အဘယ်မျှကာလပတ်လုံး ဆိုးသွမ်းသူရှိဦးမည်နည်း
အဘယ်မျှကာလပတ်လုံး ဆိုးသွမ်းသူရှိဦးမည်နည်း
‘အဓမ္မလူသည် မိမိထက်ဖြောင့်မတ်သောသူကိုကိုက်စားသောအခါ၊ ကိုယ်တော် [ယေဟောဝါ] သည် အဘယ်ကြောင့်တိတ်ဆိတ်စွာနေတော်မူသနည်း။’—ဟဗက္ကုတ် ၁:၁၃။
၁။ အဘယ်အချိန်တွင် မြေကြီးသည် ယေဟောဝါ၏ဘုန်းတော်ကိုသိကျွမ်းခြင်းပညာနှင့် လုံးဝပြည့်စုံလိမ့်မည်နည်း။
ဘုရားသခင်သည် ဆိုးသွမ်းသူများကို တစ်ချိန်ချိန်တွင်ဖျက်ဆီးမည်လော။ ဖျက်ဆီးမည်ဆိုလျှင် အဘယ်မျှကာလထိတိုင် ကျွန်ုပ်တို့စောင့်ရမည်နည်း။ ကမ္ဘာတစ်ဝန်းရှိလူတို့သည် ထိုသို့သောမေးခွန်းများကို မေးကြသည်။ အဖြေများကို အဘယ်နေရာ၌ ရှာတွေ့နိုင်မည်နည်း။ ဘုရားသခင်ချိန်းချက်ထားချိန်နှင့်ပတ်သက်သော မှုတ်သွင်းခံပရောဖက်ပြုစကားများ၌ ရှာတွေ့နိုင်ပါသည်။ ယေဟောဝါသည် လူဆိုးအားလုံးကို မကြာမီ တရားစီရင်တော်မူမည်ဖြစ်ကြောင်း ၎င်းတို့ကကျွန်ုပ်တို့ကိုစိတ်ချစေ၏။ ထိုအချိန်မှသာ “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ဘုန်းတော်ကိုသိကျွမ်းခြင်းပညာနှင့်” လုံးလုံးလျားလျား “ပြည့်စုံလိမ့်မည်။” ဘုရားသခင့်မြင့်မြတ်သောနှုတ်မြွက်စကားတော်ရှိ ဟဗက္ကုတ် ၂:၁၄ ၌ ထိုပရောဖက်ပြုချက်ကတိတော်ကိုတွေ့ရှိရ၏။
၂။ ဟဗက္ကုတ်ကျမ်းတွင် ဘုရားသခင်၏အဘယ်တရားစီရင်ချက်သုံးခုပါသနည်း။
၂ ဘီ.စီ.အီး. ၆၂၈ ခန့်ကရေးသားခဲ့သော ဟဗက္ကုတ်ကျမ်း၌ ယေဟောဝါဘုရားသခင်၏ ဆက်တိုက်အပြစ်စီရင်ချက်သုံးခုပါသည်။ ထိုတရားစီရင်ချက်နှစ်ခုမှာ ပြည့်စုံနှင့်ပြီးဖြစ်၏။ ပထမကား ရှေးခေတ်မှထင်ရာစိုင်းယုဒလူတို့အပေါ် ယေဟောဝါ၏တရားစီရင်ချက်ဖြစ်သည်။ ဒုတိယကား အဘယ်နည်း။ နိုင်ထက်စီးနင်းပြုလုပ်သော ဗာဗုလုန်အပေါ် ဘုရားသခင့်တရားစီရင်ချက်ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏တတိယမြောက်တရားစီရင်ချက် ပြည့်စုံလိမ့်မည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချစရာ အကြောင်းများစွာရှိသည်။ အမှန်မှာ၊ များမကြာမီ ၎င်းပြည့်စုံလာဖို့မျှော်လင့်နိုင်သည်။ ဤနောက်ဆုံးကာလရှိ ရိုးသားဖြောင့်မတ်သူတို့အတွက် ဘုရားသခင်သည် လူဆိုးအားလုံးကို ဖျက်ဆီးလိမ့်မည်။ သူတို့မှ နောက်ဆုံးသူတို့သည် အလျင်အမြန်ချဉ်းကပ်လာနေသည့် “တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး” စစ်ပွဲ၌ နောက်ဆုံးထွက်သက်ရှူကြပါလိမ့်မည်။—ဗျာဒိတ် ၁၆:၁၄-၁၆။
၃။ ကျွန်ုပ်တို့ခေတ်ရှိ လူဆိုးတို့အပေါ် အဘယ်အရာမုချကျရောက်လာမည်နည်း။
၃ ဘုရားသခင့်နေ့ကြီးစစ်ပွဲသည် နီးသည်ထက်နီးလာလေပြီ။ ထို့ပြင် ကျွန်ုပ်တို့ခေတ်ရှိလူဆိုးတို့အပေါ် ဘုရားသခင်တရားစီရင်ခြင်းသည် ယုဒနှင့် ဗာဗုလုန်နိုင်ငံအပေါ် ယေဟောဝါ၏တရားစီရင်ချက် ပြည့်စုံခြင်းတမျှ သေချာသည်။ သို့သော် ယခု ကျွန်ုပ်တို့သည် ဟဗက္ကုတ်အချိန်က ယုဒပြည်၌ရှိနေသည်ဟု ယူမှတ်လိုက်ပါ။ ထိုပြည်တွင် အဘယ်အရာဖြစ်ပျက်နေသနည်း။
မငြိမ်မသက်ဖြစ်နေသောနိုင်ငံ
၄။ အဘယ်ထိတ်လန့်ဖွယ်သတင်းကို ဟဗက္ကုတ်ကြားရသနည်း။
