သင်၏လုပ်ဆောင်မှုကို ယေဟောဝါသတိပြုမိသလော
သင်၏လုပ်ဆောင်မှုကို ယေဟောဝါသတိပြုမိသလော
ယင်းမေးခွန်းကို သင်မည်သို့ဖြေဆိုမည်နည်း။ လူအများက ဤသို့ဖြေဆိုကြပေမည်– ‘မောရှေ၊ ဂိဒေါင်၊ ဒါဝိဒ်စတဲ့ သူတွေရဲ့ဖြစ်မြောက်အောင်မြင်မှုတွေကို ဘုရားသခင် သိမြင်တယ်လို့ ကျွန်ုပ်ထင်တယ်၊ ဒါပေမဲ့ ကျွန်ုပ်လုပ်နိုင်တာ ဘာကိုမှ ဘုရားသခင်စိတ်ဝင်စားမှာ မဟုတ်ဘူးထင်တယ်။ မောရှေ၊ ဂိဒေါင်၊ ဒါဝိဒ်တို့နဲ့ ကျွန်ုပ်မတူတာတော့ သေချာတယ်။’
သမ္မာကျမ်းစာခေတ်က တည်ကြည်သူအမျိုးသားအချို့သည် ထူးခြားသောယုံကြည်ခြင်းလုပ်ရပ်များ လုပ်ဆောင်ခဲ့သည်မှာ အမှန်ပင်။ သူတို့သည် ‘တိုင်းနိုင်ငံများကိုအောင်ခဲ့သည်၊ ခြင်္သေ့နှုတ်ကိုပိတ်ခဲ့သည်၊ မီးအရှိန်ကိုငြိမ်းစေခဲ့သည်၊ ဓားလက်နက်ဘေးမှ လွတ်မြောက်ခဲ့သည်။’ (ဟေဗြဲ ၁၁:၃၃၊ ၃၄) အခြားသူများမှာမူ သူတို့၏ယုံကြည်ခြင်းကို ထိုမျှလောက်ထူးခြားသောနည်းများဖြင့် မတင်ပြခဲ့ကြသော်လည်း သူတို့၏ယုံကြည်ခြင်းလုပ်ရပ်များကို ဘုရားသခင်သိမြင်ကြောင်း ကျမ်းစာက အတိအကျဖော်ပြသည်။ ဥပမာ၊ သိုးထိန်းတစ်ဦး၊ ပရောဖက်တစ်ပါးနှင့် မုဆိုးမတစ်ဦးအကြောင်း သမ္မာကျမ်းစာဖော်ပြထားပုံကို သုံးသပ်ကြည့်ပါ။
သိုးထိန်းတစ်ဦး ယဇ်ပူဇော်
အာဒံနှင့်ဧဝတို့၏ ဒုတိယမြောက်သား အာဗေလအကြောင်း အဘယ်အရာ သင်မှတ်မိသနည်း။ သူသည် ကျွန်ုပ်တို့ကြုံခဲသည့် သေခြင်းမျိုးဖြင့် သေခဲ့ရသည်ကို သင်မှတ်မိပေမည်။ သို့သော် အာဗေလကို ဘုရားသခင် ဦးဆုံးသတိပြုမိသည်မှာ အခြားအကြောင်းတစ်ခုကြောင့်ဖြစ်သည်။
တစ်နေ့သောအခါ အာဗေလသည် သူ၏သိုးအုပ်ထဲမှ အကောင်းဆုံးသိုးအချို့ကိုရွေးပြီး ဘုရားသခင်ထံ ပူဇော်ခဲ့သည်။ သူဆက်သခဲ့ရာကို ယနေ့နှင့်နှိုင်းယှဉ်လျှင် မဖြစ်စလောက်ဟု ထင်မှတ်ကြမည်ဖြစ်သော်လည်း ၎င်းကို ယေဟောဝါအသိအမှတ်ပြုပြီး နှစ်သက်လက်ခံကြောင်းဖော်ပြခဲ့၏။ ထိုမျှမကသေးချေ။ နောက်နှစ်ပေါင်းလေးထောင်နီးပါးကြာသော် တမန်တော်ပေါလုအား ယင်းကို ဟေဗြဲကျမ်း၌ ရေးသားဖော်ပြစေခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက်၌ပင် ထိုပူဇော်ရာယဇ်အသေးအဖွဲကို ဘုရားသခင်မမေ့ခဲ့ချေ!—ဟေဗြဲ ၆:၁၀; ၁၁:၄။
