မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ၏ဇွဲ ဆုချခံခဲ့ရ

သူ၏ဇွဲ ဆုချခံခဲ့ရ

သူ၏​ဇွဲ ဆုချ​ခံ​ခဲ့​ရ

စိတ်​ရိုး​မှန်​သူများစွာ​တို့သည် သူတို့​ချစ်​မြတ်နိုး​ရသူ​များ ဘုရားသခင့်​ရည်ရွယ်ချက်များ​အကြောင်း သင်ယူပြီး ပျော်ရွှင်​သာယာသော​ဘဝကို ရရှိစေ​လို​ကြသည်။ ဘုရားသခင်​အား တစ်စုံ​တစ်ဦး​အပ်နှံ​သောအခါ အခြား​လူငယ်၊ လူကြီး​တို့၏​အမူအကျင့်ကောင်း​ကြောင့် ထို​သူသည် ပညာရှိရှိ​ဆုံးဖြတ်​ခဲ့​ခြင်း​ဖြစ်​နိုင်​သည်။ ယေဟောဝါသက်သေ​များ​၏ အထူး​အစည်းအဝေး​နေ့​တစ်ခု​တွင် အောက်ပါ​စာတို​ကလေး​ကို ပေးအပ်​ခဲ့​သူ ခေး​အဲ​ရမ်​အမည်​ရှိ မက္ကဆီကို​မှ ဆယ်ကျော်သက်​မိန်းမငယ်​၌ ထိုသို့​ဖြစ်​ခဲ့​သည်–

“ကျွန်မ​နဲ့​အတူ သင်တို့ကို​ပျော်ရွှင်​စေချင်တယ်။ ဘာကြောင့်လဲ​ဆိုတော့ လွန်ခဲ့တဲ့​ဆယ့်ရှစ်​နှစ်လောက်​က ကျွန်မ​မမွေးခင်​မှာ ကျွန်မ​ရဲ့​မိဘတွေ အမှန်တရား​သိလာ​ခဲ့​ကြတယ်။ ဝိညာဉ်​ရေး​မှာ အမေ​တိုးတက်လာ​ပြီး​တဲ့​နောက် မောင်လေး​နဲ့ ကျွန်မ​ပါ တိုးတက်လာ​ခဲ့တယ်။ ကျွန်မ​အဖေ​လည်း အသက်​လမ်းပေါ်​ရောက်လာ​ပါစေ​လို့ ယေဟောဝါ​ကို ကျွန်မ​တို့​အတူတကွ ဆုတောင်း​ခဲ့​ကြတယ်။ ဆယ့်ရှစ်​နှစ်​ကြာပြီး​တဲ့​နောက် ဒီနေ့ဟာ ကျွန်မတို့​အတွက် အထူးနေ့​ရက်​တစ်ရက်​ပဲ။ ကျွန်မ​အဖေ နှစ်ခြင်း​ယူတော့မယ်။ အကြာကြီး​စောင့်မျှော်​ခဲ့​တဲ့ ဒီနေ့​ရက်မ​တိုင်​ခင် အဆုံး​မ​ရောက်​စေ​ခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ကျွန်မ​ကျေးဇူး​တင်​တယ်။ ကျေးဇူး​တင်​ပါ​တယ်၊ ယေဟောဝါ!”

နှစ်များ​တစ်လျှောက်​တွင် ဤ​မိန်းမငယ်​၏​မိသားစု​သည် ၁ ပေတရု ၃:၁၊ ၂ မှ ဤ​မှုတ်သွင်းခံ​ဆုံးမ​စကား​ပါ မူကို အမှန်​စိတ်စွဲ​မှတ်​ခဲ့​ကြသည်– “မိန်းမ​တို့၊ ကိုယ်​ခင်ပွန်း​၏​အုပ်စိုးခြင်း​ကို​ဝန်ခံ​ကြလော့။ သို့​ပြု​၍၊ နှုတ်[မြွက်​စကား]တော်​ကို​နားမထောင်​သော ယောက်ျား​အချို့​ရှိလျှင်၊ ထို​သူတို့သည် တရား​မ​နာ​သော်လည်း၊ သင်တို့၏​ကြောက်ရွံ့​ခြင်း​နှင့် စင်ကြယ်သော​အကျင့်​တို့ကို​ထောက်ရှု၍ မိမိ​မယား​၏​အကျင့်​အားဖြင့် သွေးဆောင်​လျက်​အတူပါ​မည်​အကြောင်း​ရှိ၏။” ခေး​အဲ​ရမ်​လေး​သည်လည်း “သင်၏​ဘုရားသခင်​ထာဝရ​ဘုရား မှာ​ထား​တော်​မူ​သည်​အတိုင်း သင်၏​မိဘကို ရိုသေ​စွာ​ပြု​လော့” ဟူသော တရားဟောရာ ၅:၁၆ ပါ​စကား​ကို အမှန်​ကျင့်သုံး​ခဲ့​သည်။ ဤ​မူများ​ကို လက်တွေ့​ကျင့်သုံး​ကြ​ပြီး ယေဟောဝါ​အား စိတ်ရှည်​စွာ​စောင့်မျှော်​ခဲ့​ကြ​သည့်​အတွက် ခေး​အဲ​ရမ်​နှင့် သူ၏​မိသားစု​သည် အမှန်ပင် ကောင်းချီး​ရရှိခဲ့သည်။