၄ ယေဟောဝါ၏ပရောဖက် ဟဗက္ကုတ်သည် ညနေခင်းတွင် သူ၏အိမ်ခေါင်မိုးပြားပေါ်ထိုင်လျက် လေညင်းခံနေသည်ဟုမြင်ယောင်ကြည့်ပါ။ သူ့နံဘေး၌ တူရိယာတစ်ခုရှိသည်။ (ဟဗက္ကုတ် ၁:၁; ၃:၁၉၊ ကဘ) သို့သော် ထိတ်လန့်ဖွယ်သတင်းကို ဟဗက္ကုတ်ကြားရ၏။ ယုဒရှင်ဘုရင်ယောယကိမ်သည် ဥရိယကိုသတ်၍ ထိုပရောဖက်၏အလောင်းကို ဆင်းရဲသားတို့၏သင်္ချိုင်း၌ ပစ်ထားလေ၏။ (ယေရမိ ၂၆:၂၃) ဥရိယသည် ယေဟောဝါကိုဆက်၍မကိုးစားဘဲ ကြောက်ရွံ့ ပြီး အီဂျစ်ပြည်သို့ထွက်ပြေးခဲ့သည်မှာ မှန်ပါသည်။ သို့တိုင် ယောယကိမ်၏အကြမ်းဖက်မှုသည် ယေဟောဝါ၏ဂုဏ်တော်ကို မြှင့်တင်လိုသည့်ဆန္ဒ၏ လှုံ့ဆော်မှုကြောင့် လုံးဝမဟုတ်ကြောင်း ဟဗက္ကုတ်သိသည်။ ရှင်ဘုရင်သည် မြင့်မြတ်သောဥပဒေကို လုံးဝပမာဏမပြု၊ ယေဟောဝါအားဝတ်ပြုသည့် ပရောဖက်ယေရမိနှင့် အခြားသူတို့ကိုမုန်းတီးခြင်းက ၎င်းကိုထင်ရှားစေသည်။
၅။ ယုဒပြည်တွင် အဘယ်ဝိညာဉ်ရေးအခြေအနေရှိပြီး ယင်းကို ဟဗက္ကုတ်မည်သို့တုံ့ပြန်ခဲ့သနည်း။
၅ အနီးအနားရှိအိမ်ခေါင်မိုးများမှ နံ့သာပေါင်းမီးခိုးများထွက်နေသည်ကို ဟဗက္ကုတ်တွေ့ရသည်။ ယေဟောဝါအားဝတ်ပြုကိုးကွယ်သူဟဗက္ကုတ် ၁:၂-၄၊ သမ္မာ။
များအဖြစ် ပြည်သူတို့က ဤနံ့သာပေါင်းကို မီးရှို့နေကြခြင်းမဟုတ်ပါ။ သူတို့သည် ယုဒနိုင်ငံ၏မင်းဆိုး ယောယကိမ်ကမကထပြုသော မှားယွင်းသည့်ဘာသာရေးထုံးစံများကိုကျင့်နေခြင်းဖြစ်သည်။ တကယ်ရှက်ဖွယ်ပါတကား! ဟဗက္ကုတ်သည် မျက်ရည်ဝဲလာ၍ ဤသို့အသနားခံခဲ့သည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည်နားညောင်းတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ၊ ကြမ်းကြုတ်မှုဟူ၍၊ ရှေ့တော်၌အဘယ်မျှကာလပတ်လုံး ဟစ်ခေါ်ရပါမည်နည်း။ မတရားမှုကို အကျွန်ုပ်အားအဘယ်ကြောင့်ပြတော်မူပါသနည်း။ . . . ဆင်းရဲခြင်းကို အဘယ်ကြောင့်မြင်စေတော်မူပါသနည်း။ လုယက်ခြင်း၊ ကြမ်းကြုတ်ခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာရှိလျက်၊ ငြင်းခုံခြင်းနှင့် ရန်တွေ့ခြင်းလည်းဖြစ်တတ်ပါ၏။ သို့ဖြစ်၍ တရားသည် အကျိုးမရှိဖြစ်လျက်၊ တရားသဖြင့်စီရင်ဆုံးဖြတ်ခြင်းမရှိပါ။ ဆိုးသောသူတို့သည် ဖြောင့်မတ်သောသူကိုဝိုင်းသောကြောင့်၊ တရားစီရင်ဆုံးဖြတ်ခြင်းသည် ကောက်ကျစ်ပါ၏။”—၆။ ယုဒပြည်တွင် တရားဥပဒေနှင့် တရားမျှတမှုတို့သည် မည်သို့ဖြစ်ခဲ့သနည်း။
၆ မှန်ပါသည်၊ လုယက်ခြင်းနှင့် ကြမ်းကြုတ်ခြင်းအမှုမှာ အနှံ့အပြားဖြစ်နေ၏။ ဟဗက္ကုတ်ကြည့်လေရာရာ၌ ပြဿနာ၊ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းတို့ကို တွေ့ရသည်။ ‘တရားလျော့ပြီး’ အချည်းနှီးဖြစ်လာလေပြီ။ တရားမျှတခြင်းကော။ အောင်မြင်စွာ ‘ဘယ်အခါမျှ စီရင်ဆုံးဖြတ်ခြင်းမရှိပါ’ တကား! ဘယ်အခါမျှ ဩဇာလွှမ်းမိုးခြင်းမရှိ။ ယင်းအစား “ဆိုးသောသူတို့သည် ဖြောင့်မတ်သောသူတို့ကိုဝိုင်း” ထားကြရာ အပြစ်မဲ့သူတို့ကို ကာကွယ်ဖို့ရည်ရွယ်ထားသော တရားဝင်စံနှုန်းများကို အချည်းနှီးဖြစ်စေကြသည်။ အမှန်ပင် “မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။” တရားမျှတမှုကို အလွဲသုံးခဲ့ကြပြီ။ တကယ်ဆိုးရွားလှသည့်အခြေအနေများပါတကား!
