အခန်း ၅
ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ
၁။ ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့သလဲ။
လူတွေ နေထိုင်ဖို့ ဒီကမ္ဘာကို ဘုရားသခင် ဖန်ဆင်းခဲ့တာပါ။ ပထမလူသားမောင်နှံ အာဒံနဲ့ ဧဝကို ကောင်းကင်မှာ နေထိုင်ဖို့ ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။ ကောင်းကင်မှာ ကောင်းကင်တမန်တွေကို ဘုရားသခင် ဖန်ဆင်းထားပြီးသား ဖြစ်တယ်။ (ယောဘ ၃၈:၄၊ ၇) ဒါကြောင့် ဘုရားသခင်က ပထမလူယောက်ျားကို သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ နေရာချပေးတယ်။ (ကမ္ဘာဦး ၂:၁၅-၁၇) အာဒံနဲ့ သားစဉ်မြေးဆက်တွေကို ဒီမြေကြီးပေါ်မှာ အဆုံးမဲ့အသက်တာနဲ့ အသက်ရှင် ပျော်မွေ့နိုင်ခွင့် ဘုရားသခင် ပေးခဲ့တယ်။—ဆာလံ ၃၇:၂၉။ ၁၁၅:၁၆ ကိုဖတ်ပါ။
အစတုန်းကတော့ ဧဒင်ဥယျာဉ်တစ်ခုပဲ သာယာလှပခဲ့ပါတယ်။ ပထမလူသားမောင်နှံက သားသမီးတွေနဲ့ ဒီမြေကြီးကို ပြည့်စေရမှာ ဖြစ်တယ်။ နောက်ဆုံးမှာ၊ သူတို့ဟာ ကမ္ဘာကြီးတစ်ခုလုံးကို ကောင်းကောင်းနိုင်နင်းပြီး သာယာလှပတဲ့နေရာဖြစ်အောင် တိုးချဲ့ပြုလုပ်ရမှာဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၈) ကမ္ဘာကြီးက ဘယ်တော့မှ ဖျက်ဆီးခံရမှာ မဟုတ်ဘဲ လူတွေရဲ့ နေအိမ် ထာဝစဉ်ဖြစ်သွားမှာပါ။—ဆာလံ ၁၀၄:၅ ကိုဖတ်ပါ။
ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့သလဲ ဗီဒီယိုကိုကြည့်ပါ။
၂။ အခုချိန်မှာ ကမ္ဘာကြီးက ပရဒိသုဥယျာဉ် ဘာကြောင့် မဖြစ်သလဲ။
အာဒံနဲ့ ဧဝတို့ ဘုရားသခင်ကို မနာခံတဲ့အတွက် ပရဒိသုဥယျာဉ်ကြီးကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ပရဒိသုဥယျာဉ် ပျောက်ဆုံးသွားခဲ့ရတယ်။ နဂိုအတိုင်း ပြန်ဖြစ်အောင် ဘယ်လူသားမှ လုပ်ပေးနိုင်စွမ်း မရှိပါဘူး။ အဲဒီအချိန်ကစပြီး မြေကြီးပေါ်မှာ လူဆိုးတွေ တဖြည်းဖြည်း တိုးများလာတယ်။—ကမ္ဘာဦး ၃:၂၃၊ ၂၄ ကိုဖတ်ပါ။
ယေဟောဝါဘုရားက လူတွေအတွက် မူလရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ပြီလား။ မစွန့်လွှတ်ပါဘူး။ ဘုရားသခင်ဟာ အတိုင်းအဆမဲ့ တန်ခိုးရှင်ဖြစ်တဲ့အတွက် မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ (ဟေရှာယ ၄၅:၁၈) ဘုရားရဲ့ မူလရည်ရွယ်ချက်အတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။—ဆာလံ ၃၇:၁၁၊ ၃၄ ကိုဖတ်ပါ။
၃။ ပရဒိသုဥယျာဉ် ဘယ်လို ပြန်ဖြစ်လာမလဲ။
