ဂျော်ဂျီယာ
ခုချိန်ထိ ဘယ်ရောက်နေတာလဲ
အာတာ ဂေရေခေလီယာ
-
မွေးဖွားတဲ့နှစ် ၁၉၅၆
-
နှစ်ခြင်းခံတဲ့နှစ် ၁၉၉၁
-
ကိုယ်ရေးမှတ်တမ်းအကျဉ်း နှစ်ခြင်းခံပြီး ရှစ်လအကြာမှာပဲ အိမ်နဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းကို စွန့်ပြီး ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ခဲ့တယ်။
ကျွန်တော် နှစ်ခြင်းခံပြီးတာနဲ့ အကြီးအကဲတွေက အမှုဆောင်လုပ်ငန်း မတိုးချဲ့ချင်ဘူးလားလို့ မေးကြတယ်။ ၁၉၉၂၊ မေလ ၄ ရက်နေ့မှာ ပိုလိုအပ်တဲ့နေရာတွေမှာ အမှုဆောင်မယ့်သူတွေအတွက် အထူးအစည်းအဝေးတစ်ခုကို ကျွန်တော် တက်ခဲ့တယ်။ နောက်တစ်နေ့မှာ ကျွန်တော်နဲ့ ကျွန်တော့်အမှုဆောင်တွဲဖက်တို့ဟာ အဇာရီယာဒေသ၊ ဘာတူမီကို ပြောင်းရွှေ့ခဲ့ကြတယ်။
ပထမဆုံးအကြိမ် ဘာတူမီမှာ ဟောရတာ ကျွန်တော် သိပ်ကြောက်တယ်။ ‘လူတွေကို ဘယ်လို ချဉ်းကပ်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ကျွန်တော် ပထမဆုံးတွေ့တဲ့ အမျိုးသမီးက “ခုချိန်ထိ ဘယ်ရောက်နေတာလဲ” လို့ပြောတော့ ကျွန်တော် အံ့ဩသွားတယ်။ သူက သက်သေခံတွေအကြောင်း သိပ်သိချင်နေလို့ နောင်တစ်နေ့မှာပဲ သူနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။
ဘာတူမီမြို့ကို မသွားခင်မှာ စိတ်ဝင်စားသူတွေရဲ့ လိပ်စာစာရင်းကို ရခဲ့တယ်။ မြို့ကို မကျွမ်းလို့ လမ်းမှာ လူတွေကို မေးရတယ်။ သိပ်မကြာသေးခင်က
မှ လမ်းနာမည်တွေ ပြောင်းလိုက်လို့ အတော်များများက ကျွန်တော်တို့ မေးတဲ့လမ်းတွေကို မသိကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဟောတဲ့သတင်းကို စိတ်ဝင်စားကြတယ်။ သိပ်မကြာခင်မှာပဲ တစ်အုပ်စုမှာ ၁၀ ယောက်ကနေ ၁၅ ယောက်အထိရှိတဲ့ အုပ်စုတွေကို ကျမ်းစာသင်ပေးခဲ့ကြတယ်။ကျွန်တော်တို့ ရောက်ပြီး လေးလလောက်အကြာမှာပဲ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်သူ ၄၀ ကျော် ရှိလာတယ်။ “ဒီလူသစ်တွေကို ဘယ်သူ ကူညီပေးမလဲ” လို့ အချင်းချင်း မေးခဲ့တယ်။ အဲဒီနောက် အဘခါဇီယာဒေသမှာ ဂျော်ဂျီယာစစ်တပ်နဲ့ ခွဲထွက်ရေးဝါဒီတွေ တိုက်ခိုက်ကြလို့ ကျွန်တော်တို့ရဲ့ အရင်အသင်းတော်တစ်ခုလုံး ဘာတူမီကို ပြောင်းရွှေ့ခဲ့ရတယ်။ တစ်ရက်တည်းမှာပဲ အကြီးအကဲတွေ၊ အတွေ့အကြုံရှိတဲ့ ရှေ့ဆောင်တွေနဲ့ အသင်းတော်သစ်ကို ဖွဲ့စည်းလိုက်ကြတယ်။