၇။ ဟဗက္ကုတ်သည် အဘယ်အရာကိုပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားသနည်း။
၇ ဟဗက္ကုတ်သည် ခေတ္တရပ်တန့်၍ အခြေအနေကို ပြန်ပြောင်း
သုံးသပ်ကြည့်သည်။ သူစိတ်လျှော့လိုက်မည်လော။ လုံးဝမလျှော့ပါ! ဤသစ္စာစောင့်သိသူသည် ဘုရားသခင့်သစ္စာရှိကျေးကျွန်များခံရသော နှိပ်စက်ညှဉ်းပန်းမှုမှန်သမျှကို ပြန်သုံးသပ်ပြီးနောက် ယေဟောဝါ၏ပရောဖက်အဖြစ် ဆက်၍မြဲမြံတည်ကြည်ရန် သူ၏စိတ်ပိုင်းဖြတ်ချက်ကို ပြန်၍အားသစ်လောင်းစေခဲ့သည်။ ဟဗက္ကုတ်သည် ဘုရားသခင့်သတင်းကို—သေရမည်ဆိုလျှင်ပင်—ဆက်၍ကြေညာပါမည်။မယုံနိုင်စရာ “အမှု” တစ်ခုကို ယေဟောဝါဆောင်ရွက်
၈၊ ၉။ ယေဟောဝါသည် အဘယ်မယုံနိုင်စရာ “အမှု” ကိုဆောင်ရွက်နေသနည်း။
၈ အဆင်းအာရုံတွင် ဘုရားသခင်အားရှုတ်ချသည့် မှားယွင်းသောဘာသာရေးသမားများကို ဟဗက္ကုတ်တွေ့ရသည်။ သူတို့ကို ယေဟောဝါမည်သို့မိန့်ဆိုကြောင်းနားထောင်ပါ– “သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍အလွန်မှိုင်တွေကြလော့။” ဘုရားသခင်သည် ဆိုးယုတ်သူများကို အဘယ်ကြောင့်ဤသို့မိန့်ဆိုရကြောင်း ဟဗက္ကုတ်သိဟဗက္ကုတ် ၁:၅) အမှန်မှာ သူတို့မယုံနိုင်သောဤအမှုကို ယေဟောဝါကိုယ်တော်တိုင် ဆောင်ရွက်နေသည်။ သို့သော် ၎င်းအမှုကား အဘယ်နည်း။
ကောင်းသိလိုပေမည်။ ထို့နောက် ယေဟောဝါက “သင်တို့အားသူတစ်ပါးပြညွှန်သော်လည်း သင်တို့မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ငါပြု၏” ဟုမိန့်ဆိုသည်ကို ဟဗက္ကုတ်ကြား၏။ (၉ ဟဗက္ကုတ် ၁:၆-၁၁ ၌မှတ်တမ်းတင်ထားသော ဘုရားသခင်၏ထပ်ဆင့်စကားတော်ကို ဟဗက္ကုတ်စေ့စေ့နားထောင်သည်။ ဤကား ယေဟောဝါ၏သတင်းစကားဖြစ်ပြီး ယင်း၏ပြည့်စုံချက်ကို မည်သည့်ဗာဗုလုန်ဘုရား၊ မည်သည့်ရုပ်ပုံမျှ မဟန့်တားနိုင်ပါ– “ပြင်းထန်လျင်မြန်သောခါလဒဲအမျိုးကို ငါနှိုးဆော်၏။ ကိုယ်မပိုင်သောနေရာအရပ်တို့ကို သိမ်းယူခြင်းငှာ မြေတစ်ပြင်လုံး၌ချီသွားကြလိမ့်မည်။ အလွန်ကြောက်မက်ဖွယ်သောသူဖြစ်၍ ကိုယ်အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။ သူတို့၏မြင်းသည် ကျားသစ်ထက်လျင်မြန်၏။ ည၌လည်သောတောခွေးထက်ကြမ်းတမ်း၏။ မြင်းစီးသူရဲတို့သည် အဝေးကလာ၍ခုန်ကြလိမ့်မည်။ အကောင်ကိုကိုက်စားခြင်းငှာ လျင်မြန်သောရွှေလင်းတကဲ့သို့ပျံလာကြလိမ့်မည်။ ထိုသူအပေါင်းတို့သည်ညှဉ်းဆဲခြင်းငှာလာကြ၏။ ရှေ့သို့သာမျက်နှာပြုသောအလုံးအရင်းဖြစ်၍၊ ဖမ်းမိသောသူတို့ကို သဲလုံးနှင့်အမျှစုဝေးစေကြလိမ့်မည်။ ရှင်ဘုရင်တို့ကိုအားမနာ၊ မင်းများတို့ကိုပြက်ရယ်ပြုကြလိမ့်မည်။ ရဲတိုက်ရှိသမျှတို့ကိုကဲ့ရဲ့လျက်၊ မြေမှုန့်ကိုပုံထား၍တိုက်ယူကြလိမ့်မည်။ ထို့နောက်၊ သူတို့သည် သဘောပြောင်းလဲလျက် [“လေပွေကဲ့သို့အသော့ကူးသွား၊” သမ] လွန်ကျူး၍ အပြစ်ခံရကြလိမ့်မည်။ မိမိတို့တန်ခိုးသည် မိမိတို့ဘုရားဖြစ်လေသည်တကား။”
