ယေဟောဝါအားကြောက်ရွံ့သည့် စိတ်နှလုံးကို မွေးမြူလော့
ယေဟောဝါအားကြောက်ရွံ့သည့် စိတ်နှလုံးကို မွေးမြူလော့
“သူတို့ . . . သည် . . . ငါ့ကိုကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံကြပါစေသော။” —တရားဟောရာ ၅:၂၉။
၁။ လူတို့သည် တစ်နေ့သောအခါ ကြောက်ရွံ့ခြင်းမှလွတ်မြောက်လိမ့်မည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
ကြောက်စိတ်သည် ရာစုနှစ်ချီ၍ လူသားတို့ကိုခြောက်လှန့်ခဲ့ပြီ။ ငတ်မွတ်ခြင်း၊ အနာရောဂါ၊ ရာဇဝတ်မှု သို့မဟုတ် စစ်ကိုကြောက်ရွံ့ခြင်းက သန်းပေါင်းများစွာသောသူတို့ကို အမြဲမပြတ်စိုးရိမ်သောကရောက်စေသည်။ ယင်းကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ စကားချီးတွင် လူသားအားလုံး ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရမည့်ကမ္ဘာ ဖြစ်ပေါ်စေလိုသည့်ဆန္ဒကိုဖော်ပြသည်။ * ဝမ်းသာစရာမှာ လူ့ကြိုးပမ်းမှုဖြင့်မဟုတ်ဘဲ ထိုသို့သောကမ္ဘာရှိလာလိမ့်မည်ဟု ဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်တို့ကိုစိတ်ချစေခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်၏ပရောဖက် မိက္ခာမှတစ်ဆင့် ထိုဖြောင့်မတ်သောကမ္ဘာသစ်တွင် ‘မိမိ၏လူမျိုးတော်ကို ကြောက်စေမည့်သူတစ်စုံတစ်ယောက်မျှမရှိရ’ ဟုကျွန်ုပ်တို့ကို ယေဟောဝါကတိပြုတော်မူ၏။—မိက္ခာ ၄:၄။
၂။ (က) ဘုရားသခင်ကိုကြောက်ရွံ့ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုမည်သို့တိုက်တွန်းသနည်း။ (ခ) ဘုရားသခင်အားကြောက်ရွံ့ဖို့ ကျွန်ုပ်တို့၏တာဝန်ကို သုံးသပ်သောအခါ အဘယ်မေးခွန်းများပေါ်ပေါက်လာနိုင်သနည်း။
၂ အခြားတစ်ဖက်တွင်မူ ကြောက်ရွံ့ခြင်းသည် အကျိုးပြုသောစွမ်းအားလည်းဖြစ်နိုင်သည်။ သမ္မာကျမ်းစာတွင် ယေဟောဝါကိုကြောက်ရွံ့ဖို့ ကိုယ်တော်၏ကျေးကျွန်များ ထပ်ခါတလဲတိုက်တွန်းခံရသည်။ ဣသရေလလူမျိုးကို မောရှေဤသို့ဆိုခဲ့သည်– “သင်၏ဘုရားသခင် [ယေဟောဝါ] ကိုကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်။” (တရားဟောရာ ၆:၁၃) ရာစုနှစ်များစွာလွန်ပြီးနောက် ရှောလမုန်ကဤသို့ရေးသားခဲ့သည်– “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။” (ဒေ. ၁၂:၁၃) ကောင်းကင်တမန်ကြီးကြပ်ကွပ်ကဲမှုအောက် ကျွန်ုပ်တို့ဆောင်ရွက်နေကြသော ဟောပြောခြင်းလုပ်ငန်းအားဖြင့် လူအားလုံး “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြ” ရန် ကျွန်ုပ်တို့ အလားတူတိုက်တွန်းကြသည်။ (ဗျာဒိတ် ၁၄:၆၊ ၇) ခရစ်ယာန်များသည် ယေဟောဝါအားကြောက်ရွံ့ခြင်းအပြင် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ကြရမည်။ (မဿဲ ၂၂:၃၇၊ ၃၈) ဘုရားသခင်ကို ကျွန်ုပ်တို့ချစ်မြတ်နိုးပြီး တစ်ချိန်တည်းတွင် မည်သို့ကြောက်ရွံ့နိုင်သနည်း။ မေတ္တာရှင်ဘုရားသခင်ကို အဘယ်ကြောင့်ကြောက်ရွံ့ဖို့လိုသနည်း။ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းကို ပြုစုပျိုးထောင်ခြင်းမှ အဘယ်အကျိုးကျေးဇူးများရရှိသနည်း။ ဤမေးခွန်းများကိုဖြေဆိုရန် ဘုရားသခင်အားကြောက်ရွံ့ခြင်းသည် အဘယ်အရာဖြစ်ပြီး ဤသို့သောကြောက်ရွံ့မှုမျိုးသည် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးတွင် အခြေခံအပိုင်းမှ မည်သို့ပါဝင်ကြောင်းကို ဦးဆုံးနားလည်ရမည်။
