မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

အိုမင်းမစွမ်း​ဖြစ်နေ​သော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တစ်ဦး​သည် အသင်းတော်တွင် သခင့်​ညစာ​စားပွဲ မတက်ရောက်​နိုင်​ပါ​က တစ်စုံတစ်ရာ​စီစဉ်​ပေး​နိုင်​သလော။

စီစဉ်​ပေး​နိုင်​ပါ​သည်။ အိုမင်းမစွမ်း​ဖြစ်​ပြီး အိပ်ရာ​မှ​မထနိုင်​သဖြင့် အသင်းတော်တွင် ခရစ်တော်​၏​သေခြင်း အောက်မေ့ရာပွဲ​ကျင်းပ​သောအခါ မတက်ရောက်​နိုင်​သည့် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တစ်ဦး​ကို ထောက်စာ​သော​အားဖြင့် တစ်စုံတစ်ရာ​ပြုလုပ်​နိုင်​၍ ပြုလုပ်​ပေး​သင့်ပါသည်။ ဤ​ကိစ္စ​မျိုး​တွင် ၎င်း​ယုံကြည်သူချင်း​ထံ​သို့ အကြီးအကဲ​တစ်ဦး သို့​မဟုတ် အခြား​ရင့်ကျက်သော​ခရစ်ယာန်​အမျိုးသား​တစ်ဦး​သည် အထိမ်းအမှတ် မုန့်​နှင့် စပျစ်​ရည်​အနည်းငယ်​ကို အဆိုပါ​ည နောက်​တစ်ရက်​နေ​မထွက်မီ ယူဆောင်​သွား​ရန် အကြီးအကဲ​အဖွဲ့က စီစဉ်​ပေး​နိုင်​သည်။

ဧည့်သည်​အကြီးအကဲ သို့​မဟုတ် အခြား​ညီအစ်ကို​သည် အခြေအနေ​ပေါ်​မူတည်၍ အတိုချုပ်​မှတ်ချက်​ပေး​ကာ သက်ဆိုင်ရာ​ကျမ်းချက်​များ​ကို​ဖတ်ရှု​နိုင်​သည်။ သခင့်​ညစာ​စားပွဲ​ကို ယေရှု​အစပြု​ကျင်းပ​ချိန်​က ကိုယ်တော်​ပြုလုပ်​ခဲ့​သော​ပုံစံ​ကို သူ​လိုက်လျှောက်​နိုင်​သည်။ ဥပမာ၊ မဿဲ ၂၆:၂၆ ကို​ဖတ်​ကာ ဆုတောင်း​ပြီး​နောက် တဆေးမဲ့​မုန့်​ကမ်း​နိုင်​သည်။ ထို့နောက် ဧည့်သည်​ညီအစ်ကို​သည် မဿဲ​အခန်းကြီး ၂၆၊ အခန်းငယ် ၂၇ နှင့် ၂၈ ကို​ဖတ်​ကာ နောက်​တစ်ကြိမ်​ဆုတောင်း​ပြီး​နောက် စပျစ်​ရည်​ကမ်း​နိုင်​သည်။ အထိမ်းအမှတ်​တစ်ခုစီ​၏ ဆိုလိုရင်း​ကို အတိုချုပ်​မှတ်ချက်​ပေး​ပြီး နိဂုံး​ချုပ်​ဆုတောင်း​နိုင်​သည်။

အသင်းတော်တွင်​ကျင်းပ​သော သခင့်​ညစာ​စားပွဲ​ကို အတတ်နိုင်ဆုံး ကြိုးစား​တက်ရောက်​သင့်​၏။ သို့သော် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တစ်ဦး​သည် အသည်းအသန်​ဖျားနေ​မည်၊ ဆေးရုံ​တက်​နေ​မည်၊ သို့​မဟုတ် အခြား​အကြောင်းကြောင့် နိသန်လ ၁၄ ရက်၊ နေဝင်ပြီး​နောက်​ကျင်းပ​သော သတိရအောက်မေ့ပွဲကို မတက်ရောက်​နိုင်အောင် ဆိုးဝါး​သော​အခြေအနေ​၌​ရှိ​နေလျှင် အဘယ်​သို့​ပြု​နိုင်​သနည်း။ ထို​အခြေအနေ​၌​ရှိသော ဝိညာဉ်​တော်​ဖွား​တစ်ဦး​သည် မောရှေ​ပညတ်​အစဉ်အလာ​အတိုင်း ရက် ၃၀ ကြာပြီးနောက် ၎င်း​အထိမ်းအမှတ်ပွဲ​ကို ကျင်းပ​နိုင်​ပါ​သည်။—တောလည်ရာ ၉:၉-၁၄