သင်ခန်းစာ ၅
တိတိကျကျဖတ်ရှုခြင်း
လုပ်ဆောင်နိုင်ပုံ–
-
သေသေချာချာ ပြင်ဆင်ပါ။ ဒီစာပိုဒ်ကို ဘာကြောင့် ရေးထားသလဲဆိုတာ စဉ်းစားပါ။ စကားလုံးတစ်လုံးချင်းစီ မဟုတ်ဘဲ စကားစုအလိုက် ဖတ်ဖို့ လေ့ကျင့်ပါ။ စကားလုံး ထပ်ထည့်တာ၊ ကျော်ဖတ်တာ၊ စကားလုံး အစားထိုးဖတ်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။ အဖြတ်အရပ် သင်္ကေတအားလုံးကို သေသေချာချာကြည့်ပါ။
-
စကားလုံးတိုင်းကို အသံထွက်မှန်အောင် ဖတ်ပါ။ စကားလုံးတစ်လုံးကို ဘယ်လို အသံထွက်ရမှန်း မသိရင် အဘိဓာန်ဖွင့်ကြည့်ပါ။ အသံသွင်းထားတာတွေကို နားထောင်ပါ။ စာဖတ်တော်သူတစ်ယောက်ကို အကူအညီ တောင်းပါ။
-
ရှင်းရှင်းလင်းလင်း ပြောပါ။ ခေါင်းကိုမော့၊ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး ပီပီသသ အသံထွက် ဖတ်ပါ။ စကားလုံးတစ်လုံးစီကို ပီပီသသ အသံထွက်ဖို့ ကြိုးစားပါ။