စိုးရွံ့ခြင်း၊ ကြည်ညိုလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်း
၃။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။
၃ ခရစ်ယာန်များသည် မိမိတို့၏ဖန်ဆင်းရှင်အပေါ် ကြောက်ရွံ့သောစိတ်ရှိသင့်သည်။ ဤကြောက်ရွံ့ခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ “ဖန်ဆင်းရှင်အား စိုးရွံ့တကြီးကြည်ညိုလေးမြတ်ခြင်းနှင့် ကိုယ်တော်မနှစ်သက်မည်ကိုစိုးသည့် အကျိုးဖြစ်ထွန်းသော ကြောက်ရွံ့ခြင်းဖြစ်သည်။” ထို့ကြောင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့ဘဝ၏ အရေးပါသောကဏ္ဍနှစ်ရပ်ဖြစ်သည့် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏သဘောထားနှင့် ကိုယ်တော်စက်ဆုပ်ရွံရှာသည့် အမူအကျင့်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏သဘောထားအပေါ် ဩဇာသက်ရောက်သည်။ ဤကဏ္ဍရပ်နှစ်ခုစလုံးသည် သေရေးရှင်ရေးတမျှအရေးပါပြီး အသေအချာသုံးသပ်ထိုက်သည်မှာ ထင်ရှား၏။ ဗိုင်း၏ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်ကထောက်ပြသည့်အတိုင်း ခရစ်ယာန်များအတွက် ဤကြည်ညိုလေးမြတ်သောကြောက်ရွံ့ခြင်းသည် ‘ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရားကိစ္စရပ်နှစ်ခုစလုံးတွင် ဘဝကိုထိန်းချုပ်ပေးသည့်အကြောင်းရင်းတစ်ခု’ ဖြစ်သည်။
၄။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အား စိုးရွံ့၍ ကြည်ညိုလေးမြတ်သည့်စိတ်ထားများကို မည်သို့မွေးမြူနိုင်မည်နည်း။
၄ ဖန်ဆင်းရှင်အား စိုးရွံ့၍ ကြည်ညိုလေးမြတ်သောစိတ်ထားရှိစေရန် ၎င်းကို ကျွန်ုပ်တို့မည်သို့မွေးမြူနိုင်မည်နည်း။ လှပသောတောတောင်ရှုခင်း၊ စွဲမှတ်ဖွယ်ကောင်းသောရေတံခွန် သို့မဟုတ် ရင်သပ်ရှုမောဖွယ်နေဝင်ချိန်တို့ကို မြင်ရသောအခါ ကျွန်ုပ်တို့တအံ့တသြဖြစ်ကြရသည်။ ၎င်းဖန်ဆင်းခြင်းလက်ရာတော်များနောက်ဝယ် ဘုရားသခင်၏လက်တော်ကို ယုံကြည်ခြင်းမျက်စိဖြင့် ကျွန်ုပ်တို့ကောင်းစွာသိမြင်လာကြသောအခါ ဆာလံ ၈:၃၊ ၄) ဤသို့အလွန်စိုးရွံ့ခြင်းက ကြည်ညိုလေးမြတ်မှုဖြစ်ပေါ်စေပြီး ယင်းက ကျွန်ုပ်တို့အဖို့ ယေဟောဝါပြုလုပ်ပေးလေသမျှအတွက် ကိုယ်တော်အား ကျေးဇူးတင်ချီးမွမ်းရန် လှုံ့ဆော်ပေးသည်။ ဒါဝိဒ် ဤသို့လည်းရေးသားခဲ့သည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည်အမှန်သိပါ၏။”—ဆာလံ ၁၃၉:၁၄။
ဤစိတ်ထားတိုးမြှင့်လာပေသည်။ ထို့အပြင် ဘုရင်ဒါဝိဒ်ကဲ့သို့ ယေဟောဝါ၏စိုးရွံ့ဖွယ် ဖန်ဆင်းခြင်းနှင့်နှိုင်းယှဉ်ကြည့်သော် ကျွန်ုပ်တို့ကိုယ်တိုင်၏အရေးမပါမှုကို သိရှိလာကြရ၏။ “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။” (၅။ ယေဟောဝါကို အဘယ်ကြောင့်ကြောက်ရွံ့သင့်သနည်း၊ ယင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့၌ အဘယ်ပုံသက်သေကောင်းရှိသနည်း။