၁၀။ အဘယ်သူသည် ယေဟောဝါ၏နှိုးဆော်မှုကို ခံရကြသနည်း။
၁၀ အကြီးမြင့်ဆုံးအရှင်ထံမှ ပရောဖက်ပြုသတိပေးချက်ပါတကား! ယေဟောဝါသည် ဗာဗုလုန်လူရိုင်း၊ ခါလဒဲအမျိုးကိုနှိုးဆော်လိုက်သည်။ ယင်းတို့သည် “မြေတစ်ပြင်လုံး” သို့ချီတက်သွားရာတွင် နယ်မြေမြောက်မြားစွာကို သိမ်းပိုက်လိမ့်မည်။ တကယ်ထိတ်လန့်စရာပါတကား! ခါလဒဲလူအုပ်သည် “အလွန်ကြောက်မက်ဖွယ်၊” ထိတ်လန့်ဖွယ်ဖြစ်သည်။ သူတို့သည် တင်းကျပ်သောကိုယ်ပိုင်ဥပဒေများကို ထုတ်ဆင့်ထားကြသည်။ “ကိုယ်အလိုအလျောက် တရားစီရင်ဆုံးဖြတ်ကြ၏။”
၁၁။ ယုဒနိုင်ငံကိုတိုက်ခိုက်ဖို့ ဗာဗုလုန်စစ်တပ်ချီတက်လာခြင်းကို သင်မည်သို့ရှင်းပြမည်နည်း။
၁၁ ဗာဗုလုန်မြင်းများသည် လျင်မြန်သောကျားသစ်များထက် သာ၍လျင်မြန်၏။ သူတို့၏မြင်းတပ်သည် ညအခါ၌အမဲလိုက်သော တောခွေးများထက်ကြမ်းတမ်း၏။ ချီတက်ဖို့စိုင်းပြင်းရာတွင် ‘သူတို့၏မြင်းများသည်’ စိတ်မရှည်စွာဖြင့် ‘မြေကြီးကိုခွာဖြင့်ယက်ကြသည်။’ သူတို့သည် ဝေးလံသောဗာဗုလုန်မှ ယုဒပြည်သို့ဦးတည်လာကြသည်။ အရသာရှိအစာကိုစားရန် ရွှေလင်းတသည် တစ်ရှိန်ထိုးပျံသွားသကဲ့သို့ ခါလဒဲအမျိုးတို့သည် မကြာမီ သားကောင်ကိုခုန်အုပ်တော့မည်။ သို့သော် ၎င်းသည် စစ်သားအနည်းငယ်ဖြင့် ချင်းနင်းဝင်စီးခြင်းမျှသာဖြစ်မည်လော။ မဟုတ်ပါ! ဖျက်ဆီးဖို့ရန် စစ်သည်ဗိုလ်ပါတပ်မကြီးချီတက်လာသကဲ့သို့ “ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှာလာကြ၏။” သူတို့၏မျက်နှာမှာ စိတ်ထက်သန်မှုနှင့်အတူတောက်ပလျက်ရှိပြီး ယုဒနှင့် ယေရုရှလင်ရှိရာအနောက်ဘက်သို့ အရှေ့လေတမျှ လျင်မြန်စွာစီးနင်းလာကြသည်။ ဗာဗုလုန်တပ်များသည် ‘သဲကိုစုသိမ်းသကဲ့သို့ သုံ့ပန်းများကိုစုသိမ်း’ ကာ အကျဉ်းသားများစွာကိုခေါ်ဆောင်သွားကြသည်။
၁၂။ ဗာဗုလုန်လူများ၏သဘောထားကား အဘယ်နည်း၊ ဤကြောက်မက်ဖွယ်ကောင်းသောရန်သူသည် အဘယ် ‘အပြစ်ကိုအမှန်ကျူးလွန်’ သနည်း။
၁၂ ခါလဒဲစစ်တပ်သည် ညှာတာခြင်းကင်းမဲ့သော မိမိတို့၏ချီတက်လာမှုကို ဟန့်တားနိုင်စွမ်းမရှိသည့် ရှင်ဘုရင်များနှင့် မှူးမတ်အရာရှိများကိုလှောင်ပြောင်သရော်၍ မထီမဲ့မြင်ပြုလေသည်။ ဗာဗုလုန်လူများသည် ‘မြေမှုန့်ကိုပုံထား’ ၍ယင်းအပေါ်မှတိုက်ခိုက်ကြခြင်းဖြင့် ခံတပ်ဟူသမျှ ပျက်စီးကုန်သောကြောင့် ‘ရဲတိုက်ရှိသမျှတို့ကိုလှောင်ပြောင်ကဲ့ရဲ့ကြ’ လေသည်။ ယေဟောဝါခန့်အပ်ထားချိန်တွင် ဤကြောက်မက်ဖွယ်ကောင်းသောရန်သူသည် ‘လေပွေကဲ့သို့ အသော့ကူးသွားလိမ့်မည်။’ ယုဒနှင့် ယေရုရှလင်ကိုတိုက်ခိုက်ရာတွင် ၎င်းသည် ဘုရားသခင့်လူမျိုးတော်ကို ထိခိုက်နာကျင်စေသည့် ‘အပြစ်ကိုအမှန်ကျူးလွန်လိမ့်မည်။’ လျှပ်တပြက်အောင်ပွဲခံပြီးနောက် ခါလဒဲတပ်မှူးက ‘ဤတန်ခိုးသည် ငါတို့၏ဘုရားကြောင့်ဖြစ်သည်’ ဟုဝါကြွားလိမ့်မည်။ သို့သော် သူသည် အသိအမြင်ခေါင်းပါးလိုက်လေခြင်း!
