ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း
ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း
“ထာဝရဘုရား၌ငါဝမ်းမြောက်၍၊ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကိုအမှီပြုလျက် ရွှင်လန်းမည်။”—ဟဗက္ကုတ် ၃:၁၈။
၁။ ဘီ.စီ.အီး. ၅၃၉ တွင်ဗာဗုလုန်ကျရှုံးခြင်းမတိုင်မီ အဘယ်အရာနှင့်ပတ်သက်သော အဆင်းအာရုံတစ်ခုကို ဒံယေလရရှိခဲ့သနည်း။
ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်ကျရှုံးခြင်းမတိုင်မီ ဆယ်နှစ်ကျော်ကျော်က သက်ကြီးရွယ်အို ပရောဖက်ဒံယေလသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော အဆင်းအာရုံတစ်ခုကိုတွေ့မြင်ခဲ့ရသည်။ ယင်းက ယေဟောဝါ၏ရန်သူများနှင့် ကိုယ်တော်၏ခန့်အပ်ခံဘုရင် ယေရှုခရစ်တိုက်မည့် အထွတ်အထိပ်စစ်ပွဲသို့ဦးတည်သော ကမ္ဘာ့ဖြစ်ရပ်များကို ကြိုဟောထားသည်။ ဒံယေလ၏ တုံ့ပြန်မှုကား ဒံယေလ ၈:၂၇။
အသို့နည်း။ သူကဤသို့ဆိုခဲ့သည်– “ငါ . . . သည်မော၍ . . . မြင်ပြီးသောဗျာဒိတ် . . . ကို ငါအံ့သြ [၏]။”—၂။ အဆင်းအာရုံတွင် အဘယ်တိုက်ပွဲကို ဒံယေလတွေ့မြင်ခဲ့ရသနည်း၊ ယင်း၏ နီးကပ်ခြင်းနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။
၂ ကျွန်ုပ်တို့ကော။ ထိုခေတ်နှင့်အလှမ်းဝေးလှသည့်အချိန်၌ ကျွန်ုပ်တို့အသက်ရှင်နေကြသည်! အဆင်းအာရုံတွင် ဒံယေလမြင်သောတိုက်ပွဲ—ဘုရားသခင့်အာမဂေဒုန်စစ်ပွဲ—သည် အလွန်နီးနေပြီဖြစ်ကြောင်း ကျွန်ုပ်တို့သိလာသောအခါ မည်သို့တုံ့ ပြန်ကြမည်နည်း။ ဟဗက္ကုတ်၏ပရောဖက်ပြုချက်တွင် ဖော်ပြထားသော ဆိုးယုတ်မှုမှာ အလွန်ပျံ့နှံ့လျက်ရှိရာ ဘုရားသခင့်ရန်သူများ၏ဖျက်ဆီးခြင်းသည် မလွဲမရှောင်ဖြစ်ရမည်ကို သိလာသောအခါ မည်သို့တုံ့ ပြန်ကြသနည်း။ ကျွန်ုပ်တို့၏ခံစားချက်များမှာ ဟဗက္ကုတ်၏ပရောဖက်ပြုကျမ်းစောင်၏ တတိယအခန်းကြီး၌ဖော်ပြထားသော သူ၏ခံစားချက်နှင့် တစ်ထပ်တည်းဖြစ်နိုင်ဖွယ်ရှိသည်။
ဘုရားသခင့်ကရုဏာတော်အတွက် ဟဗက္ကုတ်ဆုတောင်း
၃။ မည်သူ့အတွက် ဟဗက္ကုတ်ဆုတောင်းခဲ့ပြီး သူ၏စကားများသည် ကျွန်ုပ်တို့ကိုမည်သို့ဖြစ်စေမည်နည်း။
၃ ဟဗက္ကုတ်အခန်းကြီး ၃ သည်ဆုတောင်းချက်တစ်ခုဖြစ်၏။ အခန်းငယ် ၁ [ကဘ] အရ ၎င်းကို ဝမ်းနည်းကြေကွဲဖွယ်သီချင်း၊ ငိုချင်းများဖြင့်ဖော်ပြထားသည်။ ပရောဖက်၏ဆုတောင်းခန်းမှာ သူ့အတွက်သူတောင်းလျှောက်နေဘိသကဲ့သို့ဖြစ်သည်။ သို့သော် အမှန်မှာ ဟဗက္ကုတ်သည် ဘုရားသခင်ရွေးချယ်သော လူမျိုးအတွက် ပြောဆိုနေခြင်းဖြစ်၏။ ယနေ့ သူ၏ဆုတောင်းချက်သည် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း၌ပါဝင်နေကြသော ဘုရားသခင့်လူမျိုးတော်အတွက် အဓိပ္ပာယ်များစွာရှိသည်။ ၎င်းကိုစိတ်စွဲမှတ်လျက် ဟဗက္ကုတ်အခန်းကြီး ၃ ကို ဖတ်ရှုသောအခါ ထိုစကားများသည် စိတ်ထင့်စရာဖြစ်သော်လည်း ပျော်ရွှင်မှုလည်းပေးသည်။ ဟဗက္ကုတ်၏ဆုတောင်းချက် သို့မဟုတ် ငိုချင်းသည် ကျွန်ုပ်တို့ကိုကယ်တင်တော်မူသည့် ဘုရားသခင်ယေဟောဝါ၌ရွှင်လန်းဖို့ ခိုင်လုံသောအကြောင်းရှိစေသည်။