၅ စိုးရွံ့၍ ကြည်ညိုလေးမြတ်သည့်စိတ်ထားများက ဖန်ဆင်းရှင်ဘုရားသခင့်တန်ခိုးတော်နှင့် စကြဝဠာပိုင်သအုပ်စိုးရှင်၏အခွင့်အာဏာတော်ကို အကျိုးဖြစ်ထွန်းသည့်ကြောက်ရွံ့ခြင်းနှင့် ရိုသေလေးစားစေသည်။ တမန်တော်ယောဟန်မြင်တွေ့ခဲ့သော အဆင်းအာရုံတစ်ခု၌ “သားရဲနှင့်လည်းကောင်း၊ သူ၏ရုပ်တုနှင့်လည်းကောင်း၊ . . . လွတ်၍အောင်မြင်သောသူတို့”—ကောင်းကင်ရာထူးရရှိကြသော ခရစ်တော်၏ ဝိညာဉ်တော်ဖွားနောက်လိုက်များ—က ဤသို့ကြွေးကြော်ကြ၏– “[အဆုံးမဲ့] တန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင် [ယေဟောဝါ]၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ အို [ယေဟောဝါ]၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။” (ဗျာဒိတ် ၁၅:၂-၄) ဘုရားသခင်၏ကြီးမြတ်မှုကို အလွန်ကြည်ညိုလေးမြတ်ခြင်းမှ ပေါက်ဖွားလာသော ကြောက်ရွံ့မှုက ကောင်းကင်နိုင်ငံတော်၌ ခရစ်တော်နှင့်တွဲဖက်အုပ်ချုပ်မည့်သူများကို ဘုရားသခင်အား အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ဂုဏ်တင်စေသည်။ ယေဟောဝါလုပ်ဆောင်ပေးခဲ့သမျှနှင့် စကြဝဠာကို ဖြောင့်မတ်စွာအုပ်ချုပ်သောနည်းလမ်းတို့ကို ကျွန်ုပ်တို့သုံးသပ်ကြည့်သောအခါ ကိုယ်တော်အားကြောက်ရွံ့ဖို့အကြောင်း များစွာရှိစေသည်မဟုတ်ပေလော။—ဆာလံ ၂:၁၁; ယေရမိ ၁၀:၇။
၆။ ယေဟောဝါမနှစ်သက်ရာပြုမိမှာကိုစိုးရိမ်သည့် အကျိုးဖြစ်ထွန်းသောကြောက်ရွံ့စိတ်အဘယ်ကြောင့်ရှိသင့်သနည်း။
၆ သို့သော် ဘုရားသခင်အားကြောက်ရွံ့ခြင်းတွင် စိုးရွံ့ခြင်းနှင့် ကြည်ညိုလေးမြတ်ခြင်းတို့ရှိသည့်အပြင် ကိုယ်တော်အလိုမကျမည်ကို သို့မဟုတ် ကိုယ်တော်အား မနာခံမိမည်ကိုစိုးရိမ်သော အကျိုးပြုသည့်ကြောက်ရွံ့ခြင်းပါဝင်ရမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် ‘အမျက်ထွက်နှေး၍ ကရုဏာနှင့်ကြွယ်ဝ’ တော်မူသော်လည်း “အပြစ်ဒဏ်စီရင်ခြင်းကို အဘယ်နည်းနှင့်မျှလွတ်ကင်းစေတော်မမူ” ကြောင်းကို ကျွန်ုပ်တို့သတိရကြရမည်ဖြစ်သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇၊ ကဘ) ယေဟောဝါသည် မေတ္တာနှင့် ကရုဏာရှိသော်ငြားလည်း မဖြောင့်မတ်မှုနှင့် တမင်အမှားပြုခြင်းကို သည်းမခံပါ။ (ဆာလံ ၅:၄၊ ၅; ဟဗက္ကုတ် ၁:၁၃) ယေဟောဝါ၏မျက်မှောက်တော်၌ ဆိုးသွမ်းသောအရာကို တမင်သက်သက်ပြု၍ နောင်တမယူဘဲနေသူနှင့် ကိုယ်တော်အားတမင်ဆန့်ကျင်သူတို့သည် အပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။ တမန်တော်ပေါလုဖော်ပြခဲ့သည့်အတိုင်း “အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှုဖြစ်သတည်း။” ထိုသို့သောအခြေအနေမျိုးသို့ ကျရောက်မည်ကိုစိုးသည့် အကျိုးဖြစ်ထွန်းသော ကြောက်ရွံ့စိတ်ရှိခြင်းသည် အဆုံးတွင် ကျွန်ုပ်တို့အတွက်အကာအကွယ်ဖြစ်ပေသည်။—ဟေဗြဲ ၁၀:၃၁။
“ကိုယ်တော်၌ဆည်းကပ်မှီဝဲရကြမည်”
၇။ ယေဟောဝါ၏ကယ်တင်နိုင်စွမ်းကို ယုံကြည်စိတ်ချဖို့ ကျွန်ုပ်တို့၌အဘယ်အကြောင်းရင်းများရှိသနည်း။