မျှော်လင့်ရန်ခိုင်လုံသောအကြောင်း
၁၃။ ဟဗက္ကုတ်သည် မျှော်လင့်ချက်နှင့်ယုံကြည်စိတ်ချမှု အဘယ်ကြောင့်အပြည့်ရှိသနည်း။
၁၃ ယေဟောဝါ၏ရည်ရွယ်ချက်ကို တိုးသိနားလည်လာခြင်းနှင့်အတူ ဟဗက္ကုတ်၏နှလုံးတွင် မျှော်လင့်ချက်သည် ပိုမိုရှင်သန်လာသည်။ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ယေဟောဝါအားချစ်မြတ်နိုးသောသဘောနှင့် သူပြောဆိုခဲ့သည်။ ဟဗက္ကုတ် ၁:၁၂ [ကဘ] တွင်ဖော်ပြထားသည့်အတိုင်း ပရောဖက်ကဤသို့ဆိုသည်– “အိုယေဟောဝါ၊ ရှေးလွန်လေပြီးသောအချိန်ကတည်းက ကိုယ်တော်ရှိခဲ့သည်မဟုတ်လော။ အကျွန်ုပ်၏ဘုရား၊ သန့်ရှင်းတော်မူသော အကျွန်ုပ်၏အရှင်၊ ကိုယ်တော်သည်သေခြင်းနှင့်ကင်းလွတ်တော်မူပြီ။” ယေဟောဝါသည် အမှန်တကယ်ပင် “ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင်” ထာဝစဉ်တည်ရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။—ဆာလံ ၉၀:၁၊ ၂။
၁၄။ အယူဖောက်ပြန်သောယုဒများသည် အဘယ်လမ်းစဉ်ကိုလိုက်ခဲ့ကြသနည်း။
၁၄ ဘုရားသခင်ပေးသည့်အဆင်းအာရုံကို ပြန်သုံးသပ်ခြင်းနှင့် ဆာလံ ၆၂:၇; ၉၄:၂၂; ၉၅:၁) သို့တိုင် အယူဖောက်ပြန်သော ယုဒခေါင်းဆောင်များသည် ဘုရားသခင်ထံမချဉ်းကပ်ကြဘဲ ယေဟောဝါ၏အန္တရာယ်မပေးသော ဝတ်ပြုသူများကို ဆက်၍ဖိနှိပ်ကြသည်။
ယင်းမှရသောထိုးထွင်းသိမြင်မှုကြောင့် ဝမ်းမြောက်ကာ ပရောဖက်က ဤသို့ဆက်ပြောသည်– “အိုထာဝရဘုရား [“ယေဟောဝါ၊” ကဘ]၊ စစ်ကြောစေခြင်းငှာ သူတို့ကို ခန့်ထားတော်မူလေပြီ။ အိုကျောက်ဖြစ်တော်မူသောဘုရား၊ ဆုံးမစေခြင်းငှာ သူတို့ကိုတည်နေစေတော်မူလေပြီ။” ယုဒနိုင်ငံ၏အယူဖောက်ပြန်သူများကို ဘုရားသခင်တရားစီရင်ပြီး သူတို့သည် ယေဟောဝါ၏ပြစ်တင်ခြင်း၊ ပြင်းထန်သည့်ဆုံးမခြင်းကိုခံရကြလိမ့်မည်။ ကိုယ်တော်အား မိမိတို့၏ကျောက်၊ တစ်ခုတည်းသောစစ်မှန်သည့်ရဲတိုက်၊ ခိုလှုံရာနှင့် ကယ်တင်ရာရင်းမြစ်အဖြစ် မျှော်ကိုးနေသင့်သည်။ (၁၅။ ယေဟောဝါသည် အဘယ်သဘောမျိုးဖြင့် ‘ဒုစရိုက်မကောင်းမှုကိုမကြည့်ရှုနိုင်အောင် အလွန်စင်ကြယ်သောမျက်စိရှိ’ သနည်း။
၁၅ ဤအခြေအနေက ယေဟောဝါ၏ပရောဖက်ကို အလွန်စိတ်ဆင်းရဲစေ၏။ ထို့ကြောင့် သူကဤသို့ဆိုသည်– “ကိုယ်တော်သည် ဒုစရိုက်[မကောင်းမှု] ကိုကြည့်ရှုတော်မမူ။ သန့်ရှင်းသောမျက်စိရှိတော်မူ၏။ အဓမ္မအမှု[မတရားသောအမှု] ကိုကြည့်ရှု၍နေတော်မမူတတ်ပါ။” (ဟဗက္ကုတ် ၁:၁၃) မှန်ပါ၏၊ ယေဟောဝါသည် ‘ဒုစရိုက်၊ [မကောင်းမှု] ကိုမကြည့်ရှု’ တစ်နည်းအားဖြင့်ဆိုလျှင် မှားယွင်းမှုကိုသည်းမခံနိုင်အောင် ‘အလွန်စင်ကြယ်သောမျက်စိရှိ’ တော်မူ၏။
၁၆။ ဟဗက္ကုတ် ၁:၁၃-၁၇ ပါမှတ်တမ်းတင်ချက်ကို သင်မည်သို့အကျဉ်းချုပ်ဖော်ပြမည်နည်း။