၄။ ဟဗက္ကုတ်သည် အဘယ်ကြောင့်ကြောက်ရွံ့လာသနည်း၊ ဘုရားသခင့်တန်ခိုးတော်ဖြင့် အဘယ်အမှုကိုပြုမည်အကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။
၄ ရှေ့ဆောင်းပါးနှစ်ခုတွင် ကျွန်ုပ်တို့သတိပြုမိသည့်အတိုင်း ဟဗက္ကုတ်ခေတ်တွင် ယုဒနိုင်ငံ၏အခြေအနေသည် အလွန်ဆိုးရွားလှ၏။ သို့သော် ထိုအခြေအနေကို ဘုရားသခင်ဆက်ခွင့်ပြုမည်မဟုတ်ပါ။ ယေဟောဝါသည် အတိတ်ကအရေးယူခဲ့သကဲ့သို့ အရေးယူတော်မူမည်။ ထို့ကြောင့် ပရောဖက်ကဤသို့ဟစ်ကြွေးခဲ့ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ– “အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ဗျာဒိတ်တော်သံကိုကြား၍ ကြောက်ရွံ့ပါပြီ!” အဘယ်အရာကို သူဆိုလိုသနည်း။ ‘ယေဟောဝါ၏ဗျာဒိတ်တော်သံ’ သည် ပင်လယ်နီ၊ တောကန္တာရအတွင်းနှင့် ယေရိခေါမြို့၌ ဖြစ်ပျက်ခဲ့သည့်အမှုများကဲ့သို့သော ဘုရားသခင်၏သမိုင်းဝင်တန်ခိုးကြီးမားသည့်အပြုအမူများဖြစ်သည်။ ဤဆောင်ရွက်ချက်များကို ဟဗက္ကုတ်ကောင်းစွာသိထားပြီး ယေဟောဝါသည် မိမိ၏တန်ခိုးတော်ဖြင့် ရန်သူများကို ဖျက်ဆီးမည်ဖြစ်ကြောင်း သူသိထားရာ ကြောက်ရွံ့နေသည်။ ယနေ့ လူတို့၏ဆိုးယုတ်မှုများကို ကျွန်ုပ်တို့တွေ့သောအခါ ယေဟောဝါသည် ရှေးအချိန်ကကဲ့သို့ ပြုမူဆောင်ရွက်မည်အကြောင်းသိကြသည်။ ယင်းက ကျွန်ုပ်တို့ကို စိုးရိမ်စေပါသလော။ စိုးရိမ်စေသည်အမှန်! သို့သော် ဟဗက္ကုတ်ကဲ့သို့ ဤသို့ဆုတောင်းကြသည်– “ယခုနှစ်များအတွင်းတွင် အမှုတော်ကိုပြုပြင်တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကိုအောက်မေ့တော်မူပါ။” (ဟဗက္ကုတ် ၃:၂) ဘုရားသခင့်သတ်မှတ်ချိန်ရောက်သော် ကိုယ်တော်သည် “နှစ်များအတွင်း” မိမိ၏အံ့ဖွယ်တန်ခိုးတော်ကို ပြသပါစေ။ ထိုအခါ ကိုယ်တော်သည် မိမိအားချစ်မြတ်နိုးသူများကို ကရုဏာပြသဖို့ အောက်မေ့ပါစေ!
ချီတက်နေသောယေဟောဝါ
၅။ ဘုရားသခင်သည် မည်သို့အားဖြင့် ‘တေမန်မြို့မှကြွလာ’ သနည်း၊ ယင်းက အာမဂေဒုန်နှင့်စပ်လျဉ်း၍ အဘယ်အရာကိုဖော်ပြသနည်း။
၅ ကရုဏာပြရန် ကျွန်ုပ်တို့၏ဆုတောင်းချက်ကို ယေဟောဝါကြားသောအခါ မည်သို့ဖြစ်မည်နည်း။ အဖြေကို ဟဗက္ကုတ် ၃:၃၊ ၄ ၌တွေ့ရသည်။ ပရောဖက်က ဦးဆုံး ဤသို့ဆိုသည်– “ဘုရားသခင်သည် တေမန်မြို့မှလည်းကောင်း၊ သန့်ရှင်းသောဘုရားသခင်သည် ပါရန်တောင်မှလည်းကောင်း ကြွတော်မူ ၏။” ပရောဖက်မောရှေခေတ်က တေမန်မြို့နှင့် ပါရန်တောင်တို့မှာ တောကန္တာရကိုဖြတ်၍ ခါနာန်ပြည်သို့သွားသည့် ဣသရေလလူတို့၏လမ်းကြောင်းပေါ် တည်ရှိသည်။ ထိုလူမျိုးကြီးအနေနှင့် ခရီးကြမ်းနှင်လာခဲ့သောအချိန်တွင် ယေဟောဝါကိုယ်တော်တိုင်သည် သူတို့နှင့်သွားလာသည့်အလားရှိ၍ ကိုယ်တော်ကို အဘယ်အရာကမျှမတားဆီးနိုင်ခဲ့ချေ။ မောရှေမသေမီလေး၌ သူကဤသို့ဆိုခဲ့သည်– “ထာဝရဘုရားသည် သိနာတောင်ပေါ်ကကြွတော်မူ၏။ စိရအရပ်မှထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ [ကောင်းကင်တမန်များ] အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ [၏]။” (တရားဟောရာ ၃၃:၂) အာမဂေဒုန်တွင် မိမိ၏ရန်သူများကို ယေဟောဝါပယ်ရှားသောအခါ တွန်းလှန်၍မရသော ကိုယ်တော်၏အင်အားကို အလားတူဖော်ထုတ်ပြပါလိမ့်မည်။
