“ကျွန်တော့်ပါမောက္ခတွေ အရမ်းသဘောကျ သွားတယ်”
“ကျွန်တော့်ပါမောက္ခတွေ အရမ်းသဘောကျ သွားတယ်”
၎င်းမှာ ဂျော်ဂျီယာနိုင်ငံ တဘီလစီ ပြည်နယ်ဆေးတက္ကသိုလ်မှ ပထမနှစ်ဆေးကျောင်းသားတစ်ဦးက နိုးလော့! ထုတ်ဝေသူများထံ ရေးသောစာတွင် ဖော်ပြထားချက်ဖြစ်သည်။ ထိုကျောင်းသားသည် နိုးလော့!ထံ အဘယ်ကြောင့် စာရေးခဲ့သနည်း။
“ခင်ဗျားတို့ရဲ့ ဂျာနယ်တွေကို ၁၉၉၈ ခုနှစ်ကတည်းက ဖတ်ခဲ့တာပါ။ . . . အဲ့ဒီစာစောင်တွေဟာ ကျွန်တော်ယူတဲ့ဘာသာရပ်တွေအတွက် တကယ်ကို အထောက်အကူပြုတယ်။ ဆောင်းပါးတွေဟာ အမြဲတမ်းလိုလို အခန့်သင့်ဖြစ်ပြီး အပြည့်အဝယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေပါတယ်။ မကြာသေးခင်တုန်းက ၂၀၀၂၊ နိုဝင်ဘာ ၂၂ ရက်ထုတ် [လိပ်] နိုးလော့! မဂ္ဂဇင်းမှာပါတဲ့ ဆဲလ်ပွားများ—သိပ္ပံပညာသည် အတော်လွန်သွားခဲ့ပြီလော အခန်းဆက်ဆောင်းပါးထဲက အချက်အလက်တွေကိုသုံးပြီး ‘ပုံတူပွားခြင်းနှင့် ဆဲလ်ပွားအမျိုးအစားများ’ အကြောင်း စာစီစာကုံးရေးခဲ့တယ်။ ကျွန်တော့်ပါမောက္ခတွေ အရမ်းသဘောကျသွားတယ်၊ ကျွန်တော် အမှတ်အများဆုံးရခဲ့တယ်။
“ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ အထူးသဖြင့် ဆေးပညာနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ထုတ်ဝေပေးတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာတယ်။ ကျွန်တော်ရော၊ ကျွန်တော့်မိဘတွေပါ ယေဟောဝါသက်သေတွေ မဟုတ်ကြပေမဲ့ ခင်ဗျားတို့ရဲ့ ဂျာနယ်တွေဟာ ကမ္ဘာလောကနဲ့ပတ်သက်တဲ့ အသိပညာတိုးစေတဲ့အတွက် ကျွန်တော်တို့ သိပ်ကိုသဘောကျကြတယ်။”
သမ္မာကျမ်းစာတွင် ကာယရေးရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေရန်အထောက်အကူပြုသည့် လက်တွေ့ကျလမ်းညွှန်ချက်ပါရှိကြောင်း သင်သိရှိရ၍ အံ့အားသင့်ပေမည်။ ယင်းအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းသော ၃၂ မျက်နှာရှိ လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာထဲတွင် အသားပေးဖော်ပြထားသည်။ ပူးတွဲပါကူပွန်ကိုဖြည့်ကာ ကူပွန်တွင်ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ဖော်ပြထားသော သင့်လျော်ရာလိပ်စာတစ်ခုသို့ စာတိုက်မှပို့ခြင်းဖြင့် ဘရိုရှာတစ်စောင်ကို သင်တောင်းခံနိုင်ပါသည်။။
□ လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာတစ်စောင်ကို မေတ္တာလက်ဆောင် ရရှိလိုပါသည်။
□ အခမဲ့အိမ်တွင်း ကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။