၁၆ ထို့ကြောင့် ဟဗက္ကုတ်၏စိတ်ထဲတွင် စဉ်းစားစရာမေးခွန်းအချို့ပေါ်ပေါက်လာသည်။ သူကဤသို့မေးခွန်းထုတ်သည်– “သို့ဖြစ်၍၊ သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့်ကြည့်ရှု၍နေတော်မူသနည်း။ အဓမ္မ၊ [မတရားသော] လူသည် မိမိထက်ဖြောင့်မတ်သောသူကိုကိုက်စားသောအခါ၊ အဘယ်ကြောင့်တိတ်ဆိတ်စွာနေတော်မူသနည်း။ လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့လည်းကောင်း၊ မင်းမရှိသောပိုးကောင်ကဲ့သို့လည်းကောင်း အဘယ်ကြောင့်ဖြစ်စေတော်မူသနည်း။ ရန်သူသည် ထိုသူအပေါင်းတို့ကိုငါးမျှားနှင့်မျှားလျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်လှောင်လျက်ဝမ်းမြောက်ရွှင်လန်းတတ်၏။ မိမိကွန်အား ယဇ်ပူဇော်၍၊ မိမိပိုက်အား နံ့သာပေါင်းကိုမီးရှို့တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာအားဖြင့် ဥစ္စာရတတ်၍ဝစွာစားရ၏။ သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲကငါးတို့ကို သွန်းလောင်းရပါမည်လော။ လူအမျိုးမျိုးတို့ကိုမနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။”—ဟဗက္ကုတ် ၁:၁၃-၁၇။
၁၇။ (က) ယုဒပြည်နှင့်ယေရုရှလင်မြို့ကို တိုက်ခိုက်ရာတွင် ဗာဗုလုန်လူများသည် ဘုရားသခင့်ရည်ရွယ်ချက်ကို မည်သို့ထမ်းဆောင်နေကြသနည်း။ (ခ) ယေဟောဝါသည် ဟဗက္ကုတ်အားအဘယ်အရာကိုဖော်ပြမည်နည်း။
၁၇ ဗာဗုလုန်လူမျိုးသည် ယုဒနိုင်ငံနှင့် ယင်း၏မြို့တော်ယေရုရှလင်ကိုတိုက်ခိုက်ရာတွင် သူတို့အလိုအတိုင်းဆောင်ရွက်ကြလိမ့်မည်။ သစ္စာမရှိသောလူမျိုးတော်အား ဖြောင့်မတ်သောစီရင်ချက်ချရာတွင် သူတို့သည် ဘုရားသခင့်အသုံးတော်ခံဖြစ်ကြောင်း သိကြမည်မဟုတ်။ ဘုရားသခင်သည် မိမိ၏တရားစီရင်ချက်အတွက် ဆိုးညစ်သောဗာဗုလုန်လူများကို အဘယ်ကြောင့်အသုံးပြုရကြောင်း ဟဗက္ကုတ် နားလည်ရခက်မည်ကို သိမြင်ရန်မခဲယဉ်းပါ။ ထိုရက်စက်ကြမ်းကြုတ်သော ခါလဒဲအမျိုးတို့သည် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများမဟုတ်ကြပေ။ လူကို ဖမ်းဆီးနိုင်နင်းစရာ ‘ပင်လယ်ငါးနှင့် မင်းမရှိသောပိုးကောင်’ ကဲ့သို့သာ သူတို့ရှုမှတ်ကြသည်။ သို့သော် ဟဗက္ကုတ်သည် ဤကိစ္စကြောင့် ကြာမြင့်စွာစိတ်ရှုပ်နေလိမ့်မည်မဟုတ်။ ဗာဗုလုန်လူများသည် သူတို့၏လောဘတကြီးလုယူမှုနှင့် အကြောင်းမဲ့သွေးပြစ်ကျူးလွန်မှုတို့အတွက် အပြစ်ဒဏ်မခံရဘဲနေရလိမ့်မည်မဟုတ်ကြောင်း မိမိ၏ပရောဖက်ကို ယေဟောဝါက မကြာမီဖော်ပြတော့မည်။—ဟဗက္ကုတ် ၂:၈။
ယေဟောဝါ၏ ထပ်ဆင့်စကားတော်များအတွက် အသင့်ဖြစ်ခြင်း
၁၈။ ဟဗက္ကုတ် ၂:၁ တွင်ဖော်ပြထားသော ဟဗက္ကုတ်၏သဘောထားမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
၁၈ သို့သော်၊ ယခု ဟဗက္ကုတ်သည် ယေဟောဝါ၏ထပ်ဆင့်စကားတော်ကို ကြားနာဖို့စောင့်နေသည်။ ပရောဖက်သည် ဤသို့သန္နိဋ္ဌာန်ချဖော်ပြသည်– “ငါသည် လင့်စင်ပေါ်မှာရပ်လျက်၊ ရဲတိုက်၌အမြဲနေလျက်၊ ငါ့အားအဘယ်သို့မိန့်တော်မူမည်ကိုလည်းကောင်း၊ အပြစ်တင်လျှင် အဘယ်သို့ပြန်လျှောက်ရမည်ကိုလည်းကောင်း ငါစောင့်၍နေ” မည်။ (ဟဗက္ကုတ် ၂:၁) ပရောဖက်တစ်ဦးဖြစ်သည့် မိမိမှတစ်ဆင့် ဘုရားသခင်အဘယ်သို့မိန့်တော်မူမည်ကို ဟဗက္ကုတ်အလွန်ပင်စိတ်ဝင်စားသည်။ ဆိုးသွမ်းမှုကိုသည်းမခံသည့် ဘုရားသခင်တစ်ပါးအဖြစ် ယေဟောဝါကိုယုံကြည်အားထားခြင်းက ဆိုးသွမ်းမှုကိုအဘယ်ကြောင့်ပျံ့နှံ့စေရကြောင်း သူ့အတွက်တွေးတောစရာဖြစ်သော်လည်း သူ၏အတွေးအခေါ်ကို ပြုပြင်လိုစိတ်ရှိသည်။ သို့ဖြစ်လျှင်၊ ကျွန်ုပ်တို့ကော။ ဆိုးသွမ်းမှုအချို့ကို အဘယ်ကြောင့်ခွင့်ပြုထားရကြောင်း ကျွန်ုပ်တို့စဉ်းစားမိသည့်အခါ ယေဟောဝါ၏ဖြောင့်မတ်ခြင်းကို ယုံကြည်စိတ်ချခြင်းက ကျွန်ုပ်တို့၏ဟန်ချက်ကို ထိန်းထားစေပြီး ကိုယ်တော်အားစောင့်ဆိုင်းစေသင့်သည်။—ဆာလံ ၄၂:၅၊ ၁၁။