၇ ကြည်ညိုလေးမြတ်သောသဘောဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းနှင့် ကိုယ်တော်၏စိုးရွံ့ဖွယ်တန်ခိုးတော်ကို ထိုးထွင်းသိရှိခြင်းတို့သည် ယေဟောဝါအား ယုံကြည်စိတ်ချမှု၏ရှေ့ပြေးလက္ခဏာများဖြစ်၏။ ကလေးငယ်တစ်ဦးသည် အနီးအနားတွင် ဖခင်ရှိသောအခါ ဘေးကင်းသည်ဟုခံစားရသကဲ့သို့ ယေဟောဝါ၏လမ်းပြညွှန်ကြားမှုအောက်၌ ကျွန်ုပ်တို့လုံခြုံမှုခံစားကြရသည်။ အီဂျစ်ပြည်မှဣသရေလလူတို့ကို ယေဟောဝါခေါ်ဆောင်လာပြီးနောက် သူတို့၏တုံ့ပြန်ပုံကို သတိပြုပါ– “ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို ဣသရေလလူတို့သည်မြင်၍ ထာဝရဘုရားကိုကြောက်ရွံ့ကြ၏။ ထာဝရဘုရား . . . ကိုယုံကြည်ကြ၏။” (ထွက်မြောက်ရာ ၁၄:၃၁) “ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်” သည်ဟူသောအဖြစ်မှန်ကို ဧလိရှဲ၏အတွေ့အကြုံကလည်း သက်သေထူသည်။ (ဆာလံ ၃၄:၇; ၄ ဓမ္မရာဇဝင် ၆:၁၅-၁၇) ဘုရားသခင်သည် မိမိအားဝတ်ပြုသူတို့၏အကျိုးအတွက် ကိုယ်တော်၏တန်ခိုးတော်ကိုအသုံးပြုကြောင်း ယေဟောဝါ၏မျက်မှောက်ခေတ်လူမျိုးတော်သမိုင်းနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏အတွေ့အကြုံတို့ကလည်း စိတ်ချစေသည်။ (၂ ရာဇဝင်ချုပ် ၁၆:၉) သို့ဖြင့် “[ယေဟောဝါ] ကိုကြောက်ရွံ့ခြင်းသည် အားကြီးသောကိုးစားရာ” ဖြစ်ကြောင်း ကျွန်ုပ်တို့သိမြင်နားလည်လာကြသည်။—သု. ၁၄:၂၆။
၈။ (က) ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ကိုယ်တော့်နည်းလမ်းတော်များအတိုင်း ကျွန်ုပ်တို့ကို အဘယ်ကြောင့်လျှောက်လှမ်းစေသနည်း။ (ခ) ယေဟောဝါကို ကျွန်ုပ်တို့မည်သို့ “ဆည်းကပ်မှီဝဲ” သင့်ကြောင်း ရှင်းပြပါ။
၈ အကျိုးဖြစ်ထွန်းသောကြောက်ရွံ့မှုဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ကိုယ်တော်အားယုံကြည်စိတ်ချစေသည်သာမက ကိုယ်တော့်နည်းလမ်းတော်အတိုင်း လျှောက်လှမ်းစေသည်။ ရှောလမုန်သည် ဗိမာန်တော်ကိုအပ်နှံသောအခါ ယေဟောဝါထံဤသို့ဆုတောင်းခဲ့သည်– “ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်၌ [ဣသရေလလူ] တို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့၍ တရားတော်လမ်းသို့လိုက်ပါမည်အကြောင်း . . . စီရင်တော်မူပါ။” (၂ ရာဇဝင်ချုပ် ၆:၃၁) အစောပိုင်းတွင် ဣသရေလလူမျိုးကို မောရှေဤသို့တိုက်တွန်းခဲ့သည်– “သင်တို့၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကိုစောင့်ရကြမည်။ စကားတော်ကိုနားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ဆည်းကပ်မှီဝဲရကြမည်။” (တရားဟောရာ ၁၃:၄) ဤအခန်းငယ်များက အထင်အရှားဖော်ပြသည့်အတိုင်း ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း လျှောက်လှမ်း၍ ကိုယ်တော်အား “ဆည်းကပ်မှီဝဲ” လိုသည့်ဆန္ဒသည် ဘုရားသခင်ကိုယုံကြည်စိတ်ချခြင်းမှ ဖြစ်ပေါ်လာသည်။ မှန်ပါသည်၊ ကလေးငယ်တစ်ဦးသည် သူအကြွင်းမဲ့ယုံကြည်စိတ်ချသည့် ဖခင်ကို တကယ်တွယ်ကပ်မည်ဖြစ်သကဲ့သို့ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့အား ယေဟောဝါကိုနာခံစေသည်၊ ကိုယ်တော့်ကိုဝတ်ပြုစေ၍ ကိုယ်တော်၌ဆည်းကပ်မှီဝဲစေသည်။—ဆာလံ ၆၃:၈; ဟေရှာယ ၄၁:၁၃။
ဘုရားသခင်အားချစ်ခြင်းဟူသည် ကိုယ်တော်ကိုကြောက်ရွံ့ခြင်းဖြစ်