၆။ ပိုင်းခြားသိမြင်တတ်သောခရစ်ယာန်များသည် ဘုရားသခင့်ဘုန်းတော်အပြင် အဘယ်အရာကိုတွေ့မြင်ကြသနည်း။
၆ ဟဗက္ကုတ်က ဤသို့ဖော်ပြသေးသည်– “[ယေဟောဝါ၏] ဘုန်းတော်သည် မိုးကောင်းကင်ကိုဖုံးအုပ်လျက်၊ မြေကြီးသည်ဂုဏ်အသရေတော်နှင့်ပြည့်စုံလျက်ရှိ၏။ အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ဖြစ်၏။” ရင်သပ်ရှုမောဖွယ်ရာပါတကား! လူသည် ယေဟောဝါဘုရားသခင်ကိုမြင်လျှင် အမှန်တကယ်ပင်အသက်ရှင်မည်မဟုတ်။ (ထွက်မြောက်ရာ ၃၃:၂၀) သို့သော် ဘုရားသခင်၏သစ္စာရှိကျေးကျွန်များမူကား ကိုယ်တော်၏ဘုန်းအာနုဘော် တန်ခိုးတော်ကို တွေးတောကြသောအခါ သူတို့၏ဉာဏ်မျက်စိသည် စူးရှလေသည်။ (ဧဖက် ၁:၁၈) ထို့နောက် ပိုင်းခြားသိမြင်တတ်သော ခရစ်ယာန်များသည် ယေဟောဝါ၏ဘုန်းတော်အပြင် အခြားအရာကိုမြင်ကြ၏။ ဟဗက္ကုတ် ၃:၄ ၌ ဤသို့အဆုံးသတ်ထားသည်– “လက်တော်မှရောင်ခြည်သည်ထွက်၍၊ ဘုန်းအာနုဘော် [တန်ခိုး] တော်ကိုကွယ်ကာလေ၏။” မှန်ပါ၏၊ ယေဟောဝါသည် ခွန်အားနှင့်တန်ခိုးတော်ညာလက်ရုံးကိုအသုံးပြု၍ အရေးယူဆောင်ရွက်ရန် အသင့်ရှိသည်ကိုကျွန်ုပ်တို့တွေ့မြင်ကြ၏။
၇။ ဘုရားသခင့်အောင်ပွဲခံချီတက်မှုသည် ကိုယ်တော်ကိုပုန်ကန်သူတို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၇ ဘုရားသခင်၏အောင်ပွဲခံချီတက်ခြင်းက ပုန်ကန်သူများ ပျက်စီးရဖို့အကြောင်းသာရှိသည်။ ဟဗက္ကုတ် ၃:၅ ကဤသို့ဆိုသည်– “ရှေ့တော်၌ ကာလနာဘေးသည်သွား၍၊ ပူလောင်ခြင်းဘေးသည် ခြေတော်ကိုခြံရံလျက်ရှိ၏။” ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်တွင် ကတိထားရာပြည်၏နယ်နိမိတ်သို့ ဣသရေလလူမျိုးရောက်ခါနီး၌ လူအများသည် မတရားမေထုန်ပြုကြ၊ ရုပ်ပုံကိုးကွယ်ကြ ခြင်းဖြင့် ပုန်ကန်ခဲ့ကြ၏။ ရလဒ်မှာ လူပေါင်း ၂၀,၀၀၀ ကျော်တို့သည် ဘုရားသခင့်ထံတော်မှကျရောက်သောဘေးကြောင့် သေဆုံးခဲ့ကြ၏။ (တောလည်ရာ ၂၅:၁-၉) မဝေးတော့သည့် အနာဂတ်တွင် ယေဟောဝါသည် “တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး . . . စစ်” သို့ချီတက်တော်မူသောအခါ ကိုယ်တော်ကို ပုန်ကန်သူတို့သည် မိမိတို့၏အပြစ်အတွက် အလားတူခံစားကြရလိမ့်မည်။ အချို့မှာ ပကတိကပ်ဘေးကြောင့်ပင် သေဆုံးကုန်ကြရမည်။—ဗျာဒိတ် ၁၆:၁၄-၁၆။
၈။ ဟဗက္ကုတ် ၃:၆ အရ ဘုရားသခင့်ရန်သူများအတွက် အဘယ်အရာသိုထားသနည်း။