အဘယ်ယဇ်မျိုးကိုပူဇော်ရန် အာဗေလ မည်သို့ဆုံးဖြတ်ခဲ့သနည်း။ ကျမ်းစာက အတိအကျမဖော်ပြသော်လည်း ယင်းကိစ္စကို သူအသေအချာ စဉ်းစားသုံးသပ်ခဲ့ပေမည်။ အာဗေလသည် သိုးထိန်းတစ်ဦးဖြစ်သောကြောင့် သူ၏သိုးအုပ်မှအချို့ကို ယဇ်ပူဇော်ပေမည်။ သို့သော် သူသည် အကောင်းဆုံးဖြစ်သော “သိုးဆီဥ” ကိုဆက်သခဲ့ကြောင်း သတိပြုပါ။ (ကမ္ဘာဦး ၄:၄) ထို့ပြင် ဧဒင်ဥယျာဉ်တွင် မြွေကို ယေဟောဝါမိန့်ဆိုခဲ့သည့် ဤစကားများကိုလည်း သူဆင်ခြင်သုံးသပ်နိုင်ဖွယ်ရှိသည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅; ဗျာ. ၁၂:၉) ထို “မိန်းမ” နှင့် သူ၏ “အမျိုးအနွယ်” တို့သည် မည်သူမည်ဝါဖြစ်သည်ကို အာဗေလ နားမလည်သော်လည်း မိန်းမ၏အမျိုးအနွယ် ‘ဖနောင့်ကိုကြိတ်’ ရာတွင် သွေးထွက်မည်ကို သဘောပေါက်ခဲ့ပေမည်။ သက်ရှိသတ္တဝါထက် ပို၍တန်ဖိုးရှိသောအရာ ဘာမျှမရှိနိုင်သည်ကို သူသဘောပေါက်ခဲ့မည်မှာ သေချာ၏။ မည်သို့ပင်ဖြစ်ပါစေ၊ သူပူဇော်ခဲ့သောယဇ်သည် အမှန်ပင်ဆီလျော်အပ်စပ်လှပါသည်။
ယနေ့လည်း ခရစ်ယာန်များသည် အာဗေလနည်းတူ ဘုရားသခင်ထံ ယဇ်ပူဇော်ကြ၏။ သူတို့သည် အဦးဖွားသောတိရစ္ဆာန်များကိုမဟုတ်ဘဲ ဘုရားသခင်၏ “နာမတော်ကိုဝန်ခံသော နှုတ်ခမ်းဟေဗြဲ ၁၃:၁၅၊ သမ္မာ) ကျွန်ုပ်တို့သည် မိမိ၏ယုံကြည်ခြင်းအကြောင်း သူတစ်ပါးကို ထုတ်ပြောသောအခါ နှုတ်ဖြင့် လူသိရှင်ကြားဝန်ခံနေခြင်းဖြစ်သည်။
အသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်” ကိုပူဇော်ကြ၏။ (သင်၏ချီးမွမ်းခြင်းယဇ်အရည်အသွေးကို ကောင်းသည်ထက်ကောင်းစေလိုသလော။ သို့ဆိုလျှင် သင့်ရပ်ကွက်ရှိ လူတို့၏လိုအပ်ရာများကို အသေအချာစဉ်းစားပါ။ သူတို့၏စိုးရိမ်ပူပန်မှုများကား အဘယ်နည်း။ သူတို့၏စိတ်ဝင်စားရာများကော။ သမ္မာကျမ်းစာသတင်းတရား၏ အဘယ်အချက်ကို သူတို့နှစ်သက်မည် ထင်သနည်း။ အမှုဆောင်ထွက်သောအခါ သင်ရောက်ခဲ့သည့်အိမ်များတွင် မည်သို့ပြောဆိုလျှင် ပို၍ထိရောက်မှုရှိမည်ကို ဆန်းစစ်ကြည့်ပါ။ ယေဟောဝါအကြောင်း ပြောဆိုသည့်အခါ နှလုံးပါပါ ယုံကြည်စိတ်ချစွာ ပြောဆိုပါ။ သင်၏ယဇ်ကို တကယ့် “ချီးမွမ်းခြင်းယဇ်” ဖြစ်စေပါ။
ပရောဖက်တစ်ပါး လက်ခံမှုမရှိသောအိမ်နီးချင်းများကို ဟောပြော
