လေ့လာစရာ အကြံပြုလွှာ
“ဓမ္မသီချင်းတွေ” အလွတ်ကျက်ပါ
“စိတ်သိပ်မကြည်တဲ့ နေ့တွေမှာ JW ရုပ်သံထုတ်လွှင့်မှုမှာ ပါတဲ့ သီချင်းတွေကတစ်ဆင့် ကျွန်မကို ယေဟောဝါ အားပေးတယ်။”—လော်ရိန်း၊ အမေရိကန် ပြည်ထောင်စု။
ဘုရားကို ချီးမွမ်းဖို့ ခရစ်ယာန်တွေ “ဓမ္မသီချင်း” ဆိုကြတယ်။ (ကော. ၃:၁၆) အလွတ်ရထားရင် သီချင်းစာအုပ် မရှိချိန်၊ အီလက်ထရောနစ်ပစ္စည်း မရှိချိန်မှာတောင် အဆင်ပြေတယ်။ သီချင်း အလွတ် မှတ်မိဖို့ ဒီနည်းတွေ စမ်းကြည့်ပါ။
အဓိပ္ပာယ် နားလည်အောင် စာသားတွေ သေသေချာချာ ဖတ်ပါ။ အဓိပ္ပာယ် နားလည်ရင် မှတ်မိဖို့ လွယ်တယ်။ မူရင်းသီချင်း ဖြစ်ဖြစ်၊ ကလေးတွေအတွက် သီချင်း ဖြစ်ဖြစ် စာသားတွေ jw.org မှာ ရှိတယ်။ စာကြည့်တိုက် အပိုင်းအောက်က တေးဂီတမှာ ကြည့်ပါ။
စာရွက်မှာ စာသားတွေ ချရေးပါ။ ချရေးတာက ပိုမှတ်မိစေတယ်။—တရား. ၁၇:၁၈။
အသံထွက် လေ့ကျင့်ပါ။ သီချင်းကို အခေါက်ခေါက် အခါခါ ဖတ်ပါ။ ဆိုပါ။
ဘယ်လောက် မှတ်မိသလဲ ပြန်စစ်ပါ။ စာသား မကြည့်ဘဲ အလွတ် မှတ်မိနေအောင် လုပ်ပါ။ ဘယ်လောက် မှတ်မိသလဲ ပြန်စစ်ပါ။