၉။ ဘုရားသခင်ကိုချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းသည် မည်သို့ဆက်စပ်သနည်း။
၉ သမ္မာကျမ်းစာရှုထောင့်မှဆိုလျှင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ကိုယ်တော်အားမချစ်နိုင်စရာအကြောင်း အဘယ်နည်းဖြင့်မျှမရှိစေပါ။ ယင်းနှင့်ဆန့်ကျင်လျက် ဣသရေလလူတို့သည် ‘[ယေဟောဝါ] ကိုကြောက်ရွံ့၍ လမ်းတော်သို့လိုက်သွားခြင်းနှင့် . . . ဘုရားသခင် . . . ကို . . . ချစ်’ ဖို့ ညွှန်ကြားခံခဲ့ရကြသည်။ (တရားဟောရာ ၁၀:၁၂) ထို့ကြောင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းနှင့် ချစ်ခြင်းသည် အလွန်ဆက်စပ်သည်။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ကိုယ်တော့်နည်းလမ်းတော်များအတိုင်း လျှောက်လှမ်းရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးပြီး ယင်းက တစ်ဖန် ကိုယ်တော်အားချစ်မြတ်နိုးကြောင်း သက်သေထူသည်။ (၁ ယောဟန် ၅:၃) ယင်းသည် ကျိုးကြောင်းဆီလျော်ပါသည်၊ အကြောင်းမှာ တစ်ဦးတစ်ယောက်ကို ကျွန်ုပ်တို့ချစ်လျှင် သူစိတ်ထိခိုက်မိမည်ကို ကျွန်ုပ်တို့တကယ်စိုးရိမ်ကြသည်။ ယေဟောဝါသည် တောကန္တာရတွင် ဣသရေလလူတို့၏ ပုန်ကန်သောလမ်းစဉ်ကြောင့် စိတ်တော်နာကျင်ခဲ့ရ၏။ ကောင်းကင်ခမည်းတော်ကို ထိုသို့ဝမ်းနည်းစေသော မည်သည့်အရာကိုမဆို ကျွန်ုပ်တို့ပြုလိုမည်မဟုတ်သည်မှာသေချာသည်။ (ဆာလံ ၇၈:၄၀၊ ၄၁) အခြားတစ်ဖက်တွင်မူ ကိုယ်တော်အား “ကြောက်ရွံ့သောသူ . . . တို့ကို ထာဝရဘုရားနှစ်သက်တော်မူ” သည်ဖြစ်ရာ ကျွန်ုပ်တို့၏နာခံမှုနှင့် တည်ကြည်မှုက ကိုယ်တော့်နှလုံးကိုရွှင်ပြုံးစေသည်။ (ဆာလံ ၁၄၇:၁၁; သု. ၂၇:၁၁) ဘုရားသခင်ကိုချစ်ခြင်းသည် ကိုယ်တော့်စိတ်တော်နှင့်တွေ့ဖို့ ကျွန်ုပ်တို့အားလှုံ့ဆော်ပေးပြီး ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ကိုယ်တော့်စိတ်နာကျင်စရာကိုမပြုမိရန် တားဆီးပေးသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်မဖြစ်ဘဲ ဖြည့်စွက်ပေးသည့် အရည်အသွေးများဖြစ်သည်။
၁၀။ ယေရှုသည် ယေဟောဝါအားကြောက်ရွံ့ခြင်း၌ ပျော်မွေ့ကြောင်းကို မည်သို့တင်ပြခဲ့သနည်း။
၁၀ ဘုရားသခင်ကိုချစ်ပြီး တစ်ချိန်တည်းတွင် မည်သို့ကြောက်ရွံ့နိုင်ကြောင်း ယေရှုခရစ်၏ဘဝလမ်းစဉ်က အထင်အရှားဖော်ပြသည်။ ယေရှုနှင့်ပတ်သက်၍ ပရောဖက်ဟေရှာယဤသို့ရေးသားခဲ့သည်– “ထာဝရဘုရား၏ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကိုပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည် ထိုသူဟေရှာယ ၁၁:၂-၄) ဤပရောဖက်ပြုချက်အရ ကောင်းကင်ခမည်းတော်ကိုကြောက်ရွံ့ရန် ယေရှုအား ဘုရားသခင့်ဝိညာဉ်တော်က လှုံ့ဆော်ပေးခဲ့သည်။ ထို့အပြင် ဤကြောက်ရွံ့ခြင်းသည် ကန့်သတ်ချုပ်ချယ်ဖို့ဝေးစွ၊ ကျေနပ်နှစ်သိမ့်မှု၏ရင်းမြစ်တစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့မှတ်သားရသည်။ ယေရှုသည် အခက်ခဲဆုံးအခြေအနေများ၌ပင် ဘုရားသခင့်အလိုတော်ဆောင်ခြင်းနှင့် ကိုယ်တော့်စိတ်တော်နှင့်တွေ့ခြင်း၌ ပျော်မွေ့ခဲ့သည်။ ညှဉ်းဆဲရာနှက်တိုင်ပေါ် အသတ်ခံရမည့်ဆဲဆဲတွင် ယေဟောဝါအား ကိုယ်တော်ဤသို့ပြောဆိုခဲ့သည်– “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေ။” (မဿဲ ၂၆:၃၉) ဤဘုရားသခင်ရေးရာကြောက်ရွံ့မှုကြောင့် ယေဟောဝါသည် သားတော်၏အသနားခံချက်ကို တလိုတလားနားထောင်ခဲ့ပြီး ကိုယ်တော့်ကိုခွန်အားပေး၍ သေခြင်းမှကယ်နုတ်တော်မူခဲ့သည်။—ဟေဗြဲ ၅:၇။
အပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော် . . . လိမ့်မည်။” (ယေဟောဝါကိုကြောက်ရွံ့ရန်သင်ယူခြင်း
၁၁၊ ၁၂။ (က) ဘုရားသခင်ကိုကြောက်ရွံ့တတ်ဖို့ ကျွန်ုပ်တို့အဘယ်ကြောင့်သင်ယူကြရမည်နည်း။ (ခ) ယေဟောဝါကိုကြောက်ရွံ့တတ်ဖို့ ကျွန်ုပ်တို့ကို ယေရှုမည်သို့သွန်သင်ပေးသနည်း။
၁၁ သဘာဝစွမ်းအားနှင့် ကြီးကျယ်ခမ်းနားမှုကို ကျွန်ုပ်တို့ကြုံတွေ့ရသောအခါ အလိုလိုစိုးရွံ့ထိတ်လန့်သွားခြင်းနှင့်မတူဘဲ ဘုရားသခင်အားကြောက်ရွံ့ခြင်းသည် အလိုအလျောက်ဖြစ်ပေါ်မလာပါ။ ထို့ကြောင့် သာ၍ကြီးမြတ်တော်မူသောဒါဝိဒ်၊ ယေရှုခရစ်သည် ပရောဖက်ပြု၍ ကျွန်ုပ်တို့ကိုဤသို့ဖိတ်ခေါ်သည်– “အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းတရားကို သင်တို့အားငါသွန်သင်မည်။” (ဆာလံ ၃၄:၁၁) ယေဟောဝါအား ကြောက်ရွံ့ခြင်းကို ယေရှုထံမှ မည်သို့သင်ယူနိုင်သနည်း။
၁၂ ကောင်းကင်ခမည်းတော်၏ အံ့ဖွယ်ကိုယ်ရည်ကိုယ်သွေးကို နားလည်စေခြင်းဖြင့် ယေဟောဝါအားကြောက်ရွံ့ခြင်းကို ယေရှုသွန်သင်ပေးသည်။ (ယောဟန် ၁:၁၈) ယေရှုသည် ခမည်းတော်၏ကိုယ်ရည်ကိုယ်သွေးကို အပြည့်အဝရောင်ပြန်ဟပ်သည့်အတွက် ယေရှုကိုယ်တော်တိုင်၏ပုံသက်သေက ဘုရားသခင်တွေးခေါ်ပုံနှင့် အခြားသူတို့နှင့်ကိုယ်တော်ဆက်ဆံပုံတို့ကို ဖော်ပြသည်။ (ယောဟန် ၁၄:၉၊ ၁၀) ထို့အပြင် ယေရှု၏ပူဇော်သကာအားဖြင့် ကျွန်ုပ်တို့၏အပြစ်များခွင့်လွှတ်ခံရဖို့ ယေဟောဝါထံ ဆုတောင်းသည့်အခါ ကိုယ်တော်ထံချဉ်းကပ်ခွင့်ရကြသည်။ ဘုရားသခင့်ကရုဏာတော်၏ ဤထင်ရှားသောဖော်ပြချက်ကိုယ်နှိုက်က ကိုယ်တော်အားကြောက်ရွံ့ရန် အကြောင်းကောင်းတစ်ခုဖြစ်သည်။ ဆာလံဆရာဤသို့ရေးသားခဲ့သည်– “ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်းရှိစေခြင်းငှာ အပြစ်လွှတ်ခြင်းအခွင့်ကိုပိုင်တော်မူ၏။”—ဆာလံ ၁၃၀:၄။
၁၃။ နယပုံပြင်ကျမ်း၌ဖော်ပြထားသော အဘယ်ခြေလှမ်းများက ယေဟောဝါကိုကြောက်ရွံ့ရန် ထောက်ကူပေးသနည်း။
၁၃ ဘုရားသခင်ရေးရာကြောက်ရွံ့မှုကို မွေးမြူနိုင်စေသည့် ခြေလှမ်းအဆင့်ဆင့်ကို နယပုံပြင်ကျမ်းကဖော်ပြသည်။ “ငါ့သား သင်သည်ပညာစကားကိုနားထောင်၍၊ စေတနာစိတ်နှင့် ဉာဏ်ကိုရှာဖွေသည်တိုင်အောင် ငါ့စကားကိုနာခံ၍ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌သွင်းမိလျှင်လည်းကောင်း၊ သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုစူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း ထာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။” (သု. ၂:၁-၅) ထို့ကြောင့် ယေဟောဝါကိုကြောက်ရွံ့ဖို့ ကျွန်ုပ်တို့သည် ကျမ်းစာကိုလေ့လာ၍ ယင်း၏သွန်သင်ချက်ကိုနားလည်ရန် အားတက်သရောကြိုးပမ်းပြီးနောက် ယင်း၏ဆုံးမစကားကို အသေအချာဂရုပြုကြရမည်။
