စိတ်တိုက်ပွဲမှာ အောင်ပွဲခံခြင်း
သင့်ကို တိုက်ခိုက်နေပြီ။ ရန်သူတော်ကြီး စာတန်က အလွန်အစွမ်းထက်တဲ့လက်နက်နဲ့ တိုက်ခိုက်နေတယ်။ ဘာလက်နက်ပါလိမ့်။ ဝါဒဖြန့်ခြင်းလက်နက်။ ခန္ဓာကိုယ်ကို မဟုတ်ဘဲ စိတ်ကို တိုက်ခိုက်ဖို့ အထူးဖန်တီးထားတဲ့ လက်နက်ပဲ။
စာတန့်ဝါဒဖြန့်မှုက အန္တရာယ်ရှိကြောင်း တမန်တော် ပေါလု သိထားပေမဲ့ ခရစ်ယာန်အားလုံးတော့ အဲဒီအန္တရာယ်ကို သတိမပြုမိကြဘူး။ ဥပမာ၊ ကောရိန္သု ခရစ်ယာန်တချို့ဟာ ဘယ်တော့မှ မလဲနိုင်ဘူး၊ အမှန်တရားမှာ အလွန်ခိုင်မြဲနေပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု လွန်ကဲခဲ့ကြပုံရတယ်။ (၁ ကော. ၁၀:၁၂) ဒါကြောင့် “မြွေက ဧဝကို ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားခဲ့သလို ခရစ်တော်ကိုပဲ ပေးထိုက်တဲ့ ခင်ဗျားတို့ရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ကို တစ်ယောက်ယောက်က ယိုယွင်းအောင်လုပ်လိုက်မှာ ကျွန်တော် စိုးရိမ်နေတယ်” လို့ ပေါလု သတိပေးခဲ့တယ်။—၂ ကော. ၁၁:၃။
ကိုယ့်ကိုယ်ကိုယ် ကျေနပ်မနေဖို့ ပေါလု အလေးအနက် သတိပေးခဲ့တယ်။ စိတ်တိုက်ပွဲမှာ အောင်ပွဲခံဖို့ ဝါဒဖြန့်မှုက ဘယ်လောက် အန္တရာယ် များသလဲဆိုတာ သိအောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။
ဝါဒဖြန့်မှု ဘယ်လောက် အန္တရာယ်များသလဲ
ဝါဒဖြန့်မှုဆိုတာ ဘာလဲ။ လူတွေရဲ့ အတွေးအခေါ်၊ လုပ်ရပ်ကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့ ဘက်လိုက်တဲ့၊ လွဲမှားတဲ့ အချက်အလက်တွေ ဖြစ်တယ်။ ဝါဒဖြန့်မှုကို “မုသား၊ လိုရာဆွဲပြောခြင်း၊ လှည့်စားခြင်း၊ ကြိုးကိုင်ချယ်လှယ်ခြင်း၊ စိတ်ကို ထိန်းချုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲ” နဲ့ တန်းတူထားကြတယ်။ “လူ့ကျင့်ဝတ်နဲ့ မညီတဲ့၊ ထိခိုက်နစ်နာစေတဲ့၊ မတရားတဲ့ နည်းပရိယာယ်” နဲ့ဆက်စပ်ကြတယ်။—Propaganda and Persuasion
ဝါဒဖြန့်ခြင်းက ဘယ်လောက် အန္တရာယ်များသလဲ။ အဲဒါက အနံ့အသက်၊ အရောင်အဆင်း မရှိတဲ့ အဆိပ်ငွေ့နဲ့ တူတယ်။ သိစိတ်ထဲ စိမ့်ဝင်တတ်တယ်။ ဝါဒဖြန့်မှုဆိုတာ ဘာမှန်းမသိလို့ “လူများစွာဟာ မသိလိုက်ဘဲ လွှမ်းမိုးချုပ်ကိုင်ချယ်လှယ်ခံရတယ်” လို့ အမူအကျင့်ဆိုင်ရာ ပညာရှင်
