‘စမ်းသပ်လုပ်ဆောင်မှု ရှုံးနိမ့်ခဲ့’
‘စမ်းသပ်လုပ်ဆောင်မှု ရှုံးနိမ့်ခဲ့’
ကမ္ဘာ့ရွာကြီးအဖြစ်သို့ လျင်မြန်စွာ ကျဉ်းသွားလျက်ရှိသော ဤကမ္ဘာတွင် ချမ်းသာသူနှင့် မရှိဆင်းရဲသားတို့၏ကွာဟမှုမှာ ကြီးမားသည်ထက်ကြီးမားလာသည်။ ကမ္ဘာ့စီးပွားရေးစနစ်တစ်ခု တည်ဆောက်ရေး ကြိုးပမ်းချက်များနှင့်ပတ်သက်၍ မှတ်ချက်ချရာတွင် အပြည်ပြည်ဆိုင်ရာ လှုပ်ရှားပြောင်းလဲရေးအုပ်စုတစ်ခုက ဤသို့ဖော်ပြထား၏– “ဤနှစ် ၅၀ ကြာစမ်းသပ်လုပ်ဆောင်မှုပြီးနောက် ယင်းသည် ပြိုကွဲလျက်ရှိသည်။ လူသားအားလုံး စီးပွားရေးရာအကျိုးကျေးဇူးများ ခံစားရမည့်အစား ကမ္ဘာဂြိုဟ်ကို ပတ်ဝန်းကျင်ကပ်ဆိုက်မှု၊ မကြုံစဖူးသော လူမှုရေးဆူပူအုံကြွမှု၊ နိုင်ငံအများစု၏ စီးပွားရေးဖရိုဖရဲဖြစ်မှုများ၊ ဆင်းရဲနွမ်းပါးမှုတိုးများလာခြင်း၊ ငတ်မွတ်မှု၊ မြေယာမဲ့ဖြစ်မှု၊ ဒေသပြောင်းရွှေ့မှုနှင့် လူမှုရေးကမောက်ကမဖြစ်မှုတို့၏ ကျင်းနှုတ်ခမ်းဝသို့ရောက်စေမည်။ ယခု ဤစမ်းသပ်လုပ်ဆောင်မှုကို ရှုံးနိမ့်သည်ဟု ဆိုရပေတော့မည်။”
အဘယ်အရာ ချွတ်ချော်သွား၍နည်း။ လူသည် တစ်ကိုယ်ကောင်းဆန်လာပြီဆိုလျှင် သူတစ်ပါးအတွက် အန္တရာယ်ဖြစ်လာဖို့အကြောင်းများသည်။ ငွေကြေးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူ ဂျော့ဂ်ျ စိုရို့စ်ကို ဤသို့ဖော်ပြသည်– “ငွေကြေးဈေးကွက်များကြောင့် လူသားများ (လုပ်သား)၊ သဘာဝ (မြေ) အပါအဝင် အရာခပ်သိမ်းသည် ရောင်းဝယ်ကုန်ပစ္စည်းများအဖြစ်မျှသာ ရောက်သွားလေပြီ။” လူ့မစုံလင်မှုကြောင့်လည်းပါသည်။ အတွေးအခေါ်ပညာရှင် ကားလ်ပေါ့ပါ၏အယူအဆကို သံယောင်လိုက်ပြီး စိုရို့စ်က ဤသို့ဆိုသည်– “ကျွန်ုပ်တို့၏သိနားလည်မှုသည် ပင်ကိုမစုံလင်မှုဖြစ်နေပြီ; ခြွင်းချက်မရှိသောအမှန်တရား၊ စုံလင်သောလူ့ဘောင်ဖန်တီးရေးမှာ ကျွန်ုပ်တို့လက်လှမ်းမမီနိုင်ရာဖြစ်သည်။”
စီးပွားရေးမညီမျှမှုတို့ မှာ အသစ်အဆန်းမဟုတ်ချေ။ ခရစ်တော်မတိုင်မီ အဋ္ဌမရာစုမှ သမ္မာကျမ်းစာရေးသူတစ်ဦးက “ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်စက်” သူတို့အကြောင်း ပြောဆိုခဲ့သည်။ (အာမုတ် ၄:၁) အလားတူ မတရားမှုများကို သတိပြုပြီးနောက် လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ခန့်မှ ရှေးခေတ် နိုင်ငံ့ခေါင်းဆောင်တစ်ဦးက ဤသို့ဆိုခဲ့သည်– “လူသည် တစ်ဦးပေါ်တစ်ဦး အကျိုးနစ်နာအောင် အုပ်စိုးလာခဲ့ကြ၏။”—ဒေ. ၈:၉၊ ကဘ။
