သီချင်း ၈၇
လာကြ၊ လန်းဆန်းမှု ရယူကြ
-
၁။ လမ်းချော်၊ ဇွတ်တရွတ်နိုင်၊ ထင်ရာစိုင်း လောက၊
ဘုရားရဲ့ နည်းလမ်း မသိကြ။
တို့ခြေလှမ်းများ တို့ဘာသာ မစောင့်ထိန်းနိုင်၊
စိတ်ချရတဲ့ လမ်းညွှန် လိုအပ်။
တို့ရဲ့အစည်းအဝေးများက တို့စိတ်ကို လန်းစေ၊
တောက်ပစေ တို့ရဲ့မျှော်လင့်ခြင်း။
ယုံကြည်ခြင်း တို့တည်ဆောက်ပြီး ကောင်းမှုပြုဖို့၊
ဆက်လျှောက်လှမ်းဖို့ အားအင်တွေပေး။
ယေဟောဝါအမိန့်တော်များ တို့မပစ်ပယ်၊
လုပ်ဆောင်လိုကြ အလိုတော်အား။
လမ်းမှန်ကို တို့အားညွှန်ပြ တို့အစည်းအဝေးများ၊
အမှန်တရား ချစ်စိတ်တိုးစေ။
-
၂။ ယေဟောဝါ ကောင်းစွာသိ တို့လိုအပ်ရာများ၊
တို့နားထောင်သင့် အကြံတော်များ။
တို့စုဝေးကြဖို့ အချိန်ဝယ်ယူခြင်းက
ဉာဏ်ပညာ ရှိကြောင်းကို ဖော်ပြ။
ဘုရားကြောက်သောယောက်ျားများ သွန်သင်ပေးလို့
ပြသနိုင် တို့ရဲ့ယုံကြည်ခြင်း။
ယုံကြည်ခြင်းမိသားစုက ထောက်မပေးလို့
ထီးတည်း တို့ဘယ်တော့မှ မဖြစ်။
ကောင်းမွန်လှသော အချိန်ကို တို့မျှော်စောင့်စဉ်၊
တို့ချစ်ရသူများနဲ့ စုဝေး။
တို့ရဲ့အစည်းအဝေးများမှာ ထက်ဉာဏ်ပညာဖြင့်
အသက်ရှင်နည်းကို တို့သိခွင့်ရ။
(ဆာ. ၃၇:၁၈။ ၁၄၀:၁။ ပညာ. ၁၈:၁။ ဧ. ၅:၁၆။ ယာ. ၃:၁၇ တို့ကိုလည်း ကြည့်ပါ။)