မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကို သင် အဘယ်အရာ မေးလိုသနည်း

ဘုရားသခင်ကို သင် အဘယ်အရာ မေးလိုသနည်း

ဘုရားသခင်​ကို သင် အဘယ်အရာ မေး​လို​သနည်း

ကမ္ဘာ​တစ်ဝန်း​ရှိ​လူ​တို့​တွင် ဘဝ​နှင့်​ပတ်သက်​၍ အရေးကြီး​သည့်​မေးခွန်း​များစွာ​ရှိသည်။ အသင်​ကော။ လူအများသည် ဝတ်ပြုရေး​သွန်သင်သူ​များ​ကို မေးခဲ့​ကြသော်လည်း ကျေနပ်ဖွယ်​အဖြေ​များ မရရှိ​ခဲ့​ကြ​ချေ။ တခြားသူ​များသည် အဆိုပါ​မေးခွန်းများကို သူတို့​ဘာသာ ဆင်ခြင်​သုံးသပ်​ခဲ့​ကြသည်။ အချို့​မှာ​မူ လမ်းညွှန်​ပေး​ပါ​ရန် ဆုတောင်း​ခဲ့​ကြ​၏။ သင့်ကို စိတ်ရှုပ်​ထွေး​စေသည့် ကိစ္စရပ်​များနှင့်​စပ်လျဉ်း၍ ဘုရားသခင်​ထံ​မှ အဖြေ အမှန်​ရနိုင်သလော။ ဘုရားသခင်​အား လူများစွာ မေး​လို​သည့် မေးခွန်းများ​တွင် ဤ​မေးခွန်းများ​ပါဝင်​သည်။

ဘုရားသခင်၊ ကိုယ်တော်​သည် အမှန်တကယ် မည်သူ​နည်း။

ဘုရားသခင်​အား လူ​တို့​ရှုမြင်ပုံသည် သူတို့၏​ယဉ်ကျေးမှု၊ သူတို့​မိဘများ​၏​ဝတ်ပြုရေး​နှင့် သူတို့​ကိုယ်တိုင်​၏ ရွေးချယ်မှု​အပေါ် မူတည်​ပေ​သည်။ အချို့​က နတ်​ဘုရား​ကို အမည်တပ်​ခေါ်​၏; တခြား​သူများ​မှာ​မူ ဘုရားသခင်​ဟူ၍​သာ ခေါ်ဆို​ကြသည်။ ယင်းသည် အရေးပါ​သလော။ မိမိ​ကိုယ်တော်တိုင်​နှင့် မိမိ၏​နာမတော်​ကို ဖော်ပြ​သည့် စစ်မှန်သော​ဘုရားသခင် တစ်ပါး​တည်း​ရှိသလော။

အဘယ်ကြောင့် ဤမျှ​ဆင်းရဲ​ခက်ခဲ​ရသနည်း။

လူတစ်ဦး​သည် မဆင်မခြင်​ပြုမူ​၍၊ သို့​မဟုတ် အကျင့်​ယိုယွင်း​ခဲ့​၍ ကျန်းမာ​ရေး ချို့တဲ့​နေ​မည် သို့​မဟုတ် ဆင်းရဲ​မွဲတေ​နေ​မည်​ဆိုလျှင် သူသည် ညည်းညူ​ပေမည်။ သို့ရာတွင် သူသည် ဆင်းရဲ​ခက်ခဲ​နေရ​သည့်​အကြောင်းရင်းကို ကောင်းစွာ​သိရှိ​ပေမည်။

သို့သော် အခြားသူများ​စွာ​သည် သူတို့တွင် အမှား​မရှိဘဲ အလွန်​ဆင်းရဲ​ခက်ခဲ​နေကြ​သည်။ အချို့​မှာ နာတာရှည်​ရောဂါ​များ ခံစား​နေကြ​ရ၏။ တခြား​သူများ​မှာ​မူ သူတို့​မိသားစု​၏ စား​ဝတ်​နေ​ရေး​အတွက် အကြီးအကျယ်​ရုန်းကန်​နေကြ​ရသည်။ သန်းပေါင်း​များစွာ​သည် ရာဇဝတ်မှု၊ စစ်မှု၊ လက်လွတ်​စ​ပယ်​အကြမ်းဖက်မှု၊ သဘာဝဘေးဒဏ်​များ၊ အခွင့်အာဏာ​ရှိ​သူများ​၏​မတရားမှု​တို့ကို ခံစား​နေကြ​ရသည်။