ဗန်စ် ပက္ကတ် ပြောတယ်။ ဝါဒဖြန့်မှုရဲ့ လွှမ်းမိုးမှုကြောင့် အမျိုးသား/သမီးတွေဟာ “မျိုးဖြုတ်သတ်ဖြတ်မှု၊ စစ်မှု၊ လူမျိုးရေး မုန်းတီမှု၊ ဘာသာရေး အမြင်ကျဉ်းမှု၊ တခြားမူမမှန်တဲ့ အပြုအမူ စတဲ့ အန္တရာယ်များတဲ့ လုပ်ရပ်တွေကို လုပ်ကြတယ်” လို့ ပညာရှင်တစ်ယောက်က ဆိုတယ်။—Easily Led—A History of Propagandaလူတွေရဲ့ ဝါဒဖြန့်မှုကတောင် ဒီလောက်လှည့်စားနိုင်တယ်ဆိုရင် စာတန်ကော ဘာလုပ်နိုင်သလဲ။ လူကို စဖန်ဆင်းကတည်းက လူ့အပြုအမူကို စာတန် လေ့လာခဲ့ပြီ။ အခု “တစ်လောကလုံး” စာတန့်ဩဇာအောက်မှာ ရှိနေတယ်။ လောကရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို သုံးပြီး မုသားတွေ ဖြန့်နိုင်တယ်။ (၁ ယော. ၅:၁၉။ ယော. ၈:၄၄) ဒါကြောင့် ‘လူတွေရဲ့ ဉာဏ်မျက်စိကို ကွယ်စေ’ ရာမှာ အလွန်အောင်မြင်နေပြီး “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတယ်။ (၂ ကော. ၄:၄။ ဗျာ. ၁၂:၉) စာတန့်ဝါဒဖြန့်မှုကို ဘယ်လို တွန်းလှန်နိုင်သလဲ။
ယုံကြည်ခြင်းကို ခိုင်ခံ့စေပါ
ဝါဒဖြန့်မှုကို တန်ပြန်တိုက်လှန်ဖို့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခု ယေရှု ပေးခဲ့တယ်– ‘အမှန်တရားကို သိပါ။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်။’ (ယော. ၈:၃၁၊ ၃၂) စစ်ပွဲတစ်ခုမှာ ရန်သူက လှည့်စားဖို့ မုသားတွေ ဖြန့်နိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ဘယ်ကနေ ရနိုင်ကြောင်း စစ်သားတစ်ယောက် သိထားဖို့ လိုတယ်။ ဒါဆိုရင် ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ ဘယ်ကနေ ရနိုင်သလဲ။ ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ စာတန့်ဝါဒဖြန့်မှုကို တိုက်လှန်ဖို့ လိုအပ်တဲ့အချက်အားလုံး ကျမ်းစာမှာ တွေ့နိုင်တယ်။—၂ တိ. ၃:၁၆၊ ၁၇။
ဒါကို ဝါဒဖြန့်သူကြီး စာတန်လည်း သိထားတယ်။ ဒါကြောင့် ကျမ်းစာဖတ်ရှုလေ့လာခြင်း အားနည်းသွားအောင် ဒီလောကစနစ်ကို သုံးနေတယ်။ စာတန့်ဉာဏ်နီဉာဏ်နက်ထဲ အရောက်မခံပါနဲ့။ (ဧ. ၆:၁၁) အမှန်တရားကို “ပြည့်ပြည့်ဝဝ နှံ့နှံ့စပ်စပ် နားလည်” ပါ။ (ဧ. ၃:၁၈) အဲဒီအတွက် ကြိုးစားအားထုတ်ရမယ်။ စာရေးဆရာ နွမ် ချွမ်စကီး ပြောတဲ့အချက်ကို သတိရပါ– “သင့်ဦးနှောက်ထဲကို ဘယ်သူမှ အမှန်တရား လောင်းမထည့်ပေးဘူး။ ကိုယ်တိုင် ရှာဖွေရမယ်။” ဒါကြောင့် ဝီရိယရှိရှိ “ကျမ်းစာကို နေ့တိုင်း အသေအချာ ဆန်းစစ်” ခြင်းအားဖြင့် “ကိုယ်တိုင် ရှာဖွေပါ။”—တ. ၁၇:၁၁။