ကမ္ဘာကြီးက ဘုရားသခင့် ခန့်အပ်ခံဘုရင်ဖြစ်တဲ့ ယေရှုရဲ့အုပ်ချုပ်ချိန်အတွင်းမှာ ပြောင်းလဲသွားပါလိမ့်မယ်။ အာမဂေဒုန်လို့ခေါ်တဲ့ စစ်ပွဲမှာ ယေရှုက ကောင်းကင်တမန်တွေကို ဦးဆောင်ပြီး ဘုရားသခင့်ရန်သူအားလုံးကို ဖျက်ဆီးပစ်မှာဖြစ်တယ်။ အဲဒီနောက် ဗျာဒိတ် ၂၀:၁-၃။ ၂၁:၃၊ ၄ ကိုဖတ်ပါ။
စာတန်ကို အနှစ် ၁,၀၀၀ ချုပ်နှောင်ထားပါလိမ့်မယ်။ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေဟာ ယေရှုရဲ့ ဦးဆောင်မှုနဲ့ ကာကွယ်မှုကြောင့် ဖျက်ဆီးခြင်းဘေးကနေ ကပ်ကျော်လွတ်မြောက်ပြီး ဒီကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်သွားကြပါလိမ့်မယ်။—၄။ ဆင်းရဲဒုက္ခတွေ ဘယ်တော့ ပျောက်ကွယ်သွားမလဲ။
ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘယ်တော့ ဖယ်ရှားပစ်မှာလဲ။ အဆုံးရောက်လာတော့မယ့်အချိန်ကို ဖော်ပြတဲ့ “နိမိတ်” ကို ယေရှု ပေးခဲ့ပါတယ်။ ကမ္ဘာ့အခြေအနေတွေ ဒီအတိုင်းသာ ဆက်ရှိသွားမယ်ဆိုရင် လူသားမျိုးနွယ် ပျောက်ကွယ်သွားနိုင်စရာရှိတယ်။ ဒီအခြေအနေတွေက ကျွန်တော်တို့ဟာ “လောကစနစ် နိဂုံးပိုင်း” မှာ အသက်ရှင်နေကြရမှန်း ဖော်ပြတယ်။—မဿဲ ၂၄:၃၊ ၇-၁၄၊ ၂၁၊ ၂၂ ကိုဖတ်ပါ။
ယေရှုဟာ ကောင်းကင်ပေါ်ကနေ မြေကြီးကိုအုပ်ချုပ်မယ့် အနှစ် ၁,၀၀၀ အတွင်း ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပစ်ပါလိမ့်မယ်။ (ဟေရှာယ ၉:၆၊ ၇။ ၁၁:၉) ဘုရင်အနေနဲ့ရော ပုရောဟိတ်မင်းကြီးအနေနဲ့ပါ ဘုရားသခင်ကို ချစ်မြတ်နိုးသူတွေရဲ့ အပြစ်ကို ဖယ်ရှားပေးပါမယ်။ ဒီလိုနဲ့ ဘုရားသခင်ဟာ ယေရှုအားဖြင့် ဖျားနာမှု၊ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းတို့ကို ဖယ်ရှားပစ်မှာဖြစ်တယ်။—ဟေရှာယ ၂၅:၈။ ၃၃:၂၄ ကိုဖတ်ပါ။
၅။ ပရဒိသုမြေကြီးပေါ်မှာ ဘယ်သူတွေ နေထိုင်ကြမလဲ။
ဘုရားသခင့်စကားကို နားထောင်တဲ့သူတွေ နေထိုင်ကြမှာ ဖြစ်ပါတယ်။ (၁ ယောဟန် ၂:၁၇) စိတ်နှိမ့်ချတဲ့သူတွေကို ရှာဖွေပြီး ဘုရားသခင် လက်ခံတဲ့သူ ဖြစ်လာအောင် သွန်သင်ပေးဖို့ နောက်လိုက်တွေကို ယေရှု စေလွှတ်ခဲ့တယ်။ ဒီနေ့ သန်းနဲ့ချီတဲ့လူတွေ အနာဂတ်ကမ္ဘာသစ်မှာ နေထိုင်နိုင်ဖို့ ဘုရားသခင် ပြင်ဆင်ပေးနေပါတယ်။ (ဇေဖနိ ၂:၃) လင်ယောက်ျားနဲ့ ဖခင်ကောင်းတွေ ဖြစ်လာနိုင်ပုံ၊ ဇနီးသည်နဲ့ မိခင်ကောင်းတွေ ဖြစ်လာနိုင်ပုံကို ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမ တွေမှာ လူတွေ သင်ယူနေကြတယ်။ သားသမီးနဲ့ မိဘတွေ အတူတကွ ဝတ်ပြုပြီး ကျမ်းစာအသိပညာကနေ အကျိုးရရှိနိုင်ပုံကို သင်ယူနေကြပါတယ်။—မိက္ခာ ၄:၁-၄ ကိုဖတ်ပါ။