ယင်းကြောင့် လူတို့က ‘ထိုသို့​သော​အခြေအနေ​များ အဘယ်ကြောင့် ဤမျှ​ပျံ့နှံ့​နေရ​သနည်း။ အဆိုပါ​ဆင်းရဲ​ခက်ခဲ​မှု​တို့ကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြု​ရသနည်း’ ဟု​မေးမြန်း​ကြ​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ။

ကျွန်ုပ်​သည် အဘယ်ကြောင့် ဤ​တွင်​ရှိနေ​ရသနည်း။ ဘဝ၏​ရည်ရွယ်ချက်ကား အဘယ်နည်း။

နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​မှ စစ်မှန်သော​စိတ်​ကျေနပ်မှု​မရရှိ​သဖြင့် အလိုမကျ​သူများ​သည် အဆိုပါ​မေးခွန်းများကို မေးတတ်ကြ​၏၊ လူအများသည်​လည်း ထို​အတိုင်း​ပင်​ဖြစ်သည်။ အခြားသူ​သန်းပေါင်း​များစွာက လူတစ်ဦး​စီ​၏​ဘဝ​ပုံစံ​ကို ဘုရားသခင် တစ်နည်း​နည်းဖြင့် တင်ကြို​သတ်မှတ်​ထား​၏​ဟု ယုံကြည်​ကြသည်။ ထိုသို့​ဖြစ်သလော။ ဘုရားသခင်​သည် သင့်အတွက် အထူး​ရည်ရွယ်ချက်​တစ်ခု​အမှန်​ရှိ​မည်​ဆိုလျှင် ယင်းကို သင်​သိ​လို​မည်​မှာ သေချာ​သည်။

ကမ္ဘာ​ပေါ်​ရှိ စာအုပ်​အားလုံး​တို့​တွင် စာအုပ်​တစ်အုပ်​သည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်​ကြောင်း ယင်းက ရှင်းလင်း​ပြတ်သား​စွာ ဖော်ပြ​ထား​၏။ လူ​ခပ်သိမ်း​အတွက် ဘုရားသခင်​ထံ​မှ​လာသော သတင်း​တစ်ရပ်​အမှန်​ဖြစ်၍​လည်း ဤ​စာအုပ်​ကို ရေးသားခဲ့​သမျှ တခြား​မည်သည့်​စာအုပ်​ထက်​မဆို ဘာသာ​စကား​မြောက်မြားစွာ​ဖြင့် ထုတ်ဝေ​ထား​၏။ ၎င်း​စာအုပ်​သည် သမ္မာကျမ်းစာ​ပင်​ဖြစ်၏။ ဤ​စာအုပ်​တွင် ကောင်းကင်​မြေကြီး​၏​ဖန်ဆင်း​ရှင် ဘုရားသခင်​ကိုယ်တော်တိုင်​က မိမိသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​နှင့် မိမိ၏​နာမတော်​ကား မည်သို့​ဖြစ်​ကြောင်း ဖော်ပြ​ထား​တော်​မူ​၏။ ထို​နာမတော်​ကို သင်​သိပါသလော။ ဘုရားသခင်​သည် မည်​ကဲ့သို့​သော​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ကြောင်း ကျမ်းစာ​အဆိုကို သင်​သိပါသလော။ သင့်ထံ​မှ ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​ကြောင်း သမ္မာကျမ်းစာ​ပြောဆို​ရာ​ကို သင်​သိ​သလော။

[Picture Credit Line on page 2]

COVER: Chad Ehlers/Index Stock Photography

[Picture Credit Line on page 3]

Mountain: Chad Ehlers/Index Stock Photography