ယခု ပရောဖက်ဧနောက်အကြောင်း သုံးသပ်ကြည့်ပါ။ သူသည် ယေဟောဝါဘုရားသခင်၏ တစ်ဦးတည်းသောသက်သေခံ ဖြစ်ကောင်းဖြစ်နေပေမည်။ သင်သည် ဧနောက်နည်းတူ သင့်မိသားစုတွင် ယေဟောဝါအား တစ်ဦးတည်းဝတ်ပြုသူလော။ သင်သည် အတန်းထဲတွင် သို့မဟုတ် အလုပ်ခွင်တွင် သင်တစ်ဦးတည်းသာ ကျမ်းစာမူများကို လိုက်နာကျင့်သုံးနေသူလော။ သို့ဆိုလျှင် သင်သည် အတိုက်အခံများနှင့် တွေ့ကောင်းတွေ့ရပေမည်။ သင်၏မိတ်ဆွေများ၊ ဆွေမျိုးများ၊ အတန်းဖော်များ၊ အလုပ်ဖော်များက သင့်ကို ဘုရားသခင့်ပညတ်များချိုးဖောက်ရန် တိုက်တွန်းကြပေမည်။ “မင်းလုပ်တာတွေကို ဘယ်သူမှ သိမှာမဟုတ်ဘူး။ ငါတို့လည်း ပြောမှာမဟုတ်ဘူး” ဟုသူတို့ပြောကြပေမည်။ သင်၏လုပ်ဆောင်မှုကို ဘုရားသခင် ဂရုမစိုက်သောကြောင့် သမ္မာကျမ်းစာပါ ကိုယ်ကျင့်တရားစံနှုန်းများအတွက် စိတ်အနှောင့်အယှက်ဖြစ်ခြင်းသည် အချည်းနှီးသာဟု သူတို့အခိုင်အမာပြောဆိုကြပေမည်။ သင်သည် သူတို့နည်းတူ မတွေးခေါ်၊ မပြုမူသည်ကို မကျေမနပ်ဖြစ်ကာ သင်၏ခံနိုင်ရည်ကို ချိုးဖျက်ရန် အစွမ်းကုန်ကြိုးစားကြပေမည်။
ဤသို့သောဖိအားပေးမှုကို ရင်ဆိုင်တိုက်လှန်ရန် မလွယ်ကူသော်လည်း မဖြစ်နိုင်သောအရာမဟုတ်ပေ။ အာဒံမှခုနစ်ဆက်မြောက်မျိုးဆက်ဖြစ်သူ ဧနောက်အကြောင်း စဉ်းစားကြည့်ပါ။ (ယုဒ ၁၄) ဧနောက်မွေးဖွားချိန်တွင် လူအများစုသည် အရှက်အကြောက်မရှိကြတော့ချေ။ သူတို့၏အပြောအဆို ကြမ်းတမ်းပြီး အပြုအမူများမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ (ယုဒ ၁၅) ယနေ့ လူအများပြုမူသည့်နည်းတူ သူတို့ပြုမူခဲ့ကြ၏။
ဧနောက်သည် ထိုအခြေအနေကို မည်သို့ကျော်လွှားနိုင်ခဲ့သနည်း။ ၎င်းမေးခွန်း၏အဖြေမှာ ယနေ့ ကျွန်ုပ်တို့အတွက် စိတ်ဝင်စားစရာဖြစ်သည်။ ထိုအချိန်က ကမ္ဘာပေါ်တွင် ဧနောက်တစ်ဦးတည်းသာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူဖြစ်သော်လည်း အမှန်တကယ်မူ သူတစ်ဦးတည်းမဟုတ်ခဲ့ချေ။ ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာခဲ့သည်။—ကမ္ဘာဦး ၅:၂၂။
ဧနောက်၏အသက်တာတွင် အဓိကအာရုံစိုက်ရာမှာ ဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန်ဖြစ်သည်။ ဘုရားသခင်နှင့်အတူ သွားလာခြင်းသည် ကိုယ်ကျင့်တရားစင်ကြယ်ရုံမျှမက အဓိပ္ပာယ်ရှိကြောင်း သူသိရှိခဲ့သည်။ သူဟောပြောရန် ယေဟောဝါ မျှော်လင့်ခဲ့သည်။ (ယုဒ ၁၄၊ ၁၅) လူတို့၏ဘုရားတရားရေးကင်းမဲ့သောအမူအကျင့်များကို သိမြင်သူရှိကြောင်း အသိပေးဖို့လိုသည်။ ဧနောက်သည် ဘုရားသခင်နှင့်အတူ အနှစ် ၃၀၀ ကျော်လျှောက်လှမ်းခဲ့သည်—ကျွန်ုပ်တို့တွင် မည်သူမဆို ခံရပ်ခဲ့သည်ထက် ပိုမိုကြာရှည်ခဲ့သည်။ သူသည် သေသည့်အထိ ဘုရားသခင်နှင့်အတူ သွားလာခဲ့၏။—ကမ္ဘာဦး ၅:၂၃၊ ၂၄။