၁၉။ ဟဗက္ကုတ်အားမိန့်ဆိုသည့် ဘုရားသခင့်စကားတော်နှင့်အညီ ထင်ရာစိုင်းဂျူးများ အဘယ်သို့ဖြစ်ပျက်ခဲ့ကြသနည်း။
၁၉ ဟဗက္ကုတ်အား ဘုရားသခင်မိန့်တော်မူသည့်စကားနှင့်အညီ ယုဒနိုင်ငံကို ဗာဗုလုန်များအားသိမ်းပိုက်စေခြင်းဖြင့် ထင်ရာစိုင်းဂျူး၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၀) ဗာဗုလုန်နိုင်ငံတွင် ကြာမြင့်စွာပြည်နှင်ခံကြရပြီးနောက် သစ္စာရှိဂျူးအကြွင်းအကျန်တို့သည် မိမိတို့၏နေရင်းနိုင်ငံသို့ပြန်လာခဲ့ကြပြီး နောက်ဆုံးတွင် ဗိမာန်တော်ကိုပြန်လည်ဆောက်လုပ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ဂျူးတို့သည် အထူးသဖြင့် ယေရှုအားမေရှိယအဖြစ်ငြင်းပယ်ချိန်တွင် ယေဟောဝါအပေါ် တစ်ဖန်သစ္စာမဲ့ခဲ့ကြသည်။
များကို တရားစီရင်ခဲ့သည်။ ဘီ.စီ.အီး. ၆၀၇ တွင် သူတို့သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖျက်ဆီးခဲ့ကြပြီး ကြီးငယ်မဟူကိုသတ်ဖြတ်ခဲ့ကြကာ သုံ့ပန်းများစွာကို ခေါ်ဆောင်သွားခဲ့ကြသည်။ (၂၀။ ယေရှုအားငြင်းပယ်ခြင်းနှင့်စပ်လျဉ်း၍ ဟဗက္ကုတ် ၁:၅ ကိုပေါလုမည်သို့အသုံးပြုခဲ့သနည်း။
၂၀ တမန်တော် ၁၃:၃၈-၄၁ အရ၊ တမန်တော်ပေါလုက ယေရှု၏ ရွေးဖိုးပူဇော်သကာကိုမထီမဲ့မြင်ပြုခြင်းဖြင့် ယေရှုအားငြင်းပယ်ခြင်းသည် မည်သည့်အဓိပ္ပာယ်သက်ရောက်ကြောင်း အန္တိအုတ်မြို့ရှိဂျူးများကို ဖော်ပြခဲ့သည်။ ဂရိစက်ပ်ထွားဂျင့်ဘာသာပြန်ကျမ်းမှ ဟဗက္ကုတ် ၁:၅ [သမ္မာ] ကိုကိုးကားလျက် ပေါလုကဤသို့သတိပေးခဲ့သည်– “ပရောဖက်ကျမ်း၌လာသည်ကား၊ ‘မထီမဲ့မြင်ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ပြယ်ပျောက်ခြင်းသို့ရောက်ကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတစ်ပါးပြညွှန်သော်လည်း သင်တို့မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ ငါပြုသည်ဟုကျမ်းစာ၌ပါသောအရာကို သင်တို့အပေါ်သို့မရောက်စေမည်အကြောင်း၊ သတိပြုကြလော့။’ ” ပေါလု၏ကိုးကားချက်နှင့်အညီ စီ.အီး. ၇၀ တွင် ရောမစစ်တပ်များက ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်ကို ဖျက်ဆီးသောအခါ ဟဗက္ကုတ် ၁:၅ သည် ဒုတိယအကြိမ်ပြည့်စုံလာခဲ့သည်။
၂၁။ ယေရုရှလင်မြို့ကို ဗာဗုလုန်လူများအား ဖျက်ဆီးစေသည့် ဘုရားသခင့် “အမှု” တော်ကို ဟဗက္ကုတ်ခေတ်မှဂျူးများ မည်သို့ရှုမြင်ခဲ့ကြသနည်း။