ရှင်းရှင်းလင်းလင်း တွေးခေါ်တတ်ဖို့၊ မှန်မှန်ကန်ကန် ဆင်ခြင်တတ်ဖို့ စာတန် အလိုမရှိဘူးဆိုတာ မှတ်ထားပါ။ ဘာကြောင့်လဲ။ “လူတွေ . . . ချင့်ချိန်တွေးဆမှု အားနည်းရင် ပညာ. ၁၄:၁၅) ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ဘုရားပေးထားတဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပါ။—ပညာ. ၂:၁၀-၁၅။ ရော. ၁၂:၁၊ ၂။
ဝါဒဖြန့်မှုက အစွမ်းအထက်ဆုံးလက်နက် ဖြစ်ပုံရတယ်။” (Media and Society in the Twentieth Century) ဒါကြောင့် ကြားတာကို မစဉ်းစားမဆင်ခြင်ဘဲ အရမ်းကာရော လက်မခံပါနဲ့။ (ဖြိုခွဲအနိုင်ယူမယ့်အကြံကို သတိပြုပါ
စစ်ပရိယာယ် ကျွမ်းကျင်သူတွေက စိတ်ဓာတ် ကျသွားအောင်၊ တိုက်ခိုက်လိုစိတ် အားနည်းသွားအောင် ဝါဒဖြန့်မှုကို အသုံးပြုနိုင်တယ်။ စစ်သားအချင်းချင်း ပြန်တိုက်အောင် သွေးထိုးတာ၊ တပ်မကြီးနဲ့ ခွဲထုတ်ဖို့ လှည့်စားတာမျိုး လုပ်တတ်တယ်။ “မြွေက ယုန်ကို ညှို့ထားသလို ရန်သူ့ဝါဒဖြန့်မှုက လူတွေကို ညှို့ထားတယ်” လို့ ပထမကမ္ဘာစစ်မှာ ၡုံးနိမ့်ရတဲ့အကြောင်းရင်းတစ်ခုနဲ့ပတ်သက်ပြီး ဂျာမန်ဗိုလ်ချုပ်တစ်ယောက်က ပြောတယ်။ စာတန်လည်း ဖြိုခွဲအနိုင်ယူမယ့် လှည့်ကွက်ကို သုံးတယ်။ ဥပမာ၊ ခရစ်ယာန် ညီအစ်ကို/မအချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်တယ်။ မမျှတဘူးဆိုတဲ့ ယူဆချက်၊ နာကြည်းချက်ကြောင့် အဖွဲ့အစည်းကနေ ခွဲထွက်သွားအောင် လုပ်တယ်။
လှည့်ဖြားမခံပါနဲ့။ ဘုရားစကားတော် လမ်းညွှန်မှုကို ခံယူပါ။ ဥပမာ၊ ညီအစ်ကို/မတွေနဲ့ စည်းစည်းလုံးလုံး ရှိနေဖို့ “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” နေပါ၊ အငြင်းပွားမှုတွေကို ချက်ချင်း ဖြေရှင်းပါလို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (ကော. ၃:၁၃၊ ၁၄။ မ. ၅:၂၃၊ ၂၄) အသင်းတော်ကနေ ခွဲထွက်ပြီး တစ်သီးတခြား မနေဖို့ အလေးအနက် သတိပေးတယ်။ (ပညာ. ၁၈:၁) စာတန့်ဝါဒဖြန့်မှုကို တွန်းလှန်ဖို့ အသေအချာ ပြင်ဆင်ထားပါ။ ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ညီအစ်ကိုတွေ ငါ့ကို စိတ်ဆိုးအောင်လုပ်တဲ့ နောက်ဆုံးတစ်ခေါက်က ငါဘယ်လို တုံ့ပြန်ခဲ့သလဲ။ ဘုရားနှစ်သက်တဲ့နည်းနဲ့လား။ စာတန် နှစ်သက်တဲ့နည်းနဲ့လား။’—ဂလ. ၅:၁၆-၂၆။ ဧ. ၂:၂၊ ၃။
ယုံကြည်စိတ်ချမှု မပျောက်ဆုံးပါစေနဲ့