၁၄။ ဣသရေလရှင်ဘုရင်များကိုပေးခဲ့သော ဆုံးမစကားကို ကျွန်ုပ်တို့မည်သို့လိုက်လျှောက်နိုင်ကြသနည်း။
၁၄ ရှေးခေတ်ဣသရေလရှင်ဘုရင်တိုင်း ပညတ္တိကျမ်းစာကိုကူးရေးပြီး ‘သူ၏ဘုရားသခင် [ယေဟောဝါ] ကိုကြောက်ရွံ့၍ ပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သင်ယူမည်အကြောင်း ဤဓမ္မပညတ်တရားစာကို တစ်သက်လုံးစောင့်ရှောက်ကြည့်ရှုဖတ်ရွတ်’ ရန်ညွှန်ကြားခံရကြသည်။ (တရားဟောရာ ၁၇:၁၈-၂၀) ယေဟောဝါကိုကြောက်ရွံ့ရန် ကျွန်ုပ်တို့သင်ယူကြမည်ဆိုလျှင် ကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာခြင်းသည် ကျွန်ုပ်တို့အတွက် ထပ်တူအရေးပါသည်။ သမ္မာကျမ်းစာမူများကို ကျွန်ုပ်တို့၏ဘဝတွင် လက်တွေ့ကျင့်သုံးကြစဉ် ဘုရားသခင့်ရေးရာဉာဏ်ပညာနှင့် အသိပညာကို တဖြည်းဖြည်းရလာကြသည်။ ၎င်းသည် ကျွန်ုပ်တို့၏ဘဝအသက်တာ၌ ကောင်းကျိုးများဖြစ်ထွန်းစေကြောင်းတွေ့မြင်ရပြီး ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ကို တန်ဖိုးထားကြသောကြောင့် ကျွန်ုပ်တို့သည် ‘ယေဟောဝါအားကြောက်သောသဘောကိုနားလည်’ လာကြသည်။ ထို့အပြင် ယုံကြည်သူချင်းများနှင့် မှန်မှန်စုရုံးခြင်းအားဖြင့် လူကြီးလူငယ်မရွေး ဘုရားသခင့်သွန်သင်ချက်ကိုကြားနာ၍ ဘုရားသခင်အား ကြောက်ရွံ့ခြင်းကိုသင်ယူကာ ကိုယ်တော့်နည်းလမ်းတော်များအတိုင်း လျှောက်လှမ်းနိုင်ကြသည်။—တရားဟောရာ ၃၁:၁၂။
ယေဟောဝါကိုကြောက်ရွံ့သူတိုင်း ပျော်ရွှင်၏
၁၅။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ကိုယ်တော်အားဝတ်ပြုခြင်းနှင့် အဘယ်နည်းများဖြင့်ဆက်စပ်သနည်း။
၁၅ အထက်ပါစကားများမှ ကျွန်ုပ်တို့သိရှိရသည်မှာ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် အကျိုးပြုသဘောထားဖြစ်ရာ ၎င်းကိုကျွန်ုပ်တို့အားလုံးမွေးမြူသင့်သည်၊ ၎င်းသည် ယေဟောဝါအားဝတ်ပြုရေးတွင် အခြေခံအစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ ယင်းက ကိုယ်တော်အားလုံးလုံးလျားလျား ယုံကြည်ကိုးစားရန်၊ ကိုယ်တော်၏နည်းလမ်းတော်များအတိုင်း လျှောက်လှမ်းရန်နှင့် ကိုယ်တော်ကိုတွယ်ကပ်ရန် ကူညီပေးသည်။ ယေရှုခရစ်အတွက် ဖြစ်ခဲ့သကဲ့သို့ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံကတိပြုချက်ကို ယခုနှင့် ထာဝစဉ် တည်စေဖို့လည်း လှုံ့ဆော်ပေးနိုင်သည်။
၁၆။ ယေဟောဝါအားကြောက်ရွံ့ဖို့ ကျွန်ုပ်တို့ကို အဘယ်ကြောင့်ကိုယ်တော်တိုက်တွန်းသနည်း။
၁၆ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းသည် ဘယ်သောအခါမျှ ထိတ်လန့်ချောက်ချားစေသည်မဟုတ်၊ အလွန်အမင်းချုပ်ချယ်သည်လည်း မဟုတ်ပေ။ “ယေဟောဝါကိုကြောက်ရွံ့ ၍ နည်းလမ်းတော်များအတိုင်း လျှောက်နေသောသူတိုင်း ပျော်ရွှင်၏” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုအာမခံသည်။ (ဆာလံ ၁၂၈:၁၊ ကဘ) ယေဟောဝါအားကြောက်ရွံ့ခြင်းအရည်အချင်းသည် ကျွန်ုပ်တို့ကိုကာကွယ်ပေးတတ်ကြောင်း ကိုယ်တော်သိထားသောကြောင့် ကိုယ်တော်အားကြောက်ရွံ့ဖို့တိုက်တွန်းသည်။ မောရှေအားမှာကြားသော ဤစကားများတွင် ကိုယ်တော်၏မေတ္တာပါသောစိုးရိမ်မှုကို ကျွန်ုပ်တို့သတိပြုမိသည်– “သူတို့ [ဣသရေလလူတို့] နှင့်သားမြေးအစဉ်အဆက်တို့သည် ချမ်းသာ [“ကောင်းစား၊” သမ္မာ] ရမည်အကြောင်း ငါ့ကိုကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံကြပါစေသော။”—တရားဟောရာ ၅:၂၉။