၈ ပရောဖက်က ကွင်းကွင်းကွက်ကွက်ဖော်ပြထားသည့် ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၏ အရေးယူဆောင်ရွက်မှုအကြောင်းကို ယခုနားထောင်ပါ။ ဟဗက္ကုတ် ၃:၆ တွင်ဤသို့ဖတ်ရသည်– “ရပ်၍မြေကြီးကိုတိုင်းတော်မူ၏။ ကြည့်ရှု၍ လူမျိုးတို့ကိုတုန်လှုပ်စေတော်မူ၏။ အစဉ်အမြဲတည်သောတောင်တို့သည် ကျိုးပဲ့၍၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ၏။ ထာဝရလမ်းတို့ကို [“ရှေးကတည်းက၊” ကဘ] ကြွတော်မူ၏။” ဦးဆုံးအနေနှင့် ယေဟောဝါသည် “ရပ်” လျက် စစ်မြေပြင်ကို ကြည့်ရှုသော စစ်သူကြီးတစ်ဦးကဲ့သို့ စစ်ဆေးတော်မူ၏။ ကိုယ်တော့်ရန်သူများမှာ ကြောက်၍တုန်လှုပ်ကြ၏။ မိမိတို့၏ပြိုင်ဘက်သည် မည်သူမည်ဝါဖြစ်ကြောင်း သူတို့သိလာသောအခါ တုန်လှုပ်၍ လှုပ်လှုပ်ရှားရှားဖြစ်ကြကုန်သည်။ “မြေကြီးပေါ်မှာ လူအပေါင်းတို့သည်ငိုကြွေးမြည်တမ်းကြ” မည့်အချိန်ကို ယေရှုကြိုဟောခဲ့၏။ (မဿဲ ၂၄:၃၀) ယေဟောဝါ၏တစ်ဖက်တွင် အဘယ်သူမျှရပ်တည်နိုင်မည်မဟုတ်ကြောင်း သူတို့အသိအမှတ်ပြုချိန်သည် အလွန်နောက်ကျလိမ့်မည်။ လူ့အဖွဲ့အစည်းများ—“အစဉ်အမြဲတည်သောတောင်တို့” နှင့် “ထာဝရကုန်းရိုးတို့” ကဲ့သို့တည်မြဲနေဟန်ရှိသောအဖွဲ့အစည်းများပင်—သည် တစ်စစီပြိုကွဲသွားကြမည်။ ထိုအခါ ရှေးအချိန်က ကိုယ်တော်လုပ်ဆောင်ခဲ့သည့်နည်းတူ ဘုရားသခင်သည် “ထာဝရလမ်းတို့ကိုကြွတော်မူ” မည်။
၉၊ ၁၀။ ဟဗက္ကုတ် ၃:၇-၁၁ အားဖြင့် ကျွန်ုပ်တို့သည် အဘယ်အရာကိုသတိပေးခံရသနည်း။
၉ ယေဟောဝါသည် မိမိ၏ရန်သူများကို “အမျက်ထွက်တော်မူ” ၏။ ကိုယ်တော်၏စစ်ပွဲကြီးတွင် အဘယ်လက်နက်များကို အသုံးပြုတော်မူမည်နည်း။ ၎င်းတို့အကြောင်း ပရောဖက်ဖော်ပြသည်ကို နားဆင်ပါ– “ကိုယ်တော်သည်အမျိုးအနွယ်တော်တို့၌ ထားတော်မူသောသစ္စာကတိရှိသည်အတိုင်း လေးလက်နက်တော်ကိုထုတ်ပြတော်မူ၏။ မြေကြီး၌မြစ်တို့ကိုပေါက်စေတော်မူ၏။ တောင်တို့သည် ကိုယ်တော်ကိုမြင်၍တုန်လှုပ်ကြပါ၏။ လျှံသောရေသည် လွှမ်းမိုးပါ၏။ ပင်လယ်သည် အော်ဟစ်၍လက်ကိုချီပါ၏။ နေနှင့်လသည် မိမိတို့နေရာ၌ရပ်၍နေပါ၏။ သူတို့အလင်း၌မြားတော်တို့သည်သွား၍ သူတို့ရောင်ခြည်၌လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ၏။”—ဟဗက္ကုတ် ၃:၇-၁၁။
၁၀ ယေဟောဝါသည် ယောရှုခေတ်တွင် နေနှင့်လကို ရပ်တန့်စေ၍ အလွန်အံ့သြဖွယ်နည်းဖြင့် တန်ခိုးတော်ကိုပြသခဲ့သည်။ (ယောရှု ၁၀:၁၂-၁၄) ယေဟောဝါသည် အာမဂေဒုန်တွင် ထပ်တူတန်ခိုးတော်ကို အသုံးပြုမည်ဖြစ်ကြောင်း ဟဗက္ကုတ်၏ပရောဖက်ပြုချက်က ကျွန်ုပ်တို့ကို သတိရစေသည်။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် ယေဟောဝါသည် ဖာရော၏စစ်တပ်ကို ဖျက်ဆီးရန် ပင်လယ်နီကိုအသုံးပြုခဲ့သောအခါ ကမ္ဘာ့ရေလွှာထုကို ကိုယ်တော်ထိန်းချုပ်နိုင်ကြောင်း ပြသခဲ့သည်။ နောင်အနှစ်လေးဆယ်အကြာတွင် ကတိထားရာပြည်ထဲသို့ ဣသရေလလူတို့အောင်ပွဲချီ၍ဝင်ရောက်သောအခါ ယော်ဒန်မြစ်သည်ရေကြီးနေသော်လည်း ယင်းကအတားအဆီးလုံးဝမဖြစ်ခဲ့ပေ။ (ယောရှု ၃:၁၅-၁၇) ပရောဖက်မ ဒေဗောရအချိန်တွင် မိုးသည်းထန်စွာရွာ၍ ဣသရေလတို့၏ရန်သူ သိသရ၏စစ်ရထားများသည် ရေထဲပါသွားသည်။ (တရားသူကြီး ၅:၂၁) အာမဂေဒုန်တွင် ထပ်တူအင်အားစုများဖြစ်သည့် ရေလွှမ်းမိုးခြင်း၊ မိုးသည်းထန်စွာရွာခြင်းနှင့် ကမ္ဘာ့ရေလွှာထုကို ယေဟောဝါအသုံးပြုတော်မူမည်။ မိုးသက်မုန်တိုင်းနှင့် မိုးကြိုးတို့ကိုလည်း လှံတံ သို့မဟုတ် မြားအပြည့်ရှိသော မြားအိမ်ကိုကိုင်ထားသကဲ့သို့ ကိုယ်တော်ကိုင်ထားတော်မူသည်။
