သမ္မာကျမ်းစာ သွန်သင်ရာ
လူသေရင် ဘာဖြစ်သွားမလဲ
လူတချို့ ယုံကြည်ရာ သေသွားရင် တခြားဘဝမှာ ဆက်အသက်ရှင်နေတယ်လို့ ယုံသူတွေရှိသလို၊ သေခြင်းဆိုတာ အရာအားလုံးရဲ့နိဂုံးဖြစ်တယ်လို့ ယုံကြည်သူတွေလည်းရှိတယ်။ သင်ကော ဘယ်လိုယုံကြည်ပါသလဲ။
သမ္မာကျမ်းစာ သွန်သင်ရာ
“သေသောသူမူကား အဘယ်အရာကိုမျှမသိ။” (ဒေသနာ ၉:၅) ကျွန်ုပ်တို့ သေဆုံးသွားတဲ့အခါ ဘာမှ မတည်ရှိတော့ပါဘူး။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
ဦးဆုံးလူသားအာဒံ သေဆုံးသွားတဲ့အခါ မြေမှုန့်ပြန်ဖြစ်သွားတယ်။ (ကမ္ဘာဦး ၂:၇; ၃:၁၉) အဲဒီလိုပဲ သေဆုံးသွားသူအားလုံးဟာ မြေမှုန့်ပြန်ဖြစ်သွားပါတယ်။—ဒေသနာ ၃:၁၉၊ ၂၀။
သေဆုံးသွားသူတွေဟာ သူတို့လုပ်ခဲ့တဲ့ အပြစ်ကနေလွတ်မြောက် သွားတယ်။ (ရောမ ၆:၇) ဒါကြောင့် လူတစ်ဦးသေဆုံးသွားပြီးနောက် သူ့အပြစ်အတွက် ပြစ်ဒဏ်မခံရပါဘူး။
သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာနိုင်မလား
သင်ဘယ်လို ထင်သလဲ
ပြန်ရှင်မယ်
ပြန်မရှင်ဘူး
ပြန်ရှင်ကောင်း ရှင်နိုင်တယ်
သမ္မာကျမ်းစာ သွန်သင်ရာ
“သေခြင်းမှ ရှင်ပြန်ထမြောက်ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅၊ ခမ။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
ကျမ်းစာမှာ သေခြင်းကို အိပ်ပျော်ခြင်းနဲ့ နှိုင်းယှဉ်ထားတယ်။ (ယောဟန် ၁၁:၁၁-၁၄) အိပ်ပျော်နေသူကို ကျွန်ုပ်တို့ နှိုးနိုင်သလို သေဆုံးသွားသူတွေကို ဘုရားသခင် အသက်ပြန်ရှင်စေနိုင်တယ်။—ယောဘ ၁၄:၁၃-၁၅။
သေလွန်သူတချို့ အသက်ပြန်ရှင်ခဲ့ကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဒီမှတ်တမ်းတွေက သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာမယ်ဆိုတာ ယုံကြည်နိုင်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ဖြစ်တယ်။—၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၄; လုကာ ၇:၁၁-၁၇; ယောဟန် ၁၁:၃၉-၄၄။