ကင်းမျှော်စင်—လေ့လာရန် စာစောင် ဇွန် ၂၀၁၉

ဒီစာစောင်မှာ ၂၀၁၉၊ ဩဂုတ် ၅ ကနေ စက်တင်ဘာ ၁ အထိ လေ့လာရန် ဆောင်းပါးတွေ ပါတယ်

“ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ”

လူတွေကို လှည့်စားရာမှာ စာတန် အလွန်ကျွမ်းကျင်တယ်။ ကျွန်တော်တို့ကို ဩဇာလွှမ်းမိုးဖို့၊ ယေဟောဝါနဲ့ ဝေးသွားစေဖို့ သူ ဘယ်လို ကြိုးစားနေသလဲ။

ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရဖို့ တားဆီးနေတဲ့ အယူအဆတွေကို ဖြိုဖျက်ပါ

နောက်ခံ၊ ယဉ်ကျေးမှု၊ ပညာရေးက ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ဩဇာလွှမ်းမိုးထားတယ်။ စိတ်ထဲမှာ ‘အခိုင်အမာ အမြစ်စွဲနေတဲ့’ မှားယွင်းတဲ့ သဘောထားတွေကို ဘယ်လို နုတ်ပစ်နိုင်မလဲ။

စိတ်ဖိစီးချိန်မှာ ယေဟောဝါကို အားကိုးပါ

အလွန်အကျွံ ဒါမှမဟုတ် ရေရှည် စိတ်ဖိစီးနေခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းကို အန္တရာယ် ဖြစ်စေနိုင်တယ်။ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းဖို့ မိမိရဲ့ ရှေးခေတ်ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ကူညီခဲ့ကြောင်း လေ့လာခြင်းကနေ ကျွန်တော်တို့ များစွာ သင်ယူနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တခြားသူတွေကို ကူညီပါ

လောတ၊ ယောဘ၊ နောမိတို့ဟာ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့ပေမဲ့ ဘဝမှာ ဖိစီးမှုတွေကို ခံရပ်ခဲ့ရတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကနေ ဘာသင်ယူနိုင်သလဲ။

စာတန့် ထောင်ချောက်ထဲ မကျအောင် ကာကွယ်နိုင်ပုံ

ညစ်ညမ်းရုပ်ပုံ ထောင်ချောက်ထဲ ဘုရားသခင့် ကျေးကျွန်များစွာ ကျရောက်နေတယ်။ ညစ်ညမ်းတဲ့ ဒီအကျင့်ကို ကျွန်တော်တို့ ဘယ်လို ရှောင်နိုင်မလဲ။

ရှေးဟောင်း ကျမ်းလိပ်ကို “ဖွင့်ကြည့်ခြင်း”

၁၉၇၀ မှာ ရှေးဟောင်းသုတေသီတွေဟာ အစ္စရေးနိုင်ငံမှာ မီးကျွမ်းနေတဲ့ ကျမ်းလိပ်တစ်လိပ်ကို တူးဖော်တွေ့ရှိခဲ့ကြတယ်။ သရီးဒီ ပုံရိပ်ဖော်စနစ်ရဲ့ အကူအညီကြောင့် ကျမ်းလိပ်ကို ‘ဖွင့်ကြည့်’ နိုင်ခဲ့ကြတယ်။ ကျမ်းလိပ်ထဲမှာ ဘာတွေ့ရသလဲ။