၁၁။ ယေဟောဝါသည် မိမိ၏ကြီးမားသောတန်ခိုးတော်ကို အပြည့်အဝအသုံးပြုသောအခါ အဘယ်သို့ဖြစ်မည်နည်း။
၁၁ ယေဟောဝါသည် မိမိ၏ကြီးမားသောတန်ခိုးတော်ကို အပြည့်အဝအသုံးပြုသောအခါ အမှန်ပင်အံ့သြထိတ်လန့်ကြရ
လိမ့်မည်။ ဟဗက္ကုတ်၏စကားအရ ညသည်နေ့ဖြစ်သွားပြီး နေ့သည်နေ၏အတောက်ပဆုံးအလင်းရောင်ထက် ထွန်းတောက်လာမည်ဖြစ်၏။ အာမဂေဒုန်နှင့်ပတ်သက်သော မှုတ်သွင်းခံ ဤပရောဖက်ပြုချက်သည် ပကတိဖြစ်စေ သို့မဟုတ် ပုံဆောင်ချက်ဖြစ်စေ သေချာသည်မှာ အဘယ်ရန်သူမျှ လွတ်မြောက်ခွင့်မရှိဘဲ ယေဟောဝါ အောင်နိုင်မည်ဖြစ်သည်။ဘုရားသခင့်လူမျိုးတော်အတွက် စိတ်ချရသောကယ်တင်ခြင်း!
၁၂။ ဘုရားသခင်သည် မိမိ၏ရန်သူများကို အဘယ်သို့ပြုမည်နည်း၊ သို့သော် မည်သူကယ်တင်ခံရမည်နည်း။
၁၂ ယေဟောဝါ၏ရန်သူများကိုဖျက်ဆီးရာတွင် ကိုယ်တော်၏အရေးယူလုပ်ဆောင်မှုကို ပရောဖက်က ဆက်ဖော်ပြသည်။ ဟဗက္ကုတ် ၃:၁၂ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အမျက်တော်ထွက်လျက် တစ်ပြည်လုံးချီသွား၍၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကိုနင်းနယ်တော်မူ၏။” သို့သော် ယေဟောဝါသည် အရမ်းကာရောဖျက်ဆီးပစ်မည်မဟုတ်ပါ။ လူအချို့ ကယ်တင်ခံရလိမ့်မည်။ “ကိုယ်တော်၏လူတို့ကိုကယ်တင်ခြင်း၊ ကိုယ်တော်ပေးတော်မူ၍ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှာထွက်ကြွတော်မူ၏” ဟုဟဗက္ကုတ် ၃:၁၃ ကဆိုသည်။ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များကို အမှန်ပင်ကယ်တင်လိမ့်မည်။ ထိုအခါ မဟာဗာဗုလုန်ကို ဖျက်ဆီးခြင်းသည် လုံးဝပြီးဆုံးသွားလိမ့်မည်။ သို့သော် ယနေ့ နိုင်ငံများသည် စင် ကြယ်သောဝတ်ပြုရေးကို ဖယ်ရှားပစ်ဖို့ ကြိုးပမ်းနေကြသည်။ မကြာမီ ဘုရားသခင့်ကျေးကျွန်များသည် မာဂေါဂပြည်သား ဂေါဂမင်းအင်အားစု၏ တိုက်ခိုက်မှုကို ခံရကြလိမ့်မည်။ (ယေဇကျေလ ၃၈:၁–၃၉:၁၃; ဗျာဒိတ် ၁၇:၁-၅၊ ၁၆-၁၈) စာတန်၏အဆိုပါတိုက်ခိုက်မှု အောင်မြင်မည်လော။ အောင်မြင်မည်မဟုတ်ပါ! ထိုအခါ ယေဟောဝါသည် မိမိ၏ရန်သူများကို ဒေါသတကြီးနင်းနယ်လျက် ကောက်နယ်တလင်းတွင် စပါးနယ်သကဲ့သို့ သူတို့ကို ခြေတော်ရင်း၌နင်းချေပစ်လိမ့်မည်။ သို့ရာတွင် မိမိအား စိတ်ဝိညာဉ်နှင့်အမှန်တရားဖြင့် ကိုးကွယ်သူများကို ကိုယ်တော်ကာကွယ်ပေးလိမ့်မည်။—ယောဟန် ၄:၂၄။
၁၃။ ဟဗက္ကုတ် ၃:၁၃ သည်မည်သို့ပြည့်စုံလာမည်နည်း။