ဧနောက်နည်းတူ ကျွန်ုပ်တို့လည်း ဟောပြောခြင်းတာဝန်ရထားကြသည်။ (မဿဲ ၂၄:၁၄) တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းအပြင် ကျွန်ုပ်တို့သည် ဆွေမျိုးများ၊ စီးပွားရေးမိတ်ဆွေများနှင့် အတန်းဖော်များကို သတင်းကောင်းဟောပြောရန် ကြိုးစားကြ၏။ သို့သော် တစ်ခါတစ်ရံ ဟောပြောရန် တွန့်ဆုတ်နေပေမည်။ ထိုသို့သင်ဖြစ်ဖူးသလော။ လက်မလျှော့လိုက်ပါနှင့်။ အစောပိုင်းခရစ်ယာန်များကို အတုယူပြီး သတ္တိရှိဖို့ ဘုရားသခင်ထံ ဆုတောင်းပါ။ (တမန်တော် ၄:၂၉) သင်သည် ဘုရားသခင်နှင့်အတူ သွားလာနေသည့်ကာလပတ်လုံး ထီးတည်းမဖြစ်ကြောင်း ဘယ်သောအခါမျှ မမေ့ပါနှင့်။
မုဆိုးမတစ်ဦး တစ်နပ်စာပြင်ဆင်ပေး
ထူးထူးထွေထွေမဟုတ်သည့် တစ်နပ်စာကို ပြင်ဆင်ပေးခဲ့သောကြောင့် ကောင်းချီးနှစ်ခုရခဲ့သည့် အမည်မသိမုဆိုးမတစ်ဦးကို မြင်ယောင်ကြည့်ပါ။ သူသည် ဣသရေလလူမျိုး
မဟုတ်ဘဲ ဘီ.စီ.အီး. ဆယ်ရာစုက ဇရတ္တမြို့တွင်နေထိုင်ခဲ့သော တစ်ပါးအမျိုးသားဖြစ်သည်။ မိုးခေါင်ရေရှား၍ အစာခေါင်းပါးချိန်ပြီးခါနီးတွင် ထိုမုဆိုးမမှာ စားစရာမရှိသလောက်ဖြစ်နေသည်။ သူနှင့်သူ့သား နောက်ဆုံးတစ်နပ်စာစားရန် လက်တစ်ဆုပ်စာဂျုံနှင့် ဆီအနည်းငယ်သာ ကျန်ရှိတော့သည်။ဤအချိန်အခါတွင် ဧည့်သည်တစ်ဦးရောက်လာသည်။ ထိုသူမှာ ၎င်းမုဆိုးမ၏ မဖြစ်စလောက်အစာကို ဝေမျှကျွေးခိုင်းသည့် ဘုရားသခင်၏ပရောဖက် ဧလိယဖြစ်သည်။ သူနှင့်သူ့သားအတွက်ပင် မလောက်မငှဖြစ်နေရာ ဧည့်သည်ကိုကျွေးရန် အပိုအလျှံမရှိချေ။ သို့သော် ဧလိယက ထိုအစာကို မိမိနှင့်ဝေမျှစားမည်ဆိုလျှင် သူနှင်သူ့သားသည် အစာငတ်လိမ့်မည်မဟုတ်ဟု ယေဟောဝါ၏မိန့်တော်မူချက်ဖြင့် ဧလိယအာမခံခဲ့သည်။ ဣသရေလလူမျိုး၏ဘုရားသခင်သည် တစ်ပါးအမျိုးသားမုဆိုးမတစ်ဦးကို အသိအမှတ်ပြုလိမ့်မည်ဟု ယူမှတ်ရန် ယုံကြည်ခြင်းရှိဖို့လိုသည်။ သို့တိုင် ဧလိယစကားကို ယုံသည့်အတွက် သူ့ကို ယေဟောဝါ ကျေးဇူးပြုခဲ့သည်။ “ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသောစကားအတိုင်း အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီမလျော့။” ထိုအမျိုးသမီးနှင့် သူ၏သားသည် အစာခေါင်းပါးခြင်းပြီးဆုံးသည့်တိုင် စားစရာပုံမှန်ရရှိခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၇:၈-၁၆။