၁၇။ (က) ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမှ ကျွန်ုပ်တို့အဘယ်အကျိုးကျေးဇူးများရရှိကြသနည်း။ (ခ) နောက်ဆောင်းပါးတွင် ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းနှင့်ဆိုင်သော အဘယ်အသွင်အပြင်များကို သုံးသပ်မည်နည်း။
၁၇ အလားတူ ဘုရားသခင်ကိုကြောက်ရွံ့သည့်နှလုံးကို ကျွန်ုပ်တို့မွေးမြူကြမည်ဆိုလျှင် ကျွန်ုပ်တို့ကောင်းစားလိမ့်မည်။ အဘယ်နည်းများဖြင့်နည်း။ ဦးဆုံးအနေနှင့် ယင်းသို့သောအရည်အချင်းသည် ဘုရားသခင့်အလိုတော်နှင့်တွေ့ပြီး ကိုယ်တော်ထံချဉ်းကပ်စေပါလိမ့်မည်။ ဘုရားသခင်သည် “ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ” ကြောင်း မိမိကိုယ်တိုင်၏တွေ့ကြုံမှုမှ ဒါဝိဒ်သိရှိခဲ့သည်။ (ဆာလံ ၁၄၅:၁၉) ဒုတိယမှာ၊ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းသည် ဆိုးသွမ်းမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏သဘောထားကို အကျိုးသက်ရောက်သောကြောင့် အကျိုးရှိပါလိမ့်မည်။ (သု. ၃:၇) နောက်ဆောင်းပါးတွင် ဤကြောက်ရွံ့ခြင်းသည် ဝိညာဉ်ရေးအန္တရာယ်မှ မည်သို့ကာကွယ်ပေးကြောင်းနှင့် ဘုရားသခင်ကိုကြောက်ရွံ့၍ မကောင်းမှုကိုရှောင်ကြဉ်ခဲ့ကြသော သမ္မာကျမ်းစာပါ အမျိုးသားများ၏ပုံနမူနာအချို့ကိုလည်း ပြန်သုံးသပ်ပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 1 ၁၉၄၈၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ယူအဲန်အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ခံယူကျင့်သုံးခဲ့သည်။
အောက်ပါတို့ကိုသင်ဖြေဆိုနိုင်သလော
• ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း၊ ယင်းက ကျွန်ုပ်တို့အပေါ်မည်သို့သက်ရောက်မှုရှိသနည်း။
• ဘုရားသခင်ကိုကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်နှင့်အတူလျှောက်လှမ်းခြင်းတို့သည် အဘယ်ဆက်စပ်မှုရှိသနည်း။
• ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ဘုရားသခင်ကိုချစ်ခြင်းနှင့်ဆက်နွှယ်ကြောင်း ယေရှု၏ပုံသက်သေက မည်သို့တင်ပြသနည်း။
• ယေဟောဝါအား ကြောက်ရွံ့သည့်နှလုံးကို အဘယ်နည်းများဖြင့် ကျွန်ုပ်တို့မွေးမြူနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဣသရေလရှင်ဘုရင်များသည် ပညတ္တိကျမ်းစာကို ကိုယ်ပိုင်တစ်စောင်ကူးယူ၍ နေ့စဉ်ဖတ်ရှုဖို့ မိန့်မှာခံရကြ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သားသည် ဖခင်ကို ယုံကြည်စိတ်ချတတ်သကဲ့သို့ ယေဟောဝါကိုကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ကို ကိုယ်တော်အားယုံကြည်စိတ်ချစေ
[Picture Credit Line on page 15]
Stars: Photo by Malin, © IAC/RGO 1991