ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
ငါးဖန်ခွက်ရဲ့ တွန်းကန်မှုစနစ်
● ငါးဖန်ခွက်လို့ခေါ်တဲ့ ဂျယ်လီငါး (Jellyfish) ဟာ အချင်းတစ်လက်မထက်ငယ်ရာကနေ အချင်း ၆ ပေ အထိ အရွယ်အစား အမျိုးမျိုးရှိနိုင်ပြီး သူ့ရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေဖြစ်တယ်။ မျိုးစိတ်များစွာမှာ သူတို့ရဲ့ ခေါင်းလောင်းပုံကိုယ်ခန္ဓာမှာရှိတဲ့ ကြွက်သားတွေက ထီးကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်သလို စည်းချက်ညီညီ ကျုံ့လိုက်၊ ဆန့်လိုက်လုပ်ပြီး ရှေ့ကို တွန်းကန်ပေးတယ်။
သုံးသပ်ကြည့်ပါ– ငါးဖန်ခွက်တချို့ရဲ့ ရွေ့လျားမှုက တအားမမြန်ပေမဲ့ ဒီငါးကို ရွေ့လျားစေတဲ့နည်းက စိတ်ဝင်စားစရာကောင်းနေတယ်ဆိုတာကို အရည်နဲ့အငွေ့ရဲ့ ရွေ့လျားမှုကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေ တွေ့ရှိထားတယ်။ အဲဒီအကောင်လေးက ကိုယ်ခန္ဓာကို ကျုံ့လိုက်တဲ့အခါတိုင်း ရေဝဲဖြစ်ပေါ်လာပြီး အဲဒီရေဝဲက သူ့ကို အရှေ့ကို တွန်းပို့ပေးတယ်။ ဒါက ဂျက်အင်ဂျင်နဲ့ ဆင်တယ်။ လေယာဉ်တွေမှာသုံးတဲ့ ဂျက်အင်ဂျင်က လေကို အဆက်မပြတ်တွန်းထုတ်ပြီး ရှေ့ကို ဆက်တိုက်ရွေ့လျားသွားတယ်။ ငါးဖန်ခွက်ကတော့ ရေဝဲကို စည်းချက်မှန်မှန်ထုတ်ပြီး ရှေ့ကို တစ်ချက်ခြင်းရွေ့လျားသွားတယ်။ “ကြည့်ရတဲ့ပုံက လွယ်သလိုရှိပေမဲ့ အဲဒီလိုရေဝဲဖြစ်ပေါ်လာပုံကို သင်္ချာနည်းနဲ့ဖော်ပြဖို့ တော်တော့်ကို ခက်တာပဲ” လို့ မဂ္ဂဇင်းတစ်စောင်က ဖော်ပြတယ်။—New Scientist
စွမ်းအင်ချွေတာနိုင်တဲ့ ရေအောက်သွားယာဉ်တွေတည်ဆောက်ဖို့ သုတေသီတွေက ငါးဖန်ခွက်ရဲ့တွန်းကန်အားစနစ်ကို လေ့လာနေကြတယ်။ သုတေသီတစ်ယောက်ဆိုရင် ငါးဖန်ခွက်ရဲ့ ရေယက်ကြောင်းနဲ့တူတဲ့ ယက်ကြောင်းဖြစ်ပေါ်စေတဲ့ လေးပေရှည် ရေငုပ်သင်္ဘောတစ်ခု တည်ဆောက်ခဲ့ပြီး အဲဒီရေငုပ်သင်္ဘောဟာ သာမန်တွန်းကန်အားစနစ်နဲ့တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောတွေထက် စွမ်းအင် ၃၀ ရာခိုင်နှုန်း သက်သာစေတယ်။ ဒီလေ့လာမှုက လူ့နှလုံးကို စစ်ဆေးရာမှာလည်း အသုံးဝင်နိုင်တယ်။ နှလုံးမှာ သွေးရဲ့ရွေ့လျားမှုက ဝဲတွေကိုဖြစ်ပေါ်စေပြီး ပုံမှန်မဟုတ်တဲ့ဝဲက နှလုံးရောဂါရဲ့ အစောပိုင်းလက္ခဏာဖြစ်နိုင်တယ်။
သင် ဘယ်လိုထင်ပါသလဲ။ ငါးဖန်ခွက်ရဲ့ တွန်းကန်မှုစနစ်က သူ့အလိုလိုဖြစ်လာနိုင်မလား။ ဒါမှဟုတ် စနစ်တကျ ပုံစံရေးဆွဲပြီး ပြုလုပ်ခံထားရတာလား။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ငါးဖန်ခွက်က ရေဝဲဖြစ်ပေါ်စေပြီး အဲဒီရေဝဲက သူ့ကို အရှေ့ကိုတွန်းပို့ပေး
[Picture Credit Lines on page 13]
Photo: © JUNIORS BILDARCHIV/age fotostock; graphic: Courtesy of Sean Colin