၁၃ ဆိုးယုတ်သူများကို အကုန်အစင်ချေမှုန်းခြင်းအကြောင်း ဤသို့ကြိုဟောထားသည်– “အဓမ္မလူ၏အိမ်၌ ဦးခေါင်းကိုနှိပ်စက်၍၊ မူလအမြစ်ကို လည်ပင်းတိုင်အောင်ပယ်ရှင်းတော်မူ၏။” (ဟဗက္ကုတ် ၃:၁၃) ဤ “အိမ်” ကား စာတန်၏လွှမ်းမိုးမှုအောက် ဖွံ့ ဖြိုးလာသော ဆိုးသွမ်းသည့်အစီအစဉ်စနစ်ဖြစ်၏။ ယင်းသည် အစိတ်စိတ်အမြွှာမြွှာကွဲပျက်ရလိမ့်မည်။ “ဦးခေါင်း” သို့မဟုတ် ဘုရားတရားမဲ့ခေါင်းဆောင်များသည် နင်းချေခံရလိမ့်မည်။ အဆောက်အဦတစ်ခုလုံးသည် အုတ်မြစ်အထိ ဖြိုဖျက်ခြင်းခံရလိမ့်မည်။ ဆက်တည်ရှိလိမ့်မည်မဟုတ်ပေ။ အလွန်စိတ်သက်သာစရာပါတကား!
၁၄-၁၆။ ဟဗက္ကုတ် ၃:၁၄၊ ၁၅ အရ ယေဟောဝါ၏လူမျိုးတော်နှင့် သူတို့၏ရန်သူများသည် အဘယ်သို့ဖြစ်မည်နည်း။
၁၄ အာမဂေဒုန်စစ်မြေပြင်တွင် ယေဟောဝါ၏ “ဘိသိက်ခံ” ကိုဖျက်ဆီးဖို့ ကြိုးစားသူများသည် စိတ်ရှုပ်ထွေးကုန်ကြလိမ့်မည်။ ဟဗက္ကုတ် ၃:၁၄၊ ၁၅ အရ ပရောဖက်က ယေဟောဝါအားဤသို့ဆိုသည်– “ဗိုလ်မင်းတို့၏ဦးခေါင်းကို မြားတော်တို့နှင့် ထုတ်ခြင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကိုလွင့်စေခြင်းငှာ လေပြင်းမုန်တိုင်းကဲ့သို့တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ကိုက်စားမည့်အကြံရှိသကဲ့သို့ ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်သည် မြင်းတော်များကိုစီး၍၊ ရေဟုန်းဟုန်းမြည်သောပင်လယ်အလယ်သို့ချီသွားတော်မူ၏။”
၁၅ ဟဗက္ကုတ်က “ဗိုလ်မင်းတို့ . . . သည် အကျွန်ုပ်တို့ကိုလွင့်စေခြင်းငှာ လေပြင်းမုန်တိုင်းကဲ့သို့တိုက်ကြပါ၏” ဟုဆိုရာဝယ် ပရောဖက်သည် ယေဟောဝါ၏ဘိသိက်ခံကျေးကျွန်များအတွက် ပြောနေခြင်းဖြစ်သည်။ ချောင်းမြောင်း၍စောင့်နေသော လမ်းဓားပြများကဲ့သို့ တိုင်းနိုင်ငံများသည် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများကိုဖျက်ဆီးဖို့ တစ်ဟုန်ထိုးရောက်လာကြမည်။ ဘုရားသခင်နှင့် ကိုယ်တော့်လူမျိုးတော်၏ရန်သူတို့သည် မိမိတို့အောင်မြင်မည်ဟု ယုံကြည်ထားကြသောကြောင့် “ဝမ်းမြောက်ကြ” လိမ့်မည်။ သစ္စာရှိခရစ်ယာန်များမူ “ဆင်းရဲသား” များကဲ့သို့ အားနည်းဟန်ရှိမည်။ သို့သော် ဘုရားတရားမဲ့တပ်များက သူတို့ကိုတိုက်ခိုက်သည့်အခါ ယေဟောဝါသည် ထိုသူတို့၏လက်နက်များဖြင့် အချင်းချင်းပြန်တိုက်စေမည်။ သူတို့သည် မိမိတို့၏လက်နက်များ၊ သို့မဟုတ် “မြားတော်” များကို မိမိတို့စစ်သည်အချင်းချင်းတိုက်ခိုက်ရန် အသုံးပြုကြလိမ့်မည်။
၁၆ သို့သော် ထို့ထက်မကရှိသေးသည်။ ယေဟောဝါသည် ရန်သူများကိုအပြီးဖျက်ဆီးရန် လူထက်အင်အားကြီးမားသော နာမ်ဝိညာဉ်တပ်သားများကို အသုံးပြုလိမ့်မည်။ ယေရှုခရစ်လက်အောက်ရှိ ကောင်းကင်ဗိုလ်ခြေ “မြင်းတော်” အလုံးအရင်းဖြင့် ကိုယ်တော်သည် လူသားရန်သူများဖြစ်သည့် “ပင်လယ်” နှင့် “ရေဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့” အောင်မြင်လျက် ချီတက်ကြမည်။ (ဗျာဒိတ် ၁၉:၁၁-၂၁) ထို့နောက် လူဆိုးသည် မြေကြီးပေါ်မှ ပယ်ရှင်းခြင်းခံရလိမ့်မည်။ မြင့်မြတ်သောတန်ခိုးတော်နှင့် တရားမျှတခြင်း၏ တန်ခိုးပါသောသရုပ်ဖော်ချက်ပါတကား!