၂၁ ယေရုရှလင်မြို့သည် ယေဟောဝါ၏ဝတ်ပြုမှု အခြေစိုက်ရာမြို့၊ ကိုယ်တော်၏ဘိသိက်ခံဘုရင် နန်းထိုင်ရာမြို့ဖြစ်သောကြောင့် ယင်းကို ဗာဗုလုန်လူများအား ဖျက်ဆီးစေခြင်းဟူသော ဘုရားသခင့် “အမှု” သည် ဟဗက္ကုတ်ခေတ်မှဂျူးများအတွက် မတွေးတောနိုင်စရာဖြစ်သည်။ (ဆာလံ ၁၃၂:၁၁-၁၈) ထိုအကြောင်းများကြောင့် ယေရုရှလင်မြို့သည် ၎င်းအချိန်မတိုင်မီက တစ်ကြိမ်မျှဖျက်ဆီးမခံရသေးပါ။ ယင်း၏ဗိမာန်တော်သည် တစ်ခါမျှမီးရှို့ခံခဲ့ရခြင်းမရှိ။ ဒါဝိဒ်၏တော်ဝင်အိမ်တော်သည် တစ်ခါမျှမှောက်လှန်ခြင်းမခံခဲ့ရပါ။ ယင်းသို့ ယေဟောဝါဖြစ်ခွင့်ပြုလိမ့်မည်မှာ မယုံနိုင်စရာပင်။ သို့သော် ဤထိတ်လန့်ဖွယ်ရာများဖြစ်လာလိမ့်မည်ဟု ဟဗက္ကုတ်မှတစ်ဆင့် ဘုရားသခင်သည် အတော်အတန်သတိပေးထားနှင့်ပြီဖြစ်သည်။ ကြိုပြောထားသည်အတိုင်းဖြစ်ပျက်ခဲ့ကြောင်း သမိုင်းကသက်သေထူ၏။
ကျွန်ုပ်တို့ခေတ်တွင်ပြုသော ဘုရားသခင်၏ မယုံနိုင်ဖွယ် “အမှု”
၂၂။ ယေဟောဝါ၏မယုံနိုင်ဖွယ် “အမှု” တွင် ကျွန်ုပ်တို့ခေတ်၌ အဘယ်အရာပါဝင်သနည်း။
၂၂ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် မယုံနိုင်ဖွယ် “အမှု” တစ်ခုကို ပြုတော်မူမည်လော။ သံသယဖြစ်သူများအတွက် မယုံနိုင်စရာဖြစ်ပုံရသော်လည်း ကိုယ်တော်ပြုတော်မူမည်ကိုစိတ်ချပါ။ ဤတစ်ကြိမ်တွင် ယေဟောဝါ၏မယုံနိုင်ဖွယ်အမှုမှာ ခရစ်ယာန်ဘောင်ကိုဖျက်ဆီးခြင်းဖြစ်မည်။ ၎င်းသည် ဘုရားသခင်အားဝတ်ပြုသည်ဆိုသော်လည်း ရှေးခေတ်ယုဒနိုင်ငံကဲ့သို့ လုံးလုံးယိုယွင်းလာခဲ့ပြီ။ ယေဟောဝါသည် များမကြာမီ ဗာဗုလုန်ဘာသာရေးကမ္ဘာ့အင်ပါယာဖြစ်သည့် ‘မဟာဗာဗုလုန်’ တစ်ခုလုံးနည်းတူ ခရစ်ယာန်ဘောင်ဘာသာရေးစနစ်ရှိရှိသမျှကို ဖယ်ရှားတော်မူမည်။—ဗျာဒိတ် ၁၈:၁-၂၄။
၂၃။ နောက်ထပ်မည်သို့ပြုလုပ်ရန် ဘုရားသခင့်ဝိညာဉ်တော်က ဟဗက္ကုတ်ကိုလှုံ့ဆော်ပေးခဲ့သနည်း။
၂၃ ဘီ.စီ.အီး. ၆၀၇ တွင်ယေရုရှလင်မြို့မပျက်စီးမီ ဟဗက္ကုတ်ကိုယေဟောဝါ ထပ်၍လုပ်ကိုင်စေလိုသည့် အလုပ်များရှိသေးသည်။ မိမိ၏ပရောဖက်ကို ဘုရားသခင်အဘယ်သို့မိန့်တော်မူဦးမည်နည်း။ ဟဗက္ကုတ်သည် မိမိ၏တူရိယာကိုယူ၍ ယေဟောဝါထံ ပတ္ထနာပြုမြည်တမ်းသီချင်းများသီဆိုရန် လှုံ့ဆော်ခံရမည့် အကြောင်းအရာများစွာကိုကြားရပေဦးမည်။ သို့သော် ဦးဆုံးအနေဖြင့် ဘုရားသခင့်ဝိညာဉ်တော်သည် တုန်လှုပ်ဖွယ်ဘေးများကိုကြေညာရန် ပရောဖက်အားစေ့ဆော်ပေးမည်။ ဘုရားသခင့်ချိန်းချက်ထားချိန်နှင့်ပတ်သက်သည့် ဤပရောဖက်ပြုစကားများ၏ နက်နဲသောအဓိပ္ပာယ်ကို ကျွန်ုပ်တို့အမှန်ပင်ထိုးထွင်းသိမြင်လိုကြပေမည်။ ထို့ကြောင့် ဟဗက္ကုတ်၏ပရောဖက်ပြုချက်ကို ဆက်၍အာရုံစိုက်ကြပါစို့။
သင်မှတ်မိသလော
● ဟဗက္ကုတ်အချိန်တွင် ယုဒနိုင်ငံ၌ အဘယ်အခြေအနေများရှိခဲ့သနည်း။
● ယေဟောဝါသည် ဟဗက္ကုတ်ခေတ်တွင် အဘယ်မယုံနိုင်ဖွယ် “အမှု” ကိုဆောင်ရွက်ခဲ့သနည်း။
● ဟဗက္ကုတ်၌ မျှော်လင့်စရာအဘယ်အကြောင်းရှိခဲ့သနည်း။
● ဘုရားသခင်သည် ကျွန်ုပ်တို့ခေတ်တွင် အဘယ်မယုံနိုင်ဖွယ် “အမှု” ကိုပြုလုပ်မည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဘုရားသခင်သည် ဆိုးသွမ်းမှုကိုအဘယ်ကြောင့်ခွင့်ပြုထားရကြောင်း ဟဗက္ကုတ်သိလိုခဲ့သည်။ အသင်ကော
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဗာဗုလုန်လက်ချက်ဖြင့် ယုဒနိုင်ငံ ကပ်ဘေးကြုံရမည့်အကြောင်း ဟဗက္ကုတ်ကြိုဟောခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. ၆၀၇ တွင်ပျက်စီးခဲ့သည့် ယေရုရှလင်၏ ရှေးဟောင်းပစ္စည်းတူးဖော်ခြင်းဆိုင်ရာ အပျက်အယွင်းများ