သီချင်း ၃၃
သင့်ရဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ
(ဆာလံ ၅၅)
-
၁။ ‘နားထောင်ပေးလှည့်ပါ’ ယေဟောဝါ။
ကိုယ်တော့်ကို တွေ့ခွင့်ပေးပါ။
ရင်မှာ သောက သိမှတ်ပေးပြီး
ကြောက်စိတ်ကင်းအောင် မစပါ။
(ထပ်ကျော့ပိုဒ်)
ဝန်ကို လွှဲအပ် ယေဟောဝါအား၊
ထောက်မကယ်တင်မှာကို စိတ်ချထား။
ကာကွယ်ပေးမှာ သင့်ကို အမြဲ။
ကိုယ်တော် သစ္စာရှိ၊ မှန်ကန်။
-
၂။ တောင်ပံရှိ ချိုးငှက်လို ဖြစ်ရင်
ဘေးကင်းရာ ပျံသန်းသွားမှာ၊
ကာကွယ်ပေးပါ မုန်းတီးသူနဲ့
ဒုက္ခပေးသူများ ရန်မှ။
(ထပ်ကျော့ပိုဒ်)
ဝန်ကို လွှဲအပ် ယေဟောဝါအား၊
ထောက်မကယ်တင်မှာကို စိတ်ချထား။
ကာကွယ်ပေးမှာ သင့်ကို အမြဲ။
ကိုယ်တော် သစ္စာရှိ၊ မှန်ကန်။
-
၃။ ရှင်ယေဟောဝါ နှစ်သိမ့်ပေးလို့
စိတ်ငြိမ်သက်မှု အမြဲရ။
ဝန်ကို ထမ်းဖို့ ကိုယ်တော်ကူမ။
မေတ္တာရှိ၊ ကြင်နာသနား။
(ထပ်ကျော့ပိုဒ်)
ဝန်ကို လွှဲအပ် ယေဟောဝါအား၊
ထောက်မကယ်တင်မှာကို စိတ်ချထား။
ကာကွယ်ပေးမှာ သင့်ကို အမြဲ။
ကိုယ်တော် သစ္စာရှိ၊ မှန်ကန်။