ခေါင်းဆောင်အပေါ် သစ္စာစောင့်သိမှု အားနည်းသွားတဲ့ စစ်သားတစ်ယောက်ဟာ ကောင်းကောင်း မတိုက်ခိုက်တော့ဘူး။ ဒါကြောင့် ဝါဒဖြန့်သူတွေက စစ်သားနဲ့ ခေါင်းဆောင်ကြားက ယုံကြည်စိတ်ချမှုကို ချိုးဖျက်ဖို့ ကြံစည်ကြတယ်။ ဒီလိုဝါဒဖြန့်နိုင်တယ်– “ခင်ဗျားရဲ့ ခေါင်းဆောင်တွေကို မယုံနဲ့။ သူတို့ကြောင့် ဒုက္ခအရောက်မခံနဲ့။” သူတို့ရဲ့စကား ပိုအလေးစီးစေဖို့ ခေါင်းဆောင်တွေရဲ့ အမှားတွေကို လိမ္မာပါးနပ်စွာ အသုံးချနိုင်တယ်။ စာတန်လည်း အဲဒီလိုပဲ။ ယေဟောဝါ ဦးဆောင်စေတဲ့သူတွေအပေါ် ယုံကြည်စိတ်ချမှု လျော့နည်းသွားအောင် မလျှော့တမ်း ကြိုးစားနေတယ်။
၁ သက်. ၅:၁၂၊ ၁၃) အယူဖောက်ပြန်သူတွေ၊ လှည့်စားသူတွေရဲ့ တိုက်ခိုက်မှုကြောင့် “စိတ်လှုပ်ရှားပြီး ခင်ဗျားတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း အလွယ်တကူ ပျောက်ဆုံးသွားတာမျိုး” မဖြစ်ပါစေနဲ့။ (၂ သက်. ၂:၂။ တိ. ၁:၁၀) လူငယ် တိမောသေကို ပေးခဲ့တဲ့ အကြံဉာဏ်ကို လိုက်နာပါ။ လေ့လာသိရှိခဲ့တဲ့ အမှန်တရားကို ကိုင်စွဲထားပါ။ ဘယ်က သင်ယူခဲ့သလဲဆိုတာ သတိရပါ။ (၂ တိ. ၃:၁၄၊ ၁၅) အမှန်တရားလမ်းစဉ်မှာ ဦးဆောင်စေဖို့ အနှစ်တစ်ရာနီးပါး ယေဟောဝါ အသုံးပြုနေတဲ့ လမ်းကြောင်းကို ယုံကြည်စိတ်ချနိုင်တဲ့ အထောက်အထားများစွာ ရှိပါတယ်။—မ. ၂၄:၄၅-၄၇။ ဟီ. ၁၃:၇၊ ၁၇။
ဘယ်လို ကာကွယ်မလဲ။ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ တွယ်ကပ်နေဖို့ ဆုံးဖြတ်ထားပါ။ ဘယ်လို အားနည်းချက်မျိုးပဲ တွေ့ပါစေ ဘုရားသခင် ဦးဆောင်စေသူတွေကို သစ္စာရှိရှိ ထောက်မပါ။ (ခြောက်လှန့်မှုတွေကို မကြောက်ပါနဲ့
စာတန့်ဝါဒဖြန့်မှုက အမြဲသိမ်မွေ့နေမှာ မဟုတ်ကြောင်း မှတ်ထားပါ။ တစ်ခါတလေ “ရှေးအကျဆုံး ဝါဒဖြန့်နည်းတစ်ခု ဖြစ်တဲ့” ခြောက်လှန့်တဲ့နည်းတွေကို အသုံးပြုတယ်။ (Easily Led—A History of Propaganda) ဥပမာ၊ အဆီးရီးယားတွေက “ဝါဒဖြန့်မှုနဲ့ ခြောက်လှန့်တဲ့နည်းကို တွဲသုံးပြီး” ရန်သူတွေကို လွှမ်းမိုးတယ်လို့ ဗြိတိသျှပညာရှင် ဖိလစ် အမ် တေလာ ပြောတယ်။ ယေဟောဝါ အမှုဆောင်ခြင်းကနေ နောက်ဆုတ်သွားအောင် လူကို ကြောက်ခြင်း၊ နှိပ်စက်ခံရမှာ ကြောက်ခြင်း၊ သေရမှာ ကြောက်ခြင်း၊ တခြားမသင့်တော်တဲ့ ကြောက်ခြင်းတို့ကို စာတန် သုံးမယ်။—ဟေရှာ. ၈:၁၂။ ယေ. ၄၂:၁၁။ ဟီ. ၂:၁၅။
ကြောက်စိတ်ကြောင့် သင့်စိတ်ဓာတ်ကို ချည့်နဲ့သွားအောင်၊ သမာဓိ ချိုးဖျက်အောင် လုပ်ဖို့ စာတန်ကို ခွင့်မပေးပါနဲ့။ “ကိုယ်ခန္ဓာကို သတ်ရုံကလွဲလို့ ဘာမှမလုပ်နိုင်တဲ့လူတွေကို မကြောက်ပါနဲ့” လို့ ယေရှု ပြောခဲ့တယ်။ (လု. ၁၂:၄) သင့်ကို ဂရုစိုက်ကြည့်နေတယ်၊ “သာမန်ထက် ထူးကဲတဲ့တန်ခိုး” ပေးမယ်၊ အညံ့ခံအၡုံးပေးစေမယ့် ဘယ်ခြောက်လှန့်မှုကိုမဆို ခံရပ်နိုင်အောင် ကူညီပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို အပြည့်အဝ ယုံကြည်စိတ်ချပါ။—၂ ကော. ၄:၇-၉။ ၁ ပေ. ၃:၁၄။