သို့သော် ထိုမုဆိုးမသည် နောက်ထပ်ကောင်းချီးတစ်ခုရသေး၏။ ထိုအံ့ဖွယ်အမှုဖြစ်ပြီးနောက် များမကြာမီ သူချစ်မြတ်နိုးသောသားလေး ဖျားနာပြီး သေဆုံးသွားရှာသည်။ ဧလိယသည် သနားစိတ်ဖြင့် ကလေးကိုအသက်ပြန်ရှင်စေရန် ယေဟောဝါထံ အသနားခံလေသည်။ (၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၄) ထိုသို့အသက်ပြန်ရှင်စေရန် တစ်ခါမျှမကြုံခဲ့ဖူးသောအံ့ဖွယ်အမှု ပြုဖို့လိုပေမည်။ ထိုအချိန်အထိ ရှင်ပြန်ထမြောက်ခဲ့ဖူးသူ တစ်ဦးတစ်ယောက်မျှ မရှိသေးချေ။ ယေဟောဝါသည် တစ်ပါးအမျိုးသားဖြစ်သော ဤမုဆိုးမကို တစ်ဖန်ကရုဏာပြဦးမည်လော။ ပြတော်မူခဲ့၏။ ထိုကလေးကို အသက်ပြန်ရှင်လာစေရန် ဧလိယကို ယေဟောဝါ တန်ခိုးပေးခဲ့သည်။ နောက်ပိုင်းတွင် အခွင့်ထူးရရှိခဲ့သော ထိုမုဆိုးမအကြောင်း ယေရှု ဤသို့မိန့်မြွက်ခဲ့သည်– “ဣသရေလအမျိုးဖြစ်သော မုဆိုးမအများရှိကြ၏။ သို့သော်လည်း . . . ဧလိယကို . . . ဇိဒုန်ပြည်၊ ဇရတ္တမြို့သူဖြစ်သော မုဆိုးမတစ်ယောက်ရှိရာသို့ စေလွှတ်တော်မူ၏။”—လုကာ ၄:၂၅၊ ၂၆။
ယနေ့ စီးပွားရေးအခြေအနေသည် စက်မှုနိုင်ငံများ၌ပင် ယိမ်းယိုင်လျက်ရှိ၏။ အကြီးစားကော်ပိုရေးရှင်းအချို့သည် ဆယ်စုနှစ်ချီ၍ သစ္စာရှိရှိအလုပ်လုပ်ခဲ့သူ အလုပ်သမားများကို အလုပ်ဖြုတ်ခဲ့သည်။ ခရစ်ယာန်တစ်ဦးသည် အလုပ်လက်မဲ့ဖြစ်မည်ကိုစိုးရိမ်ပြီး မိမိကို ကုမ္ပဏီက ဆက်ခန့်ရန် အချိန်ပိုဆင်းပေးလိမ့်မည်။ ထိုသို့ပြုလုပ်မည်ဆိုလျှင် သူသည် ခရစ်ယာန်အစည်းအဝေးများတက်ရန်၊ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ရန်၊ မိသားစု၏ စိတ္တရေးနှင့် ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်စွက်ပေးရန် အချိန်ရှိတော့မည်မဟုတ်ပေ။ သို့တိုင် မည်သို့ပင်ဖြစ်လာပါစေ၊ ထိုအလုပ်ဆက်ရှိဖို့လိုသည်ဟု သူယူဆပေမည်။
ဤသို့သောစီးပွားရေးအခက်အခဲကြုံတွေ့နေသူ ခရစ်ယာန်တစ်ဦးသည် စိုးရိမ်ပူပန်မည်မှာအမှန်ပင်။ ဤခေတ်ကာလတွင် အလုပ်ရဖို့ခက်သည်။ ကျွန်ုပ်တို့အများစုသည် ချမ်းသာကြွယ်ဝရန် မကြိုးစားကြသော်လည်း ဇရတ္တမြို့မှ မုဆိုးမကဲ့သို့ အသက်ရှင်ရေးအတွက် အစာရေစာလိုချင်ကြသည်။ သို့သော် ဘုရားသခင်က “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား” ဟုမိန့်ဆိုခဲ့ကြောင်း တမန်တော်ပေါလုသတိပေးခဲ့သည်။ “ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်” ဟုကျွန်ုပ်တို့ ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်ကြ၏။ (ဟေဗြဲ ၁၃:၅၊ ၆) ပေါလုသည် သူ၏အသက်ကို ပေးဝံ့သည့်အထိ ထိုကတိတော်ကို ယုံကြည်ခဲ့ရာ ယေဟောဝါသည် သူ့ကို အစဉ်ကြည့်ရှုစောင့်မခဲ့သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့မစွန့်လျှင် ကျွန်ုပ်တို့ကို ကိုယ်တော်စွန့်တော်မူမည်မဟုတ်ချေ။
ကျွန်ုပ်တို့သည် မောရှေ၊ ဂိဒေါင်နှင့် ဒါဝိဒ်အစရှိသော ဝိညာဉ်ရေးလူတို့ကဲ့သို့ ထူးခြားသောလုပ်ဆောင်မှုများကို ဘယ်သောအခါမျှ ပြုလုပ်နိုင်ကြမည်မဟုတ်သော်လည်း သူတို့၏ယုံကြည်ခြင်းကို တုပနိုင်ကြသည်။ အာဗေလ၊ ဧနောက်နှင့် ဇရတ္တမြို့မှမုဆိုးမတို့၏ သာမန်လုပ်ရပ်များကို ကျွန်ုပ်တို့ အမှတ်ရနိုင်သည်။ ယေဟောဝါသည် အသေးအဖွဲမျှသာဖြစ်ပါစေ ယုံကြည်ခြင်းလုပ်ရပ်အားလုံးကို စိတ်ဝင်စားတော်မူ၏။ ဘုရားသခင်ကိုကြောက်ရွံ့သော ကျောင်းသားတစ်ဦးသည် ရွယ်တူချင်းထံမှ မူးယစ်ဆေးကို ငြင်းပယ်သောအခါ၊ ခရစ်ယာန်အလုပ်သမားတစ်ဦးသည် အလုပ်ခွင်တွင် အကျင့်ယိုယွင်းဖို့ မြှူဆွယ်ခြင်းကို ငြင်းသောအခါ၊ သက်ကြီးအိုရွယ်သက်သေခံတစ်ဦးသည် အားအင်ကုန်ခန်းပြီး ကျန်းမာရေးမကောင်းသည့်တိုင် အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်သောသု. ၂၇:၁၁။
အခါ ယင်းတို့အားလုံးကို ယေဟောဝါ သိမြင်တော်မူသည်။ ကိုယ်တော်ရွှင်လန်းလိုက်မည်ဖြစ်ခြင်း!—သူတစ်ပါးလုပ်ဆောင်မှုကို သင်သတိပြုမိသလော
ယေဟောဝါသည် ကျွန်ုပ်တို့လုပ်ဆောင်လေသမျှကို သတိပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်ကို တုပသူများအနေနှင့် သူတစ်ပါး၏ကြိုးစားအားထုတ်မှုများကို ကျွန်ုပ်တို့ သတိပြုသင့်သည်။ (ဧဖက် ၅:၁) အသင်းတော်အစည်းအဝေးများတက်ရန်၊ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ရန်၊ နေ့စဉ်ဘဝအသက်တာ၏လုပ်ငန်းများကို ပြုလုပ်ရန်အတွက်ပင် ကျွန်ုပ်တို့၏ခရစ်ယာန်ချင်းများ ရင်ဆိုင်ရသည့် အခက်အခဲများကို အနီးကပ်ကြည့်ရှုပါလေ။
ထို့နောက် ယေဟောဝါကို သင်နှင့်အတူ ဝတ်ပြုသူချင်းတို့အား သူတို့၏ကြိုးစားအားထုတ်မှုများကို သင်လေးမြတ်တန်ဖိုးထားကြောင်း သိရှိစေပါ။ ထိုသို့ပြုလျှင် သူတို့ အားရဝမ်းသာကြပါလိမ့်မည်၊ သူတို့ကို သင်သတိပြုမိသကဲ့သို့ ယေဟောဝါလည်း သတိပြုကြောင်း သူတို့ကို စိတ်ချစေပေမည်။