ယေဟောဝါ၏နေ့ရောက်လုပြီ!
၁၇။ (က) ဟဗက္ကုတ်၏စကားများပြည့်စုံမည်ကို ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။ (ခ) ယေဟောဝါ၏နေ့ကြီးကို စောင့်ဆိုင်းကြစဉ် ကျွန်ုပ်တို့သည် ဟဗက္ကုတ်နှင့်မည်သို့တူနိုင်သနည်း။
၁၇ ဟဗက္ကုတ်၏စကားများ မကြာမီပြည့်စုံမည်ကို ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ နှောင့်နှေးမည်မဟုတ်ပါ။ ဤတင်ကြိုသိရှိချက်ကို သင်မည်သို့တုံ့ ပြန်မည်နည်း။ ဟဗက္ကုတ်သည် မှုတ်သွင်းခံရ၍ ရေးသားခဲ့ကြောင်းသတိရပါ။ ယေဟောဝါသည် အဟဗက္ကုတ် ၃:၁၆) ဟဗက္ကုတ်အလွန်စိတ်လှုပ်ရှားခဲ့မည်ကို နားလည်နိုင်ပါသည်။ သို့သော် သူ့ယုံကြည်ခြင်းပျက်ပြားခဲ့သလော။ လုံးဝမပျက်ပြားခဲ့ပါ! သူသည် ယေဟောဝါ၏နေ့ကြီးကိုစောင့်ဖို့ တလိုတလားရှိခဲ့သည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ကျွန်ုပ်တို့၏သဘောထားသည်လည်း အလားတူမဟုတ်ပေလော။ ဧကန်အမှန်ပင်! ဟဗက္ကုတ်၏ပရောဖက်ပြုချက်သည် ပြည့်စုံလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့လုံးဝယုံကြည်ကြသည်။ သို့သော် မပြည့်စုံမချင်း ကျွန်ုပ်တို့စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းကြမည်။
ရေးယူဆောင်ရွက်လိမ့်မည်၊ ထိုအခါ ကမ္ဘာမြေကြီးပေါ်တွင် အကြီးအကျယ်ပျက်စီးလိမ့်မည်။ ပရောဖက်ကဤသို့ရေးသားခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ– “ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင်၌လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြေ့ခြင်း၊ တစ်ကိုယ်လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက်သောနေ့၊ လုပ်ကြံသောသူသည် ငါ၏လူမျိုးကိုတိုက်လာသောနေ့တိုင်အောင် ငါသည် နေရစ်မည်။” (၁၈။ အခက်အခဲများကြုံရမည်ကို ဟဗက္ကုတ်မျှော်လင့်ခဲ့သော်လည်း သူ၏သဘောထားကား အဘယ်နည်း။
၁၈ စစ်မှုသည် နောက်ဆုံးအနိုင်ရသူများအတွက်ပင် အစဉ်အခက်အခဲဖြစ်စေသည်။ စားနပ်ရိက္ခာလျော့ပါးမည်။ ပစ္စည်းဥစ္စာဆုံးရှုံးမည်။ နေထိုင်မှုအဆင့်အတန်း ကျသွားပေမည်။ ထိုသို့ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့မည်သို့တုံ့ ပြန်ကြမည်နည်း။ ဟဗက္ကုတ်က ဤသို့ပြောခဲ့ရာ သူ့မှာအတုယူစရာသဘောထားရှိသည်– “သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးတော်ကိုမျှော်လင့်၍မခံရ၊ လယ်တို့သည်အသီးအနှံကိုမပေးရ၊ သိုးခြံ၌သိုးကုန်၍ တင်းကုပ်၌နွားမရှိရ။ သို့သော်လည်း၊ ထာဝရဘုရား၌ငါဝမ်းမြောက်၍၊ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကိုအမှီပြုလျက် ရွှင်လန်းမည်။” (ဟဗက္ကုတ် ၃:၁၇၊ ၁၈) ဟဗက္ကုတ်သည် ငတ်မွတ်ခြင်းဖြစ်ကောင်းဖြစ်မည့် အခက်အခဲများကို ကြုံရကောင်းကြုံရမည်ကို လက်တွေ့ကျကျမျှော်လင့်ခဲ့သည်။ သို့သော် သူ့ကိုကယ်တင်သော ယေဟောဝါ၌ရွှင်လန်းခြင်းကို တစ်ခါမျှမပျောက်ဆုံးစေခဲ့ပါ။
၁၉။ ခရစ်ယာန်အများသည် အဘယ်အခက်အခဲများကြုံရကြသနည်း၊ သို့သော် ကျွန်ုပ်တို့ဘဝတွင် ယေဟောဝါအားဦးစားထားမည်ဆိုလျှင် အဘယ်အရာကိုစိတ်ချနိုင်သနည်း။