ကြောက်လန့်စေတဲ့၊ စိတ်ဓာတ် ချည့်နဲ့စေတဲ့ဖြစ်ရပ်တွေ ကြုံတွေ့ရနိုင်တယ်။ ယောရှုကို ယေဟောဝါ အားပေးခဲ့တဲ့စကားကို သတိရပါ– “ရဲစွမ်းသတ္တိရှိပါ . . . မကြောက်ပါနဲ့။ မင်းရဲ့ဘုရားသခင် ယေဟောဝါဟာ မင်းသွားလေရာမှာ အတူရှိနေမယ်။” (ယောရှု ၁:၉) စိုးရိမ်ပူပန်တဲ့အခါ ယေဟောဝါဆီ ချက်ချင်း ဆုတောင်းပြီး သင့်စိုးရိမ်သောကအားလုံးကို ပြောပြပါ။ “ဘုရားသခင့် ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး” မယ်ဆိုတာ စိတ်ချပါ။ ဒါဆိုရင် စာတန့်ဝါဒဖြန့်မှုကို တွန်းလှန်ဖို့ ခွန်အား ရပါလိမ့်မယ်။—ဖိ. ၄:၆၊ ၇၊ ၁၃။
ဘုရားလူမျိုးကို တိုက်ခိုက်တဲ့ အဆီးရီးယား တမန် ရာဗရှာခ အသုံးပြုခဲ့တဲ့ ဝါဒဖြန့်မှုကို သတိရပါ။ တကယ်တော့ ‘ဘာကမှ အဆီးရီးယားလက်ကနေ ကာကွယ်မပေးနိုင်ဘူး။ မင်းတို့ရဲ့ဘုရား ယေဟောဝါကတောင် ဘာမှ မတတ်နိုင်ဘူး’ လို့ပြောနေသလိုပါပဲ။ ‘ဒီပြည်ကို ဖျက်ဆီးပါလို့ ငါတို့ကို ယေဟောဝါကိုယ်တိုင် မိန့်မှာထားတာ’ လို့ အတင့်ရဲစွာ ထပ်ပြောတယ်။ ဒါနဲ့ ယေဟောဝါက “ငါ့ကို အဆီးရီးယားဘုရင်ရဲ့ မင်းမှုထမ်းတွေ စော်ကားပြောဆိုနေတာကို ကြားရလို့ ကြောက်မနေနဲ့” လို့ပြန်ပြောတယ်။ (၂ ဘု. ၁၈:၂၂-၂၅။ ၁၉:၆) ဘုရားက ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ပြီး တစ်ညတည်းမှာပဲ အဆီးရီးယားစစ်သည် ၁၈၅,၀၀၀ ကို ဖျက်ဆီးပစ်ခဲ့တယ်။—၂ ဘု. ၁၉:၃၅။
ပညာရှိပါ၊ ယေဟောဝါ ပြောတာကို အမြဲနားထောင်ပါ
တစ်ယောက်ယောက် လှည့်စားခံနေရတာကို ပရိသတ် သိနေရတဲ့ ရုပ်ရှင်မျိုး ကြည့်ဖူးသလား။ ‘မယုံနဲ့။ သူတို့ ညာနေတာ’ လို့ပြောလိုက်ချင်တယ် မဟုတ်လား။ “စာတန့်မုသားစကားတွေနဲ့ လှည့်စားမခံနဲ့” လို့ ကောင်းကင်တမန်တွေ အော်ပြောနေတယ်လို့ မြင်ယောင်ကြည့်ပါ။
စာတန့်ဝါဒဖြန့်မှုကို နားမထောင်ပါနဲ့။ (ပညာ. ၂၆:၂၄၊ ၂၅) ယေဟောဝါ ပြောတာကို နားထောင်ပါ။ လုပ်ဆောင်သမျှမှာ ယေဟောဝါကို ယုံကြည်စိတ်ချပါ။ (ပညာ. ၃:၅-၇) “ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ” ဆိုတဲ့ မေတ္တာရပ်ခံချက်ကို တုံ့ပြန်ပါ။ (ပညာ. ၂၇:၁၁) ဒါဆိုရင် စိတ်တိုက်ပွဲမှာ အောင်ပွဲခံနိုင်ပါလိမ့်မယ်။