လိုအပ်နေသူတွေကို ကူညီပေးသူတွေ ခံစားရမယ့် ကောင်းချီးများ
ကမ္ဘာတစ်ဝန်းက လူတွေဟာ အစားအသောက်နဲ့ နေစရာတွေ လိုအပ်နေတယ်။ တချို့ကတော့ အနာဂတ် မျှော်လင့်ချက်လောက်ပဲ လိုအပ်ကြတယ်။ အဲဒီလိုလူတွေကို ကူညီပေးတာက ဘာကြောင့် ဘုရားသခင့် ကောင်းချီး ခံစားရစေသလဲ။
သမ္မာကျမ်းစာ အဆို
“နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။ သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်။”—ပညာအလိမ္မာ ၁၉:၁၇။
လိုအပ်နေသူတွေကို ကူညီပေးခြင်းဆိုတာ
ဓားပြတိုက်ခံရပြီး သေလုမျောပါး ဖြစ်နေတဲ့ လူတစ်ယောက်အကြောင်း ပုံဥပမာကို ယေရှု ပြောပြခဲ့တယ်။ (လုကာ ၁၀:၂၉-၃၇) ကူညီပေးတတ်တဲ့ သူစိမ်းတစ်ယောက်က အဲဒီလူကို ဂရုစိုက် ကုသပေးခဲ့တယ်။ လူမျိုး မတူပေမဲ့ အဲဒီလိုလုပ်ပေးခဲ့တယ်။
ကြင်နာတတ်သူက ဒဏ်ရာရနေသူကို အရေးပေါ် ကုသမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပဲ ပေးခဲ့တာ မဟုတ်ဘူး။ စိတ်သက်သာရာ ရအောင် နှစ်သိမ့်ပေးခဲ့တယ်။
ဒီပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ဟာ အကူအညီ လိုအပ်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးသင့်တယ်ဆိုတာ သင်ယူရပါတယ်။ (ပညာအလိမ္မာ ၁၄:၃၁) မကြာခင် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဖယ်ရှားပေးတော့မယ်လို့ သမ္မာကျမ်းစာ ပြောထားတယ်။ ဒါဆိုရင် ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဘုရား ဖယ်ရှားပေးမလဲလို့ စဉ်းစားမိနိုင်တယ်။ မေတ္တာရှိတဲ့ ဖန်ဆင်းရှင် ပြင်ဆင်ထားတဲ့ အနာဂတ်ကောင်းချီးတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။