ၂၀၀၅၊ စာမျက်နှာ ၁၆-၁၉ ကိုရှု။
^ အပိုဒ်၊ 6 ဒါဝိဒ်သည် ခွင့်ပြုချက်မရဘဲ လူတို့ကိုရေတွက်ခဲ့ခြင်းနှင့် ပတ်သက်သည့် အခြားသင်ခန်းစာများအတွက် ကင်းမျှော်စင်၊ မေ ၁၅၊ ၂၀၀၅၊ စာမျက်နှာ ၁၆-၁၉ ကိုရှု။
[စာမျက်နှာ ၈–၁၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံများ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အာဒံမှ နောဧအထိလူမျိုးဆက် (၁,၀၅၆ နှစ်)
ဘီ.စီ.အီး. ၄၀၂၆ အာဒံ
၁၃၀ နှစ် ⇩
ရှေသ
၁၀၅ ⇩
ဧနုတ်
၉၀ ⇩
ကာဣနန်
၇၀ ⇩
မဟာလေလ
၆၅ ⇩
ယာရက်
၁၆၂ ⇩
ဧနောက်
၆၅ ⇩
မသုရှလ
၁၈၇ ⇩
လာမက်
၁၈၂ ⇩
ဘီ.စီ.အီး. ၂၉၇၀၊ နောဧ မွေးဖွားလာ
နောဧမှ အာဗြဟံအထိ လူမျိုးဆက် (၉၅၂ နှစ်)
ဘီ.စီ.အီး. ၂၉၇၀
၅၀၂ နှစ် ⇩
ရှေမ
၁၀၀ ⇩
ရေလွှမ်းမိုးခဲ့၊ ဘီ.စီ.အီး.၂၃၇၀
အာဖာဇဒ်
၃၅ ⇩
ရှာလ
၃၀ ⇩
ဟေဗာ
၃၄ ⇩
ဖာလက်
၃၀ ⇩
ရာဂေါ
၃၂ ⇩
စေရောက်
၃၀ ⇩
နာခေါ်
၂၉ ⇩
တေရ
၁၃၀ ⇩
ဘီ.စီ.အီး. ၂၀၁၈ အာဗြဟံမွေးဖွားလာ
အာဗြဟံမှ ဒါဝိဒ်အထိ– လူမျိုးဆက် ၁၄ ဆက် (၉၁၁ နှစ်)
ဘီ.စီ.အီး. ၂၀၁၈၊ အာဗြဟံ
၁၀၀ နှစ်
ဣဇာက်
၆၀ ⇩
ယာကုပ်
၈၈ ခန့် ⇩
ယုဒ
⇩
ဖာရက်
⇩
ဟေဇရုံ
⇩
အာရံ
⇩
အမိနဒပ်
⇩
နာရှုန်
⇩
စာလမုန်
⇩
ဗောဇ
⇩
ဩဗက်
⇩
ယေရှဲ
⇩
ဘီ.စီ.အီး. ၁၁၀၇၊ ဒါဝိဒ်မွေးဖွားလာ