မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အလွန်ကောင်းတဲ့ သွန်သင်ခြင်းကိရိယာတစ်ခုပဲ!”

“အလွန်ကောင်းတဲ့ သွန်သင်ခြင်းကိရိယာတစ်ခုပဲ!”

“အလွန်​ကောင်း​တဲ့ သွန်သင်ခြင်း​ကိရိယာ​တစ်ခု​ပဲ!”

ယခု​အခါ ကမ္ဘာ​တစ်ဝန်း​တွင် ကျမ်းစာ​သင်အံမှု​၌ ကျယ်ပြန့်​စွာ​အသုံးပြု​နေသည့် စာမျက်နှာ ၂၂၄ မျက်နှာ​ရှိ၊ ရောင်စုံ​ရုပ်ပုံများ​ပါ​သော သမ္မာကျမ်းစာ အမှန်တကယ်​သွန်သင်ရာ​မှာ အဘယ်နည်း ဟူ​သည့် စာအုပ်​နှင့်​ပတ်သက်​၍ ပ​နား​မား​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​တစ်ဦး​က အထက်ပါ​အတိုင်း ရေးခဲ့​သည်။ “ကျစ်​ကျစ်​လ​စ်​လ​စ်၊ အချိတ်အဆက်မိမိ​နဲ့ ကျိုးကြောင်း​ညီညွတ်မှု​ရှိ​လိုက်​ပုံ​က အံ့ဩစရာ​ပဲ။ ရည်ညွှန်းချက်​တွေ​နဲ့ နောက်ဆက်တွဲ​တွေ​ကို အသုံးပြု​ထား​တဲ့​ပုံစံ​အသစ်​ကြောင့် ဆက်​လေ့လာ​လို​စိတ် ချက်ချင်း​ပေါ်လာ​တယ်” ဟု​သူ​ရေးသားခဲ့​၏။

အမေရိကန်​နိုင်ငံ၊ မစ်ဆူရီ​ပြည်နယ်​မှ ကျမ်းစာ​သင်ပေး​သူ​တစ်ဦး​က ဤသို့​စာရေး​ခဲ့​သည်– “ရိုးရိုးလေး​ရေးထားတာကို ကျွန်မ​သဘောကျ​တယ်။ ကျိုးကြောင်း​ဆီလျော်​မှု​အရှိဆုံး​နည်းနဲ့ အကြောင်းအရာတွေကို အဆင့်ဆင့်​တင်ပြ​ထား​တဲ့ ဒီလိုမျိုး​စာအုပ်​ကို ကျွန်မ​တစ်ခါ​မှ မ​တွေ့ ဖူး​ဘူး။” သမ္မာကျမ်းစာ​သွန်သင်ရာ​စာအုပ်​ကို ရသည်​နှင့် ကျမ်းစာ​သင်ပေး​သူသည် ကျမ်းစာ​ကို ယခင်​က ကြိုးစား​လေ့လာ​ခဲ့​သော်လည်း စိတ်ဓာတ်ကျ​သွား​သည့် အမျိုးသမီး​တစ်ဦးထံ​သို့ ဤ​စာအုပ်​ကို​ယူသွား​ပေး​၏။

“ပထမ​အခန်း​ကို သူ​ဖတ်​လို့​မပြီး​ခင်​မှာပဲ ကျွန်မ​ဆီ​ဖုန်း​ဆက်​ပြီး ဖတ်​လို့ အရမ်း​ကောင်း​ကြောင်း ပြောပြ​တယ်” ဟု ကျမ်းစာ​သင်ပေး​သူက​ဆို​၏။ ဤ​စာအုပ်​ကို မိမိ​အတွက်​ရေးသား​ထား​သည်​ဟု ခံစားရ​ကြောင်း ကျမ်းစာ​သင်သား​ဖြစ်သူ ထို​အမျိုးသမီး​က​ပြောပြ​သည်။ သူသည် ကျမ်းစာ​ကို ပြန်​လေ့လာ​လို​စိတ်​ပေါ်လာ​ခဲ့​၏။ ပထမ​ဆယ်​ခန်း​ကို အတူ​လေ့လာ​ပြီး​နောက် လေ့လာ​နေသော​အရာ​နှင့်​ပတ်သက်​၍ ထို​အမျိုးသမီး​ပျော်ရွှင်​နေသည်​ကို တွေ့မြင်​ရခြင်း​က အလွန်​ကြည်နူး​စ​ရာ​ကောင်း​သည်​ဟု ကျမ်းစာ​သင်ပေး​သူက မှတ်ချက်ချ​ခဲ့​၏။

သမ္မာကျမ်းစာ​သွန်သင်ရာ​စာအုပ်​ကို ရရှိ​သည်​မှာ နှစ်နှစ်​ပင်မ​ပြည့်​သေး​သော်လည်း ဘာသာ​စကား ၁၅၀ ကျော်​ဖြင့် အုပ်ရေ သန်း ၅၀ ကျော်​ပုံနှိပ်​ထုတ်ဝေ​ပြီး​ဖြစ်သည်။ ပူးတွဲ​ပါ​ကူပွန်​ကို ဖြည့်စွက်​ကာ ကူပွန်​ပေါ်​တွင်​ဖော်ပြ​ထား​သည့်​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏​စာမျက်နှာ ၅ တွင်​ပါ​သော သင့်လျော်ရာ​လိပ်စာ​သို့ စာတိုက်​မှ​ပေး​ပို့​၍ ဤ​စာအုပ်​ကို သင် မှာ​ယူ​နိုင်​ပါ​သည်။

□ ဤ​တွင်​ဖော်ပြ​ထားသော​စာအုပ်​ကို မေတ္တာ​လက်ဆောင်​ရ​လို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု ပြု​လို​ပါ​သဖြင့် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။