၁၉ ယနေ့ ယေဟောဝါသည် ဆိုးယုတ်သူများကိုမတိုက်ခိုက်မီပင် လူအများသည် အကြီးအကျယ်ဆင်းရဲခံရကြသည်။ ယေရှုက စစ်၊ ငတ်မွတ်ခေါင်းပါးခြင်း၊ မြေငလျင်နှင့် ရောဂါတို့သည် တော်ဝင်တန်ခိုးတော်ဖြင့် ‘ကိုယ်တော်ရောက်ရှိခြင်း၏ နိမိတ်’ တွင်ပါဝင်သည့်အရာများဖြစ်ကြောင်း တင်ကူးဟောကြားခဲ့သည်။ (မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၁၀၊ ၁၁) ယုံကြည်သူချင်းများစွာတို့သည် ယေရှုမိန့်တော်မူခဲ့သည့်စကားများ ဆိုးဆိုးရွားရွားပြည့်စုံသောဒေသများ၌ နေထိုင်ကြရရာ ယင်းကြောင့် အကြီးအကျယ်အခက်အခဲကြုံနေကြရသည်။ အခြားခရစ်ယာန်များသည် အနာဂတ်တွင် ထပ်တူအခက်အခဲမျိုးကြုံကြရနိုင်သည်။ ကျွန်ုပ်တို့များစွာအတွက် အဆုံးမတိုင်မီ “သင်္ဘောသဖန်းပင် မပွင့်” ဘဲဖြစ်နိုင်သည်။ သို့သော် ဤအရာများအဘယ်ကြောင့်ဖြစ်ရကြောင်း ကျွန်ုပ်တို့သိထားကြပြီး ယင်းက ကျွန်ုပ်တို့ကိုခွန်အားပေးသည်။ ထို့အပြင် ကျွန်ုပ်တို့မှာထောက်မကူညီမှုရှိသည်။ ယေရှုက ဤသို့ကတိပြုခဲ့သည်– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆:၃၃) ယင်းက ကျွန်ုပ်တို့သက်သောင့်သက်သာရှိရမည်ဟု အာမခံနေခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့ဘဝတွင် ယေဟောဝါကို ဦးစားထားမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုကြည့်ရှုစောင်မတော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။—ဆာလံ ၃၇:၂၅။
၂၀။ ယာယီအခက်အခဲများကြားမှ အဘယ်အရာပြုရန် ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်သင့်သနည်း။
၂၀ မည်သည့်အခက်အခဲမျိုးကိုမဆို ယာယီကြုံတွေ့ရဦးတော့ ယေဟောဝါ၏ကယ်တင်နိုင်စွမ်းကို ယုံကြည်စိတ်ချလျက်နေပေမည်။ အာဖရိက၊ အရှေ့ဥရောပနှင့် အခြားဒေသများတွင်ရှိသော ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများသည် အခက်အခဲများစွာကို အတိုင်းထက်အလွန်ရင်ဆိုင်နေကြရသော်ငြား ဆက်၍ ‘ယေဟောဝါကို အမှီပြု၍ရွှင်လန်း’ လျက်ရှိကြသည်။ ကျွန်ုပ်တို့လည်း သူတို့နည်းတူ အမြဲပြုကြစို့လေ။ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါသည် ကျွန်ုပ်တို့ “အစွမ်းသတ္တိ” ၏ရင်းမြစ်ဖြစ်ကြောင်းသတိရကြပါ။ (ဟဗက္ကုတ် ၃:၁၉) ကိုယ်တော်သည် ကျွန်ုပ်တို့ကိုဘယ်သောအခါမျှ စိတ်ပျက်စေမည်မဟုတ်ပါ။ အာမဂေဒုန်သည် ရောက်လာဖို့သေချာနေပြီး ဘုရားသခင်ကတိထားရာကမ္ဘာသစ်သည် မုချလိုက်ပါလာမည်။ (၂ ပေတရု ၃:၁၃) ထိုအခါ “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ဘုန်းတော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟဗက္ကုတ် ၂:၁၄) ထိုအားရဝမ်းသာစရာအချိန်မရောက်မချင်း ဟဗက္ကုတ်၏ပုံသက်သေကောင်းကို လိုက်လျှောက်ကြပါစို့။ ‘ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက်အစဉ်သဖြင့်ရွှင်လန်း’ ကြစို့လေ။
သင်မှတ်မိသလော
● ဟဗက္ကုတ်၏ဆုတောင်းချက်သည် ကျွန်ုပ်တို့ကို မည်သို့ဖြစ်စေမည်နည်း။
● ယေဟောဝါသည် အဘယ်ကြောင့်ချီတက်တော်မူသနည်း။
● ဟဗက္ကုတ်၏ပရောဖက်ပြုချက်က ကယ်တင်ခြင်းအကြောင်း အဘယ်သို့ဆိုသနည်း။
● ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ကြီးကို အဘယ်သဘောထားမျိုးဖြင့် စောင့်မျှော်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဘုရားသခင်သည် အာမဂေဒုန်တွင် ဆိုးသွမ်းသူတို့တစ်ဖက်၌ အဘယ်အင်အားစုများအသုံးပြုမည်ကို သင်သိပါသလော