ဖြေရှင်းချက်ကား အဘယ်နည်း။ လူ့အကျိုးဆောင်များသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကြီးမားလှသောစီးပွားရေးမညီမျှမှုများကို ဖြေရှင်းပေးနိုင်မည်လော။ “ငြိမ်းချမ်းရေးထိန်းသိမ်းထားရေးကိုမဆိုဘဲ တစ်ဦးစီ၏လွတ်လပ်မှုများ၊ လူ့အခွင့်အရေးများ၊ ပတ်ဝန်းကျင်ကာကွယ်ရေးအတွက်နှင့် လူမှုရေးတရားမျှတမှု တိုးပွားစေရေးတို့အတွက် ကျွန်ုပ်တို့တွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ အလုံအလောက်မရှိသေးပါ။ ကျွန်ုပ်တို့ ၌ရှိသော အဖွဲ့အစည်းအတော်များများသည် အများအကျိုးထက် မိမိတို့၏အကျိုးကိုသာ ရှေးရှုတတ်ကြသည်။ ယူအဲန်သည် ယင်း၏ပဋိညာဉ်စာတမ်းပါ ကတိများကို အခြေခံဥပဒေနှင့်အညီ ဖြည့်ဆည်းပေးနိုင်စွမ်းမရှိချေ” ဟု စိုရို့စ်ကဆိုသည်။
ကျွန်ုပ်တို့စိတ်ပျက်သင့်သလော။ မပျက်သင့်ပါ။ ဖြောင့်မတ်သော ကမ္ဘာ့အစိုးရတစ်ခုသည် လက်တစ်ကမ်းတွင် ရှိနေပြီ! ယင်းသည် ယေရှုဟောပြောသည့် အဓိကအကြောင်းဖြစ်၏။ ကိုယ်တော်က ယင်းကို “ဘုရားသခင့်နိုင်ငံတော်” ဟုခေါ်ပြီး ယင်းအတွက် ဆုတောင်းကြရန် မိမိနောက်လိုက်များအား သင်ကြားပေးခဲ့သည်။ (လုကာ ၁၁:၂; ၂၁:၃၁) ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်တွင် တည်ထောင်ပြီးဖြစ်ရာ များမကြာမီ ဤမြေကြီးပေါ်ရှိ မတရားမှုအားလုံးကို ဖယ်ရှားပစ်တော့မည်။ (ဗျာ. ၁၁:၁၅၊ ၁၈) ယာယီစမ်းသပ်အုပ်ချုပ်မှုမျိုးမဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်သည် ထာဝစဉ်တည်တံ့သွားမည်။ (ဒံယေလ ၂:၄၄၊ ၄၅) ယင်းက ဆင်းရဲနွမ်းပါးမှုနှင့် ဖိစီးမှုပြဿနာများကို ထာဝစဉ်ဖြေရှင်းပေးမည်။ ဆင်းရဲသူ၊ ဖိစီးခံရသူ—အမှန်ပင် လူတိုင်းအတွက်—ထူးမြတ်လှသည့် မျှော်လင့်ချက်ပါတကား!
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစနစ်သည် ဆင်းရဲမှုပြဿနာများကို ဖြေရှင်းမပေးချေ—ဘီလီယံနှင့်ချီသော လူတို့သည် အိမ်တွင်း ရေပိုက်သွယ်တန်းမှုစနစ် သို့မဟုတ် လျှပ်စစ်မီးမရှိဘဲ နေထိုင်နေကြရဆဲဖြစ်